ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

12/01/2018 14:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
(၈.၁.၂၀၁၈ မွ ၁၂.၁.၂၀၁၈)ထိ
ဒီတစ်ပတ်မှာတော့ မတ်ပဲနဲ့ ပဲစင်းငုံနီတို့က ရန်ကုန်ရော နယ်တို့မှာပါ ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်က ဈေးတက်ခဲ့တဲ့ ကြက်သွန်နီကတော့ ဈေးပြန်တကျဆင်းသွားခဲ့ပါတယ်။
မတ္ပဲ (FAQ/RC)
တောင်သူတွေရဲ့ ဈေးကွက်မျှော်လင့်ချက်ကို ၂၀၁၈ခုနှစ် ပထမအပတ်မှာတင် ရိုက်ချိုးခံရတာကတော့ မတ်ပဲဖြစ်ပါတယ်။ ၂၀၁၇ ဒိဇင်ဘာလမှာ ဈေးတက်လာခဲ့အတွက် ယခင်ဈေးမျိုးကို ပြန်ရဖို့ မျှော်လင့်ခဲ့တာလည်း ဖြစ်ပါတယ်။ 
ပြည်တွင်း ဝယ်လက်အနည်းငယ် များလာသလို အိန္ဒိယနိုင်ငံမှာလည်း အဝယ်လိုက်လာတဲ့အတွက် မတ်ပဲဈေးက တက်လာတာဖြစ်ပေမယ့် လက်ရှိမှာ  ပဲအသစ်တွေက အများအပြား ဝင်လာတာဖြစ်လို့ ဈေးက ပြန်ကျဆင်းသွားတာလည်းဖြစ်ပါတယ်။လက်ရှိမှာ အိန္ဒိယနိုင်ငံမှာလည်း ပဲအသစ်တွေ ဆက်တိုက်ဝင်နေပြီး ပြည်တွင်းဖူလုံမှုရှိနေတဲ့အတွက် မတ်ပဲဈေးကွက်က ထပ်ကျနိုင်ဖွယ်ထက် ဈေးကတည်ငြိမ်နိုင်တယ်လို့ Agriwatch က သုံးသပ်ထားပါတယ်။
ရန်ကုန် ကုန်စည်ဒိုင်မှာ  တစ်တန်ကို လက်ရှိပေါက်ဈေးက ၅၆၀၀၀၀ ရှိပြီး တစ်ပတ်အတွင်း ၅၀၀၀၀ နီးပါးဈေးကျဆင်းသွားပါတယ်။ မုံရွာကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၁၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ် ဈေးကျဆင်းသွားပါတယ်။ နေပြည်တော်ကုန်စည်ဒိုင်မှာလည်း ၃ တင်းဝင် တစ်အိတ်ကို ၅၈၀၀၀ ပေါက်ဈေးရှိပြီး ၄၀၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀ လောက် ဈေးကျဆင်းသွားပါတယ်.။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း မတ်ပဲလို တောင်သူတွေကို မျှော်လင့်ချက်ပေးပြီး ထင်သလောက် မဖြစ်လာခဲ့ပါဘူး။ ကြားထဲမှာ အချိန်အခါမဟုတ် မိုးသန်းထန်စွာ ရွာလိုက်တာကလည်း ပဲဈေးကွက်မှာ ဈေးငြိမ်ဈေးအေးသွားတာလည်း နောက်ဆက်တွဲဖြစ်သွားခဲ့ပါတယ်။ 
အိန္ဒိယနိုင်ငံမှာလည်း ဈေးကွက်အတွင်း ပဲစင်းငုံအသစ်တွေ ဝင်ရောက်လာတော့မှာဖြစ်တဲ့အတွက် ဈေးကျနိုင်ခြေကများနေပါတယ်။ ဒါပေမယ့် ပဲစင်းငုံထုတ်လုပ်မှုက တန်ချိန် ၉ သိန်းလောက်လျော့ ကျနိုင်တဲ့အတွက် ထပ်မတက်တောင် တည်ငြိမ်မယ့် သဘောမှာရှိနေပါတယ်။
လက်ရှိမှာလည်း မတ်ပဲက အတက်အကျ ပြောင်းနေသလောက် ပဲစင်းငုံကတော့ ဈေးငြိမ်နေတာ ၃ ရက် နီးပါး ရှိပါတယ်။ ရန်ကုန်ကုန်စည်ဒိုင်မှာ တစ်ပတ်အတွင်း တစ်တန်ကို ၃၀၀၀၀ လောက်ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပြည်ကုန်စညဒိုင်မှာလည်း ပဲစင်းငုံနီက တစ်တင်းကို ၁၃၀၀၀ နဲ့နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေပါတယ်။ မြင်းခြံနဲ့ ပခုက္ကူမှာတော့ တစ်တင်းကို ၁၀၀၀ လောက်ဈေးကျဆင်းသွားပြီး တစ်တင်းကို ၁၂၀၀၀ ကနေ ၁၃၀၀၀ ကြား ပေါက်ဈေးရှိပါတယ်။ ထူးထူးခြားခြား မုံရွာကုန်စည်ဒိုင်မှာ ပဲစင်းငုံက တစ်တင်းကို ၁၀၀၀ ကျော်ဈေးတက်လာပြီး လက်ရှိပေါက်ဈေး ၁၂၈၀၀ ရှိနေပါတယ်။
ၾကက္သြန္နီ
ပြီးခဲ့တဲ့အပတ်က မန္တလေး၊စစ်ကိုင်း နဲ့ မကွေးတို့ မြို့နယ်တို့မှာ မိုးသည်ထန်စွာ ရွာတဲ့အတွက် ကြက်သွန်နီခင်းတွေ နစ်မြှပ်ခဲ့ပြီး ဈေးက ထင်မထားလောက်အောင် မြင့်တက်သွားခဲ့ပါတယ်။ ပျက်စီးမှုတွေရှိတဲ့အတွက် ကြက်သွန်နီဈေးတွေက ထပ်ပြီး တက်နိုင်တယ်လို့ ကုန်သည်တွေက ထင်မြင်ချက်တွေပေးခဲ့ပေမယ့် ကုန်သည်ကြီးတွေက အချိန်မှီ ထိန်းနိုင်လိုက်တယ်လို့ ဆိုရပါမယ်။
ပခုက္ကူ၊မြင်းခြံ တို့ အပြင် ဆင်ဖြူကျွန်း တောင်တွင်းတို့က ကြက်သွန်တွေကလည်း ဈေးအတက် အချိန်မှီ ထွက်လာတဲ့အတွက် ဈေးက ဆက်ပြီးတက်မသွားပဲ တစ်ဖြေးဖြေး ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ မြင်းခြံ၊ပခုက္ကူ၊နေပြည်တော် နဲ့ ပြည်ကုန်စည်ဒိုင်တို့မှာလည်း ကြက်သွန်နီက တစ်ပိဿာကို အမြင့်ဆုံးဈေး ၂၆၀၀ ကနေ အနိမ့်ဆုံးဈေး ၁၅၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ လောက်ထိ ဈေးက ကျဆင်းသွားခဲ့ပါတယ်။
နှမ်းညို ဈေးတက်
နှမ်းညိုကတော့ ဈေးကျနေရာမှ ပြန်ပြီ တက်လာပါတယ်။ တစ်ပတ်အတွင်းမှာတော့ ဈေးအတက်အကျက မတည်ငြိမ်ပါဘူး။ မန္တလေးကုန်စည်ဒိုင်မှာတာ့ တစ်အိတ်ကို ၃၀၀၀ အထိ ဈေးမြင့်တက်လာပြီး တစ်အိတ်ကို ၁၀၅၀၀၀ ကနေ ၁၀၈၀၀၀ ပေါက်ဈေးရှိနေပါတယ်။ မုံရွာမှာတော့ တစ်အိတ်ကို ၁၅၀၀ လောက်မြင့်တက်လာပြီး တစ်အိတ်ကို ၉၉၀၀၀ ပေါက်ဈေးရှိပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၁၀၀၀ ကျော်လောက်သာ ဈေးတက်ပြီး တစ်အိတ်ကို ၉၄၅၀၀ ရှိနေပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်အိတ်ကို ၄၅၀၀ လောက်ဈေးက ကျဆင်းသွားပြီး လက်ရှိပေါက်ဈေးက ၉၄၅၀၀ ရှိပါတယ်။
 
ဝတ်ရည်မွန်(AMIA)

Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်