အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
သင်္ကြန်အပြီး မတ်ပဲဈေးများကျ

သင်္ကြန်အပြီး မတ်ပဲဈေးများကျ

AMIA
AMIA 22/04/2024

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်မှာ မတ်ပဲ (အက်ဖ်အေကျူ၊ အာစီ) နဲ့ (အက်စ်ကျူ၊ အာစီ) တို့ဟာ ဧပြီလ ၁၂ နဲ့ ယှဉ်ရင် ဒီတစ်ပတ် ၂၂ ရက်မှာ ဈေးတွေအသီးသီးကျလာခဲ့ပါတယ်။ နှိုင်းယှဉ်ကြည့်ရာမှာတော့ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) က ၇၅၀၀၀၀ ကျပ်နဲ့ မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၂) ၆၀၀၀၀ ကျပ်ဝန်းကျင်ထိ ကျဆင်းသွားခဲ့တာပဲ ဖြစ်ပါတယ်။ တခြားပဲဈေးနှုန်းတွေလည်း အနည်းငယ်ကျသွားတာကို AMIA ဈေးကွက် ဖော်ပြချက်အရတွေ့ရပါတယ်။ 

ယနေ့ သင်္ကြန်ရုံးပိတ်ရက်အပြီး မတ်ပဲ၊ ပဲစင်းငုံ၊ ကုလားပဲ ဈေးနှုန်းများကတော့...

  • မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂)၃၂၀၀၀၀၀ ကျပ်
  • မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၂)၃၄၉၀၀၀၀ ကျပ်
  • ပဲစင်းငုံနီ(အာစီ) (၂၀၂၃)၄၁၅၀၀၀၀ ကျပ်
  • ကုလားပဲဖြူလုံး)  ၄၀၈၀ မှ ၄၂၅၀ ကျပ်
  • ကုလားပဲဖြူလုံးကြီး) ၄၃၃၀ မှ ၅၅၀၀ ကျပ်
  • စားတော်ပဲလုံး ၅၃၃၀ မှ ၅၅၀၀ ကျပ်
  • စွန်တာနီ၊ ပြာ ၃၁၃၀ မှ ၃၂၂၀ ကျပ်
  • ထောပတ်ပဲ ၅၂၁၅ ကျပ်
  • ပဲကြီး(ရွှေကျွန်း) ၅၃၀၅ မှ ၅၆၆၅ ကျပ်
  • ပဲကြီး(ကုန်း) ၄၈၆၅ မှ ၅၀၄၅ ကျပ်
  • ပဲတီစိမ်း(ခရမ်းရွှေ၀ါ) ၃၈၃၀ ကျပ်
  • ပဲတီစိမ်း(ပဲခူးရွှေ၀ါ) ၃၆၆၅ ကျပ်
  • ပဲတီစိမ်း(၀ါးခယ်မ) ၃၀၀၀ မှ ၃၆၇၀ ကျပ်
  • ​ပြောင်းဆံ ၁၀၄၀ မှ ၁၀၆၀ ကျပ်
  • ပဲလွန်းဖြူ (ပဲခူး) ၃၄၅၀ မှ ၃၅၈၅ ကျပ်
  • ပဲလွန်းဖြူ(မြစ်၀ကျွန်းပေါ်) ၃၂၀၀ မှ ၃၃၃၅ ကျပ်
  • ပဲလွန်းနီ(မြစ်၀ကျွန်းပေါ်) ၃၁၆၅ မှ ၃၄၂၀ ကျပ်
  • ဘိုကိတ်ပဲ ၃၄၁၅ မှ ၃၅၀၀ ကျပ်
  • ကုလားပဲခြမ်း ၅၈၀၀ မှ ၆၁၀၀ ကျပ်
  • ပဲပုပ် (မြစ်၀ကျွန်းပေါ်) ၃၁၁၅ မှ ၃၂၀၀ ကျပ်
  • ပဲပုပ် (မြစ်၀ကျွန်းပေါ်)(အထွက်တိုး) ၃၀၅၀ မှ ၃၀၈၅ ကျပ်

(လယ်ယာစိုက်ပျိုးရေးနှင့်ဈေးကွက်သတင်းအချက်အလက်အဖွဲ့ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံဖော်ပြခြင်း ဖြစ်ပါသည်။)

(အခြားကုန်စည်နှင့်သီးနှံဈေးနှုန်းများ သိရှိလိုပါက Green Way App ရှိ ' သီးနှံဈေးနှုန်းများ ' ကဏ္ဍတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 

You

ဆက်စပ်မေးခွန်းများ

အဲ့ရာဘာဖစ်တာလည်း

Ah Sai Shesoi • ဖြေကြားချက် 0 ခု

ဆရာ၊ဆရာမတိုခင်ဗျား ကောက်ရိုးမှိုပျိုးနည်း အသေးစိတ်သိချင်ပါတယ်ခင်ဗျာ။နေပြည်တော်ကပါ မှိုမျိုးစေ့ဘယ်မှာဝယ်လို့ရလဲခင် ချင်ဗျ။ဘယ်ရာသီဖြစ်ဖြစ် မှိုပျိုးလိုရ/မရသိချင်ပါတယ်ခင်ဗျ။မှိုပျိုးချင်သူအား လုပ်ဆောင်နိုင်အောင် အသေးစိတ် ပြောကြားပေးစေချင်ပါတယ်။

ဦးမောင်ကို • ဖြေကြားချက် 1 ခု

စိုက်ပျိုးရေးနဲ့မသက်ဆိုင်ပေမဲ့ ဗဟုသုတအနေနဲ့မေးချင်ပါတယ် ဒီနှစ်ဟာဝါထပ်တာလူတိုင်းသိပြီးဖြစ်ပါတယ် ဒီနေ့ စက်တင်ဘာ10ရက်နေ့ဟာ မြန်မာလ ဝါခေါင်လဆုတ်13ရက်ဖြစ်ပါတယ် အရင်နှစ်(2025)ဟာ ဝါမထပ်သောကြောင့် စက်တင်ဘာ 10ရက်(ဒီကနေ့) ဟာ တော်သလင်းလဆုတ်4ရက်ဖြစ်နေပါတယ် ထိုအရာမှာ ဒီနှစ်တော်သလင်းလဟာ အရင်နှစ် တော်သလင်းလထက် နောက်ကျ ကျန်နေပါတယ် ထို့ကြောင့် ဒီလကို တော်သလင်းလလို့ သတ်မှတ်လို့ရပါသလား ဘယ်လိုတေအမှန်ယူရမလဲ ရှင်းပြပေးပါဦးဆရာခင်ဗျ

ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု

ရွှေပန်းပင်ကိုတူးပြီး စိုက်ခင်းထဲမရောက်ခင် အပင်အရိပ်အောက်မှာတစ်လလောက်ထားလို့ရပါသလားခင်ဗျာ ပြီးလျှင်စိုက်ဘောင်ထဲကိုဘာတွေထည့်ထားသင့်သလဲသိပါရစေ

ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု

ဆားခါးက သီးနှံတွေအတွက် ဘယ်လိုအကျိုးကျေးဇူးရှိတယ်ဆိုတာ ဗဟုသုတအနေနဲ့သိထားချင်ပါသဖြင့် ဆရာတို့ကျေးဇူးပြု၍ ဖြေကြားပေခဲ့ပါအုံးခဗျာ။

ကိုငြိမ်းဦး • ဖြေကြားချက် 1 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။