ပဲမျိုးစုံ ဈေး ဆက်တိုက်တက်နေပေမယ့် စားတော်ပဲဈေးတော့အနည်းငယ် ပြန်ကျ

23/08/2024 18:59 PM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

မတ်ပဲက ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် လက်ရှိအချိန်ထိ အတက်ဈေးနဲ့ ရှိနေတာ ဖြစ်ပေမယ့် FOB ပေါက်ဈေးကတော့ ဆက်တိုက်ကို ဈေးကျဆင်းနေပါတယ်။ ငွေကြေးလဲလှယ်ဈေးနှုန်းကြောင့်သာ အမြင့်ဈေးနဲ့ရှိနေတာ ဖြစ်တဲ့အတွက် လက်ရှိအခြေအနေကတော့ ပဲ ဈေးတက်တယ်လို့ ဆိုလို့ မရပါဘူး။ အရောင်းအဝယ်ကတော့ လက်ရှိငွေကြေးဈေး အခြေအနေပေါ်မူတည်ပြီး စောင့်ကြည့်နေပေမယ့် ဈေးကွက်ထဲဝင်တဲ့ ပဲအသစ်တွေကတော့ အရောင်းအဝယ်ရှိတယ်လို့ ကုန်သည်အချို့က ဆိုပါတယ်။

အိန္ဒိယနိုင်ငံတွင်းမှာတော့ မုတ်သုံမိုးအားကောင်းလာတာနဲ့အတူ မတ်ပဲ စိုက်ပျိုးမှုကလည်း တိုးနေပေမယ့် ပြီးခဲ့တဲ့နှစ်နဲ့ ယှဉ်ရင် လျော့ကျနေဆဲ အခြေအနေလို့ အိန္ဒိယသတင်းတွေရဲ့ ဖော်ပြချက်အရ သိရပါတယ်။ ဒါပေမယ့် လက်ရှိပြည်တွင်း ငွေကြေးဈေးကွက် မငြိမ်တာနဲ့ အိန္ဒိယနိုင်ငံတွင်း ပဲအသစ်တွေ အဝင်ရှိနေတာတွေကြောင့် အိန္ဒိယနိုင်ငံတွင်းမှာလည်း ပဲဈေးတွေက ဆက်တိုက်ကျဆင်းနေခဲ့ပါတယ်။

အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်မှာ မြန်မာ မတ်ပဲ FAQ က  တစ်တန်ကို ရူပီး ၈၁၅၀ ရှိပြီး ပြီးခဲ့တဲ့ အပတ်ယှဉ်ရင် တစ်တန်ကို ၃၅၀ ရူပီး ‌ဈေးကျဆင်းပါတယ်။ မတ်ပဲ FOB ဈေးနှုန်းကတော့   တစ်တန်ကို ၈၆၀ မှ ၈၇၀ ဒေါ်လာ ပေါက်ဈေးရှိပြီး ၃၅ ဒေါ်လာ ဈေးကျဆင်းပါတယ်။

ပြီးခဲ့တဲ့ အပတ်က သောကြာနေ့က ရန်ကုန်ဈေးကွက်မှာတော့  မတ်ပဲ (FAQ/RC)က တစ်တန်ကို ၃၆၉၂၀၀၀ ရှိ ခဲ့ပါတယ်။ တနင်္လာနေ့ မှာတစ်တန်ကို ၃၇၆၃၀၀၀၊ အင်္ဂါနေ့မှာ တစ်တန်ကို ၃၇၅၅၀၀၀ကျပ် ၊ ဗုဒ္ဓဟူးနေ့မှာ တစ်တန်ကို ၃၇၁၁၀၀၀၊ ကြာသပတေးနေမှာ တစ်တန်ကို ၃၇၃၀၀၀၀၊ သောကြာနေ့မှာ ၃၇၅၈၀၀၀ ပေါက်ဈေးရှိနေပြီး  ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၆၆၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ ဒီတစ်ပတ်အတွင်းမှာတော့ ငွေကြေးဈေး အခြေအနေပေါ်မူတည်ပြီး အတက်အကျတွေက တည်ငြိမ်မှု မရှိပါဘူး။

(SQ/RC) ကတော့ တစ်တန်ကို  ၄၁၄၈၀၀၀  ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ သောကြာနေ့နဲ့ ယှဉ်ရင် တစ်တန်ကို ၇၆၀၀၀ ကျပ်ဈေးမြင့်ပါတယ်။ မတ်ပဲ Raw ကတော့ တစ်ပိဿာကို ၆၂၅၀  မှ ၆၂၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ကျပ်ဈေးမြင့်တက်လာပါတယ်။

လက်ရှိ ပြည်တွင်း ငွေလဲလှယ်နှုန်းဈေးက ပြင်ပပေါက်ဈေးက ငွေကျပ် ၇၀၀၀ အောက်ရောက်ရှိနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဗဟိုဘဏ်က ဒေါ်လာ ၉၉ သန်းကျော် ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကလည်း ဈေးမြင့်တက်လာပါတယ်။ ဈေးကွက်အတွင်း အသစ်တွေ အဝင်ရှိနေပြီး အရောင်း အဝယ်ကတော့ ပုံမှန်ရှိတယ်လို့ သိရပါတယ်။ ငွေကြေးဈေး တည်ငြိမ်မှု မရှိတာကြောင့် ဈေးကတော့ အတက်အကျ ရှိပေမယ့် နယ်ဈေးကွက်တွေ မှာတော့ ပဲတီစိမ်း ဈေးက ငြိမ်တဲ့ အခြေအနေလို့ သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မ၊ ပခုက္ကူတို့က တစ်ပိဿာ ကို ၃၂၅၀ ကနေ ၅၅၈၅  ကြားပေါက်ဈေးရှိနေပြီး  တစ်ပိဿာကို ၅၈၅ ကျပ်  ဈေးမြင့် တက်လာပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၂၃၀၀၀၀ မှ ၂၆၅၀၀၀ ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်အိတ်ကို ၁၅၀၀၀ ကျပ်ဈေး မြင့်တက်လာပါတယ်။ 

စားတော်ပဲ

ပဲမျိုးစုံ ဆက်တိုက်ဈေးမြင့်တက်နေပေမယ့် စားတော်ပဲက ဈေးအနည်းငယ် ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်အတွင်း စံချိန်တင် ဈေးမြင့်တက်နေတာကြောင့် ဝယ်ယူမှုလျော့သွားပြီး အရောင်းအဝယ်လည်း အေးသွားတယ်လို့ သိရပါတယ်။ စားတော်ပဲအစား ကုလားပဲ အစားထိုး အသုံး ပြုတာတွေရှိတယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၅၈၃၀ မှ ၇၃၃၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၂၅၀ ကျပ်ဈေးတက်ပါတယ်။

မန္တလေးဈေးကွက်မှာတော့ စားတော်ပဲတစ်အိတ်ကို ၃၆၀၀၀၀ မှ ၄၈၀၀၀၀ ကြား ရှိပြီးတစ်အိတ်ကို ၂၀၀၀၀ လောက်ဈေးကျဆင်းသွားပါတယ်။

အာလူး

ဆက်တိုက်ဈေးမြင့်တက်နေတဲ့ အာလူးဈေးလည်း အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ ဈေးကွက်ထဲ အဝင် ပုံမှန်ရှိပေမယ့် အဝယ်လျော့သွားတဲ့အတွက် ဈေးပြန်ကျဆင်းသွားတာလို့သိရပါတယ်။ ဈေးကွက်ထဲကို တရုတ်အာလူးတွေအပြင် ရှမ်းအာလူးတွေပါ အဝင်ရှိနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ တရုတ်အာလူးက တစ်ပိဿာကို ၄၇၀၀ မှ ၅၀၀၀ ကြားရှိပြီး တစ်ပိဿာကို ၅၀၀ ကျပ်ဈေးကျဆင်းပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်