စပါးအခြောက်ခံနည်းစနစ်

17/12/2020 15:00 PM တွင် Call center Call center မှ ရေးသား ပြီး စိုက်ပျိုးရေးဉီးစီးဌာန စိုက်ပျိုးရေးဉီးစီးဌာန မှ ပေးပို့ထားပါသည်။

    စပါးအခြောက်ခံနည်းစနစ်နှင့် အခြောက်ခံစက်အကြောင်းသိလိုပါသည်မေးခွန်းနဲ့ အဖြေလေးကို ဖော်ပြပေးလိုက်ရပါတယ်။

စပါးအခြောက်ခံနည်း (၃) မျိုးရှိပါသည်။

(၁) သဘာဝလေဖြင့် အခြောက်ခံခြင်း

(၂) နေလှန်းအခြောက်ခံခြင်း

(၃) စက်ကိရိယာအသုံးပြု၍ အခြောက်ခံခြင်း တို့ဖြစ်ပါသည်။

(၁) သဘာဝလေဖြင့်အခြောက်ခံခြင်းမှာ အဆောက်အဦအတွင်း၌လည်းကောင်း၊ အမိုးအကာအောက်၌ လည်းကောင်း လေသလပ်ခံခြင်း၊ တံခါးဖွင့်ထားခြင်း၊ လေပန်ကာအသုံးပြုခြင်းဖြင့် မျိုးစေ့ကို မြန်မြန်ခြောက်သွေ့စေပါသည်။ ၎င်းနည်းစနစ်သည် နေရာကျယ်ကျယ်လိုအပ်ခြင်း၊ လုပ်အားများများအသုံးပြုရခြင်း၊ မကြာခဏ မျိုးစေ့ကို ထွန်ဂျစ်ဆွဲပေးရခြင်း၊ အချိန်ကာလကြာမြင့်ခြင်း စသည့်ဆိုးကျိုးများရှိပါသည်။

(၂) နေလှန်းအခြောက်ခံခြင်းမှာ အလွယ်ကူဆုံးနှင့် ကုန်ကျစရိတ်သက်သာဆုံးဖြစ်ပါသည်။ မျိုးစေ့အောက်မှ တာပေါ်လင်၊ နိုင်လွန်ပိုက်၊ ပလတ်စတစ်နှင့် ဖျာများခင်း၍ အခြောက်လှန်းကြပါသည်။ ကွန်ကရစ်တလင်းနှင့် ကားလမ်းများပေါ်တွင်လည်း အခြောက်ခံကြပါသည်။ စပါးအထူကို (၅) တင်တီမီတာ (သို့) ၂ လက်မအထူထက် မပိုသင့်ပါ။ မကြာခဏ မွှေပေးရပါမည်။

(၃) စပါးအခြောက်ခံစက်ဖြင့် အခြောက်ခံခြင်းကို Dr.MyoAungKyaw ၀၉-၅၁၀၇၀၅၉၊ ၀၉-၉၆၅၁၀၇၀၅၉ [email protected] ကို ဆက်သွယ်၍သော်လည်းကောင်း Pioneer Agrobiz Co.Ltd. တွင်လည်းကောင်း ဝင်ရောက်ကြည်ရှု့နိုင်ပါသည်ဟု ဖြေကြားပေးခဲ့ပါသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်