ပရိုတင်းဓာတ်ကြွယ်ဝတဲ့ သဘာဝအလျောက်ပေါက် မှိုများ

08/08/2023 13:00 PM တွင် ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) ဒေါ်မြမြ ပါမောက္ခ(ငြိမ်း) မှ ရေးသား

မြေညံ့ကိုပြောင်းပေးပြီး သီးနှံဖြစ်ထွန်းစေမယ့် ဇီဝမြေသြဇာ (သို့) အာဘာစကူလာ မိုက်ကိုရိုက်ဇာမှို အပိုင်း (၆၃)

အင်အော်ဂဲနစ်ဓာတ်မြေသြဇာ သုံးစွဲနှုန်း လျှော့ချပြီး ကုန်ကျစရိတ်သက်သာသည့် ဇီဝနှိုးဆွ တီမြေဆွေး၊ မြေဆွေးများ အစားထိုး (သို့မဟုတ်) ဖြည့်စွက် အသုံးပြုခြင်း (၁၅)

မြန်မာနိုင်ငံနေရာဒေသအနှံအပြားရှိ သစ်တောဝါးတောများတွင် သဘာဝအလျောက်ပေါက်သော မှိုရိုင်း (စားမှို) များသည်လည်း ပရိုတင်းကြွယ်ဝသည်။

ခိုင်မာသော တွေ့ရှိချက် - သစ်တော၊ ဝါးတောများတွင် သဘာဝပေါက်သော မှိုရိုင်း (စားမှို) များသည် အန်တီအောက်ဆီးဒန့်ကြွယ်ဝသော ဖြည်စွက်စာအရင်းအဖြစ်များဖြစ်သည်။ ပတ်ဝန်းကျင်ကို အကျိုးပြုပြီး တစ်ပတ်လည် စီးပွားရေးကွင်းဆက်အတွက်လည်း အရေးပါသည်။

ဘာကြောင့်လဲ

၂၁ ရာစုတွင် တိရစ္ဆာန်မှရသော ပရိုတင်းများအစား ဟင်းသီးဟင်းရွက်ပရိုတင်းများကို အစားထိုးစားသောက်မှု မြင့်လာပြီဖြစ်သည်။ ပရိုတင်း (အမိုင်နိုအက်ဆစ်) ကြွယ်ဝသော စားမှို၊ ဆေးဖက်ဝင်မှိုများကို ဖြည့်စွက်စာအဖြစ် စားသုံးမှုမြင့်လာသည်။ သဘာဝပေါက်သော မှိုရိုင်း (စားမှို) များကို ချက်ပြုတ်ပါက အရသာကောင်းသော ဟင်းခွက်များဖြစ်သည်။ မှိုရိုင်း (စားမှို) များသည် အာဟာရပိုင်းတွင်လည်း  အကျိုးကျေးဇူးရှိသည်။ ၎င်းတို့သည် ပရိုတင်း၊ ဗိုက်တာမင်၊ မင်နရယ်အရင်းအမြစ်ဖြစ်သည်။ လူသားများ၏ ခန္ဓာကိုယ်ရောင်ယမ်းမှုကို လျော့ကျစေပြီး အန်တီအောက်ဆီးဒန့် အရည်အသွေးရှိသည်။ ရေဓာတ်ပါဝင်မှုမြင့်သည်။ မှိုရိုင်း (စားမှို) များ၏ အာဟာရပြည့်ဝပြီး ပရိုတင်း ကြွယ်ဝမှုများကို ကျန်းမာရေး ရှုထောင့်ဖြင့်  လေ့လာထားရန်လိုအပ်သည်။ 

မှိုရိုင်း (စားမှို) များသည်လည်း စားမှိုများကဲ့သို့ ပရိုတင်း ကြွယ်ဝသော အရင်းအမြစ်များဖြစ်သည်။

မြန်မာနိုင်ငံ ရေဆင်းဒေသရှိ သစ်တောဝါးတောများတွင် တွေ့နိုင်သော / စုဆောင်းရရှိခဲ့သော မှိုရိုင်း(စားမှို) မျိုးများကို အဓိကထားဖော်ပြထားသည် (မြင့် နှင့် အဖွဲ့ ၁၉၇၉)

၁။ မှိုခြေတို

၂။ Shaggy ink cap

၃။ ညမှို

၄။ ကြက်သွန်ရိုးတန် ပါရာစိုးမှို

၅။ ဝါးရုံမှို

၆။ အင်ဥ

မှိုစိုက်ပျိုးရေး၏ အကျိုးပြုဇီဝကမ္မဖြစ်စဥ်မှတဆင့် စားသုံးသူ၊ ပတ်ဝန်းကျင်နှင့် စိုက်ပျိုးရေးအတွက် လက်တွေ့အကျိုးပြုမှုနှင့် အသုံးချနိုင်မှု ဆက်စပ်သုံးသပ်ချက်

စာရေးသူနှင့်အဖွဲ့   ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ရေဆင်းနယ်မြေအရှေ့ဖက် ဆင်သော့သစ်တောထဲမှ စုဆောင်းလေ့လာခဲ့ပြီး ခေတ်မီသော သုတေသနတွေ့ရှိချက်များကို ကိုးကားရေးသားသည်။ အချို့သဘာဝ ပေါက်သော မှိုများ၏ မြန်မာအမည် မဖော်ပြနိုင်ပါ။ ဒေသအလိုက်အခေါ်များ ရှိနိုင်ပါသည်။ ကိုးကားစာများရှိ ဖော်ပြထားကြသော စားမှို၊ အဆိပ်ဖြစ်မှိုများ၏ လက္ခဏာများသည် အရေးကြီးသည်။

သဘာဝစုဆောင်းရသော မှိုရိုင်းတစ်မျိုး (ဝါးရုံမှို) သည် စားမှိုအဖြစ် စျေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန် ဝယ်ယူစား သုံးကြသည်။ အာဟာရဓာတ်(မဂ္ဂနီဆီယံ၊ ပိုတက်ဆီယံ) နှင့်ဗိုက်တာမင် (ဘီ ၁ နှင့်  ဘီ ၃) ကြွယ်ဝသည်။

ညမှိုမျိုးသည် မှိုနုစဥ်မှာသာ စားရသည့်စားမှိုများဖြစ်သည်။ အရက်နှင့် တွဲမစားရပါ။ ဒေသအလိုက် ဒေသခံများ ကိုယ်တိုင် စားသုံးသည့် အတွေ့အကြုံရှိသည်။ မှိုနုစဥ် မဟုတ်သော စားသုံးမှု၊ စားသုံးပမာဏများပါက မှိုအဆိပ်အတောက်ဖြစ်မှု ပြင်းထန်သည်။ အသက်အန္တရာယ်ထိခိုက်သည် (Myint et al., 1979)

ကြက်သွန်ရိုးတန်ပါရာစိုးမှိုသည် အဆိပ်ဖြစ်မှိုလက္ခဏာဖြစ်သော ခြေကျင်းကွင်းပါသော်လည်း ကိုးကားစာများတွင် စားမှိုဟု အခိုင်အမာ ဖော်ပြထားသည်။ မှိုရိုင်းများကို စုဆောင်းလေ့လာခဲ့စဥ်ကလည်း ဒေသအလိုက် ဒေသခံများ ကိုယ်တိုင်စားသုံးသည့် အတွေ့အကြုံ များရှိခဲ့သည်။ သို့သော် မှိုရာသီတွင် မှိုကိုဆက်တိုက်စားခြင်း၊ စားသုံးပမာဏ များများစားခြင်းသည် အန္တရာယ်ရှိသည်  (Myint et al., 1979)

မြန်မာနိုင်ငံတွင်စားသုံးသူများသည် ဆားစားသုံးမှုနှင့် အဆီစားလျှော့ချရန်၊ ကျန်းမာရေးရှုထောင့်အရ  အာဟာရပြည့်ဝပြီး လုံခြုံစိတ်ချရသော ကယ်လိုရီနည်းသည့် ဖြည့်စွက်အစားအစာများကို ပိုမိုစိတ်ဝင်စားလာသည်။ စားသုံးမှုမြင့်လာသည်။ ကျန်းမာရေးကို အမှန်တကယ်ညီညွတ်စေသော တန်ဖိုးမြင့်ပရိုတင်းပြည့်ဝအစားအစာများ ပိုမိုထုတ်လုပ်ရန် လိုအပ်လာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် သဘာဝပေါက်သော မှိုများ၏ ကျန်းမာရေးအကျိုးပြု အာဟာရဇောင်းပေး သုတေသနများ ဆောင်ရွက်သင့်သည်။ 

ကိုးကား

Ao T and Deb CR. Nutritional and antioxidant potential of some wild edible mushrooms of Nagaland, India. J Food Sci Technol (February 2019) 56(2):1084–1089. https://doi.org/10.1007/s13197-018-03557-w 

Biawas G. et al., A Comprehensive Review on Food and Medicinal Prospects of Astraeus hygrometricus. Pharmacogn J. 2017; 9(6): 799-806

Das AK. et al., Edible Mushrooms as Functional Ingredients for Development of Healthier and More Sustainable Muscle Foods: A Flexitarian Approach. Molecules. 2021 May; 26(9): 2463. 2021 Apr 23. doi: 10.3390/molecules26092463

Kuml J. et al., Survey of Edible Amanita in Northern Thailand and Their Nutritional Value, Total Phenolic Content, Antioxidant and α-Glucosidase Inhibitory Activities. J Fungi (Basel). 2023 Mar; 9(3): 343. Published online 2023 Mar 10. doi: 10.3390/jof9030343

Mleczek M. et al.,Toxicological risks and nutritional value of wild edible mushroom species -a half-century monitoring study. Chemosphere. Volume 263, January 2021, 128095

M. M. Thaung (2007). A preliminary survey of macromycetes in Burma. Australasian Mycologist 26(1): 16-36. 

 Myint, H, M. Mya and M. Thaung 1979. Collection and identification of edible mushrooms in Yezin Campus. Agricultural Science Research Division Myanmar Research Congress.

Omar AM. et al., Nutritional Composition, Antioxidant Activities, and Antiulcer Potential of Lentinus squarrosulus (Mont.)Mycelia Extract. Hindawi Publishing Corporation Evidence-Based Complementary and Alternative Medicine. Volume 2011, Article ID 539356, 8 pages doi:10.1155/2011/53935

ဒေါ်မြမြ၊ ပါမောက္ခ (ငြိမ်း)၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်