အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အာဟာရမြှင့်တင်ရေးရက်သတ္တပတ် ဂုဏ်ပြုခြင်း

အာဟာရမြှင့်တင်ရေးရက်သတ္တပတ် ဂုဏ်ပြုခြင်း

“မြန်မာပြည်သူများအားလုံး အာဟာရကောင်းမွန်စွာရှိခြင်းသည် အရေးကြီးကြောင်း” လူတိုင်းကို သတိပေးနှိုးဆော်ရန် မြန်မာနိုင်ငံမှ အာဟာရရက်တ္တပတ်များကို နှစ်စဉ် သြဂုတ်လတွင် ဆင်နွှဲလျက်ရှိသည်။

ဤအရေးပါသည့် နှိုးဆော်ပွဲကို အကူအညီဖြစ်စေရန် USAID မှ ပံ့ပိုးသည့် ဝင်ငွေတိုးငါးမွေးမြူရေးစီမံကိန်းနှင့် ၎င်း၏ မိတ်ဖက်အဖွဲ့အစည်းများသည် ပျော်ရွှင်ဖွယ်ရာအပြည့်ဖြင့် လှုပ်ရှားဆောင် ရွက်မှုအသစ်များကို စီမံကိန်းဆောင်ရွက်ရာ နေရာဒေသများတွင် လုပ်ဆောင်ရန် စီစဉ်ရေးဆွဲခဲ့သည်။

ဤလှုပ်ရှားဆောင်ရွက်မှု၏ ရည်ရွယ်ချက်သည် ငါးနှင့်ရေထွက်အစားအစာများ၏အခန်းကဏ္ဍ နှင့် အစားအစာစုံလင်စွာစားသုံးခြင်းမှ အာဟာရကောင်းမွန်စွာရရှိခြင်းသည် အရေးကြီးကြောင်း အဓိကသတင်းစကားများကို ဖြန့်ဝေပေးရန် ဖြစ်သည်။

ရပ်ရွာလူထုရှိ အသက်အရွယ်မရွေး ပါဝင်သူများ စိတ်ပါဝင်စားစေရန် အပြန်အလှန်ဆောင်ရွက်ရသည့်လှုပ်ရှားမှုများ ဖြစ်သည့် လက်တွေ့ချက်ပြုတ်ပြသခြင်း၊ ဂိမ်း နှင့် ဉာဏ်စမ်းမေးခွန်း အစီအစဉ်များတွင် သတင်းစကားများကို ထည့်သွင်းဖော်ပြထားသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

1
Ya Wai Hlaing

Ya Wai Hlaing

လွန်ခဲ့သော ၃ နှစ် က

yes

You
WorldFish

နည်းပညာမိတ်ဖက်အဖွဲ့

WorldFish

WorldFish သည် သုတေသနလုပ်ငန်းအဖွဲ့အစည်းနှင့် သိပ္ပံဌာန (၁၅) ခု ပူးပေါင်းဖွဲ့စည်းထားသော “ နိုင်ငံတကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး သုတေသနာ အတိုင်ပင်ခံ ပညာရှင်အဖွဲ့ - Consultancy Group for international Agricultural Research- CGIAR” တွင် အဖွဲ့ဝင်ဖြစ်ပါ ကြောင်း၊ CGIAR ၏ အဓိကဝန်ဆောင်မှုမှာ ရည်မှန်းချက်မှာ (၁) ကျေးလက်ဆင်းရဲနွမ်းပါးမှုလျော့နည်းရေး၊ (၂) ရိက္ခာဖူလုံမှုတိုးတက်ရေး (၃) ကျမ်းမာရေးနှင့် အာဟာရပြည့်ဝစွာဖြည့်ဆည်းရရှိရေး (၄) သဘာဝသယံဇာတများကို ရေရှည်သုံးစွဲနိုင်ရန် ထိန်းသိမ်းစောင့်ရှောက်ရေး စသည်တို့ ဖြစ်ပါသည်။ WorldFish ၏ သီးသန့်ဝန်ဆောင်မှု ရည်မှန်းချက်မှာ ဆင်းရဲနွမ်းပါးမှုနှင့် ဆာလောင်မွတ်သိပ်မှု လျော့နည်းစေရန် ငါးမွေးမြူခြင်း၊ ငါးလုပ်ငန်းဆောင်ရွက်ခြင်း၊ နည်းလမ်းများဖြင့် ဖော်ဆောင်သွားရန်ဖြစ်သည့်အတွက် ယခုအခါ ငါးမွေးမြူသူတောင်သူများ လေ့လာနိုင်ရန် Green Way - အစိမ်းရောင်လမ်း စိုက်/မွေး ဖုန်းဆော့ဝဲလ် နှင့် ပူးပေါင်းကာ မွေးမြူရေးနည်းပညာများ ဖော်ပြပေးလျက်ရှိသည်။

နည်းပညာမိတ်ဖက်အဖွဲ့ အားလုံး

ဆက်စပ်မေးခွန်းများ

နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး

ကိုနိုင်လင်း • ဖြေကြားချက် 1 ခု

နွားသေးကိုစပါးပဲးကိုဖြန်လို့ရလား

ကိုနိုင်လင်း • ဖြေကြားချက် 3 ခု

ဆရာရေ ခရမ်းချဥ်စျေးကတော့ ဒီနှစ်အတွက်စံချိန်သစ်တင်ပါပြီ တစ်ပိသာ 5000 စျေးထိ ဒီနေ့ တက်လာပါတယ်ခင်ဗျ အပင်ရေ 500 ကို ပင်မှည့်နှစ်ပတ်ခူး 48 ပိဿာ ခူးပြီးပါပြီ အဲ့တူန်းက 3000 စျေးရောင်းရပါတယ် ဒီနေ့မှာတော့ စံချိန်သစ် 5000 စျေး စရောင်းရပါပြီဗျ ကုန်ချိန် တစ်ပင် တစ်ပိဿာ နှုန်းပဲ အနည်းဆုံးထားတွက်ကုန်တော့ ကုန်ချိန် 300 / 400 ကတော့ အခုအသီးပုံနဲ့စာရင် ပြေးမလွတ်ဘူးလို့ ထင်မိပါတယ် သူများတွေလို အပင်ရေများများမဟုတ်ဘဲ ကျွန်တော်တို့ဒေသနဲ့ကိုက်ညီတဲ့ အပင်ရေ 500 ဆိုတာကလဲ မနည်းဘူးလို့ထင်မိပီး ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ ဆရာတို့ရဲ့လမ်းညွှန်ချက်တွေကလဲ အတော်လေးကောင်းမွန်လှပါတယ်ဗျ

U Yan • ဖြေကြားချက် 4 ခု

လောင်မဲနိုင်တဲ့ဆေးလေးသိပါရစေဗျာ

ကိုချမ်း • ဖြေကြားချက် 1 ခု

ပန်းပင်အရွက်များအခြားအပင်နဲ့မတူအရောင်ဖျော့နေတာဘာဖြစ်နေလဲမသိလို့ ဆရာတို့ လမ်းညွှန်ကြပါအုံးဗျို့

Aung Nay Linn • ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။