"တစ်ပိုင်တစ်နိုင်အသေးစားစီးပွားရေးလုပ်ငန်းအစပြုရန်ထောက်ပံ့ကြေးလျောက်လွှာခေါ်ယူခြင်း" (ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းနေထိုင်သူများအတွက်သာ)

04/06/2022 16:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

Organization for Building Better Society (BBS) / လောကသစ်လူမှုဖွံ့ဖြိုးရေးစွမ်းဆောင်သူများအဖွဲ့သည် ရခိုင်ပြည်နယ်တွင် အလုပ်အကိုင်အခွင့်အလမ်းများတိုးမြင့်လာစေရန်ရည်ရွယ်ချက်ဖြင့်၊ အသက်မွေးပညာ တစ်ရပ်ရပ်ကိုကျွမ်းကျင်ပိုင်နိုင်ပြီး၊ ၎င်းပညာဖြင့် တစ်ပိုင်တစ်နိုင်မိသားစုဝင်ငွေရ ကိုယ်ပိုင်လုပ်ငန်းငယ်တစ်ခု လုပ်ဆောင်လိုသူများအတွက်လုပ်ငန်းကနဦးစတင်နိုင်ရန်ထောက်ပံ့ကြေးပေးအပ်မည်ဖြစ်ပါသဖြင့် လျောက်လွှာတင်သွင်းနိုင်ပါရန်အသိပေးဖိတ်ခေါ်အပ်ပါသည်။

 

ပံ့ပိုးထောက်ပံ့ပေးမည့်ငွေကြေးသည် အများဆုံး(၆)သိန်းကျပ်ဖြစ်ပြီး၊တစ်နိုင်တစ်ပိုင်လုပ်ငန်းငယ် တစ်ခုခုကို စတင်နိုင်ရန်အတွက် အားပေးထောက်ပံ့ပေးခြင်းဖြစ်ပြီး၊ လုပ်ငန်းတစ်ခု အစ၊ အလယ်၊ အဆုံး လည်ပတ်ရန် လိုအပ်သောငွေကြေးပမာဏအားလုံးကို ထောက်ပံ့ခြင်းမျိုး မဟုတ်ပါ။

-----------------------------------------------------------------

 

အသေးစိတ်သိရှိရန်အောက်ပါလင့်ခ်ကိုနှိပ်ပါ။

https://tinyurl.com/announcement-grant

 

လျှောက်လွှာရယူရန်အောက်ပါလင့်ခ်ကိုနှိပ်ပါ။

https://tinyurl.com/application-form-grants

----------------------------------------------------------------

လျှောက်လွှာတင်သွင်းရန် -

လျှောက်လွှာကို “လောကသစ်လူမှုဖွံ့ဖြိုးရေးစွမ်းဆောင်သူများအဖွဲ့(BBS) ရုံး၊ အမှတ် ၂၂၉/ခ၊ လမ်းမကြီး၊ ဘီလူးမတံတားအနီး၊ ရူပမြောက်ရပ်ကွက်၊ စစ်တွေမြို့ (သို့မဟုတ်) စစ်တွေမြို့၊ ဝေသာလီတိုက်တန်း၊ အခန်းနံပါတ်(B-1)သို့ ရုံးချိန်အတွင်း လာရောက်ရယူနိုင်/တင်သွင်းနိုင်ပါသည်။

အီးမေးလ်ဖြင့်တင်သွင်းလိုပါက - [email protected] သို့ပေးပို့နိုင်ပါသည်။

လျောက်လွှာပိတ်မည့်ရက်။ ၂၀၂၂ခုနှစ်၊ ဇွန်လ (၁၄ )ရက်နေ့၊ (ညနေ(၃)နာရီနောက်ဆုံး) 

တစ်ပိုင်တစ်နိုင်အသေးစားစီးပွားရေးလုပ်ငန်းထောက်ပံ့ကြေးလျောက်လွှာ ခေါ်ယူခြင်းနှင့်ပတ်သက်၍ မေးမြန်းစုံစမ်းသိရှိလိုပါက ဖုန်း - ၀၉၄၅၇၁၁၇၇၄၄ သို့ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်