နို့စားနွားအတွက် စားကျက်ပင် စိုက်ပျိုးခြင်း

08/06/2018 13:22 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး MDEP MDEP မှ ပေးပို့ထားပါသည်။

နို့စားနွားအတွက် စားကျက်ပင် စိုက်ပျိုးခြင်း

၁- စားကျက် စိုက်ပျိုးရန်မြေပြုပြင်ခြင်း

စားကျက်စိုက်ပျိုးမည့်မြေကို ဦးစွာမြေ၏အရည်အသွေးကို စစ်ဆေး ခြင်းများ ဆောင်ရွက်ရပါမည်။ သို့မှသာ စိုက်ပျိုးမြေနှင့် ကိုက်ညီသော စားကျက်ပင်များကို ရွေးချယ်စိုက်ပျိုးနိုင်ပြီး ကောင်းစွာ ဖြစ်ထွန်းနိုင်မည်။ မြေနမူနာ ယူရာတွင် ထိုမြေကွက်၏ မြေအရည်သွေးကို ကိုယ်စားပြုသော မြေဖြစ်ရမည်။ မြေနမူနာကို (၆) လက္မ အနက်မှယူကာ နှစ်စဉ်တိုင်းတာပြီး အာဟာရလိုအပ်ချက် ကိုသာ မှန်ကန်စွာ ဖြည့်တင်းသွားခြင်းဖြင့် မြေသြဇာ အတွက် ထုတ်လုပ်မှု ကုန်ကျစရိတ်ကို လျော့ချနိုင်မည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ မြေအသုံးချရေးဌာနခွဲတွင် မြေ အရည်သွေး စစ်ဆေးနိုင်ပါသည်။ သို့ပါ၍ အောက်ပါအတိုင်း ဓာတ်ခွဲစမ်း သပ်မှုများ ပြုလုပ်နိုင်ပါသည်။ 

 

စိုက်ပျိုးမြေရှိ ခြုံပင်၊ ဆူးပင်၊ ပေါင်းပင်များကို ရှင်းလင်းရမည်။ လိုအပ်လျှင် မြေမ ပြုပြင်မီ ပေါင်းသတ်ဆေး အသုံးပြုကာ ပေါင်းပင်များကို ရှင်းလင်းရမည်။ မြေသြဇာကောင်းမွန်စေရန် မြေမထွန်ယက်မီ ပဲမျိုးနွယ် ပင်မျိုးစေ့ များကို ကြဲပက်စိုက်ပျိုးထားခြင်းဖြင့် အပင်ပေါက်လာသည့်အခါ မြေပြု ပြင်ရာတွင် ရွက်စိမ်းမြေသြဇာ (green manure) အဖြစ် အသုံးချနိုင်ခြင်း အပြင် ခြံထွက် မြေဩဇာ (နွားချေး) တစ်ဧကလျှင် (၁၀) တန် ကြဲပတ်ခြင်း တို့ကို ဆောင်ရွက်ထားနိုင်သည်။ ထွန်ယက်မှု ကောင်းလျှင် အပင်ပေါက်နှုန်းနှင့် အပင်ရှင်သန်နှုန်း၊ အ ပင်ကြီးထွားနှုန်း ကောင်းမွန်စေသည်ကို သတိပြုရပါမည်။ အဆင့်မြင့်စား ကျက်ခင်းများတွင် စိုက်ပျိုးသော စားကျက်ပင်များကို စနစ်တကျထွန် ယက် စိုက်ပျိုးကြရသည်။

 

၂- စားကျက်မျိုးများရွေးချယ်စိုက်ပျိုးခြင်း

မိုးရွာသွန်းမှုနှင့် ပင်လယ်ရေမြက်နှာပြင် အထက်ရှိ မြေမျက်နှာပြင်အ နိမ့်အမြင့်တို့သည်လည်း စားကျက်ပင်တို့၏ ဓာတုဖွဲ့စည်းမှုနှင့် ဆက်နွယ် နေသဖြင့် သင့်လျော်သော စားကျက်ပင်များကို ရွေးချယ်စိုက်ပျိုးခြင်းဖြင့် စားကျက်ပင်တို့၏ ထုတ်လုပ်မှု စွမ်းအားကို တိုးတက်စေပါသည်။ ထို့ ကြောင့် မိမိဒေသနှင့် ကိုက်ညီဖြစ်ထွန်းနိုင်သော မျိုးစိတ်များကို ရွေးချယ် စိုက်ပျိုးသင့်ပါသည်။ ခြောက်သွေ့သော ရာသီတွင် စားကျက်မြက်များကို စိုက်ပျိုးလျှင် ရေရရှိနိုင်မှုအပေါ်မူတည်၍ စားကျက်ပျိုးခင်းများ ပြုလုပ်ရန် လိုအပ်ပါသည်။  

၃- စားကျက်မြက်များမျိုးပွားစိုက်ပျိုးခြင်း

စားကျက်မြက် အမျိုးအစားများသည် စပ်မျိုးများဖြစ်ခြင်း၊ မျိုးစေ့ကောက်ယူ ရန် ခက်ခဲခြင်း၊ မျိုးစေ့မှ ပျိုးပင်ပေါက်နှုန်း နည်းခြင်းတို့ကြောင့် မျိုးစေ့ကောက်ယူ စိုက်ပျိုးခြင်းထက် အပင်ပွား စိုက်ပျိုးခြင်းသည် ပိုမိုကောင်းမွန်စေပါသည်။ စားကျက် ပဲမျိုးများသည် မျိုးစေ့ ကောက်ရန်လွယ်ကူခြင်း၊ အပင်ပေါက် နှုန်းကောင်းခြင်း တို့ကြောင့် မျိုးစေ့ချစိုက်ပျိုး နိုင်ပါသည်။ သို့ဖြစ်ပါ၍ စားကျက်ပဲမျိုးများ မျိုးစေ့ရင့် မှည့်ချိန်တွင် ဒေသအလိုက် မျိုးစေ့ကောက်ယူကာ စားကျက်စိုက်ပျိုး လိုသူများကို နှစ်စဉ်တိုးချဲ့စိုက်ပျိုးသင့်ပါသည်။ စားကျက်ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် စားကျက် စိုက်ပျိုး၍ မျိုးစေ့ထုတ်လုပ်သော စားကျက်စိုက်ပျိုး တောင်သူ အစုအဖွဲ့များဖွဲ့စည်း၍ ထွက်ရှိလာသော စားကျက် မြက်မျိုး၊ ပဲမျိုးများကို စားကျက်စိုက်ပျိုး လိုသော မွေးမြူ သူတောင်သူများနှင့် ချိတ်ဆက် ဆောင်ရွက် ရမည် ဖြစ်ပါသည်။ သို့မှသာ မျိုးစေ့ထုတ် လုပ်သူနှင့် မျိုးစေ့ဝယ်ယူ စိုက်ပျိုးတောင်သူများ နှစ်ဦးနှစ်ဘက် အကျိုးရှိစေပြီး စားကျက်ဖွံ့ဖြိုးရေးလုပ်ငန်း ရေရှည်တည်တံ့နိုင်မည်ဖြစ်ပါသည်။

၎င်းပြင် စားကျက်ဖွံ့ဖြိုးရေးအတွက် လမ်းဘေးဝဲ/ယာ၊ အများပိုင် မြေများတွင် စားကျက် ပဲမျိုးများ မျိုးစေ့ချစိုက်ပျိုးခြင်း၊ မျိုးစေ့ရင့်မည့်ချိန်တွင် စားကျက်ပင်များ ဖြစ်ထွန်းလျှက်ရှိသော နီးစပ်ရာ ကျေးရွာများမှ မျိုးစေ့ကောက်ယူသည့် အဖွဲ့များနှင့် ချိတ်ဆက်၍ မျိုးစေ့ကောက်ယူ စေခြင်း နှင့်စားကျက်ဖွံ့ဖြိုးရေးအတွက် ကုန်ကျစရိတ် သက်သာစေသောနည်းလမ်း များကိုလည်း အသုံးပြုလုပ် ကိုင်ရမည်ဖြစ်ပါသည်။ စားကျက်ဖွံ့ဖြိုးရေးအတွက် စာသင်ကျောင်းများမှတဆင့် မွေးမြူသူ တောင်သူများ၏ သား/သမီးများနှင့် စားကျက်စိုက်ပျိုးရန် စိတ်ဝင်စားသော ကျောင်း သား/သူများကို စားကျက် ပျိုးပင်များဖြန့်ဝေ စိုက်ပျိုးစေခြင်းနှင့် ကျောင်းဝင်း မြေလွတ်နေရာ များတွင် စားကျက်ပျိုးပင်များ စိုက်ပျိုးစေခြင်းဖြင့် ကျောင်းများနေအရွယ်မှ စ၍ စားကျက် စိုက်ပျိုးခြင်း အသိကို ပေးစွမ်းနိုင်ရန် School Forage Program ကိုလည်း တိုးချဲ့ ဆောင်ရွက်သင့်ပါသည်။ 

၄- စားကျက်မြက်ပျိုးခင်းစိုက်ပျိုးခြင်း

စားကျက်ပျိုးခင်းစိုက်ပျိုးရခြင်း ရည်ရွယ်ချက်မှာ စားကျက်မျိုးစေ့များ ပေါက် နှုန်းကောင်းစေရန်၊ အပင်ရှင်သန်နှုန်းများစေရန်၊ စိုက်ပျိုးရာသီမတိုင်မီ ပျိုးပင်သက် ရရှိစေပြီး စိုက်ပျိုးရာသီတွင် မြေချစိုက်ပျိုးပြီး အချိန်တိုတွင်း ထုတ်လုပ်မှုများစေရန်၊ မိုးရေချိန်နည်းသော ဒေသများတွင် မြေနေရာ အနည်းငယ် အသုံးပြု၍ ပျိုးခင်း ပြုလုပ်ထားပြီး အပင်ရှင်သန်မှုကို ဂရုစိုက် ဆောင်ရွက်နိုင် စေခြင်းဖြင့် မိုးဦးကျကာလ တွင် အသင့်စိုက်ပျိုးရန်အတွက် ဖြစ်ပါသည်။ ပျိုးခင်းပြု လုပ်ရာတွင် စိုက်ပျိုးမည့် မြေဧက၏ (၅) ရာခိုင်နှုန်း ပျိုးခင်းပြုလုပ်ရန် လိုအပ်ပါ သည်။ 

စားကျက်ပျိုးခင်းပြုလုပ်ရာတွင် မြေပြုပြင်ခြင်း၊ ပေါင်းမြက်များ ရှင်းလင်းခြင်း၊ သဘာဝမြေသြဇာများ ထည့်ပေးခြင်း များပြုလုပ်ရန် လိုအပ်ပါသည်။ မြေပြုပြင်ရာတွင် ကောင်းစွာ ထွန်ယက်ရန်လိုအပ်ပါသည်။ သို့မှသာ အပင်ပေါက်နှုန်း ကောင်းမွန်မည် ဖြစ်သည်။ မြေကို ကောင်းစွာ ပြုပြင်ပြီး လုံလောက်သော အစိုဓါတ်ရရှိချိန်တွင် မျိုးစေ့ချ စိုက်ပျိုးပြီး မျိုးစေ့များ နေရောင်ခြည်တိုက်ရိုက် ကျရောက်ခြင်းမှ ကာကွယ် နိုင်ရန် မိမိဒေသနှင့်ကိုက်ညီသော ပြုပြင်မှု များပြုလုပ်ရန် လိုအပ်ပါသည်။ မြေပြုပြင်ရာတွင် စိုက်ပျိုးမည့် မျိုးစေ့ အရွယ်ပမာဏနှင့် ထွန်ယက်ထားသောမြေ အရွယ်ပမာဏ ကွာခြားမှုမရှိပါက ပေါက်နှုန်းကောင်းစေပါသည်။ ဒါ့အပြင် ကောက် ရိုး၊ မြက်ခြောက်၊ သစ်ရွက်ဆွေးများ ဖုံးအုပ် စိုက်ပျိုးနိုင်ပါသည်။ အပင် ပေါက်ရရှိရန် မြေစိုထိုင်းမှုနည်းလျှင် ရေဖြန်းပေးရန် လိုအပ်ပါသည်။ တစ်ဧကလျှင် (၂-၄) ကီလို  ဂရမ် နှုန်းဖြင့် မြက်အမျိုးအစားအလိုက် မျိုးစေ့ချပျိုးခင်း ပြုလုပ်နိုင် သည်။ 

ပဲမျိုးနွယ်စားကျက်ပင်များ စိုက်ပျိုးရာတွင် အချို့သော ပဲမျိုးနွယ်ဝင် မျိုးစေ့ များမှာ အခွံ မာသဖြင့် မျိုးမကြဲမီ ရေနွေးတွင် မိနစ်အနည်းငယ် စိမ်ရန်လို အပ်ပါ သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ပျိုးပင် ပေါက်နှုန်းကောင်းမွန်စေပါသည်။

၅- ပျိုးပင်များရွှေ့ပြောင်းစိုက်ပျိုးခြင်း

ပျိုးပင်များကို ရွှေ့ပြောင်းမစိုက်ပျိုးမီ မြေပြုပြင်ခြင်း၊ မြေသြဇာကျွေးခြင်း ပြုလုပ်ရန် လိုအပ်ပါသည်။ မြေပြုပြင်ရာတွင် ပေါင်းမြက်များ ရှင်းလင်း စိုက်ပျိုးရန် လိုအပ်သည်။ ပျိုးခင်းမှ (၆-၈) ပတ် သားအရွယ်တွင် ရွှေ့ပြောင်းစိုက်ပျိုးနိုင်သည်။ ပျိုးခင်းမှ ပျိုးပင်များ နုတ်ယူပြီး ပျိုးပင် များကို (၆) လက်မ ချန်၍ဖြတ်ပြီး  ပျိုးပင် တစ်ပင်နှင့်တစ်ပင်၊ တစ်တန်း နှင့်တစ်တန်း (၁၆-၁၈) လက်မခြား ရွှေ့ပြောင်း စိုက်ပျိုး နိုင်သည်။ စိုက်ပျိုးထားသော မြက်တန်းများကြားတွင် စားကျက် ပဲနွယ်ပင်များ ရောနှော စိုက်ပျိုးသင့်သည်။ 

ပဲမျိုးနွယ် စားကျက်ပင်များ ရွှေ့ပြောင်း စိုက်ပျိုးရန်မှာ ခက်ခဲပါသည်။ အချို့ သော ပဲမျိုးနွယ်စားကျက် ပင်များဖြစ်သော ပဲပန်း(forage peanut) နှင့် ဒက်စမိုး ဒီးယမ်း (Desmodium) စသည့် ပဲမျိုးနွယ် စားကျက်များသည် အစစ်ပွားမျိုးပွား စိုက်ပျိုးနိုင်ပါသည်။ အစစ်ပွားစနစ်၊ ကိုင်းပျိုးစနစ်ဖြင့် စိုက်ပျိုးရသော စားကျက် များမှာ ရာသီမီစိုက်ပျိုးနိုင်ရန် ပျိုးပင်များကို ကြိုတင်စုဆောင်း ထားရန်လို အပ် ပါသည်။

မှတ်ချက်         ။ မြေအရည်အသွေးကောင်းလျင် အာဟာရပြည့်ဝသော  အစာရရှိနိုင်ပြီး     ထွက်နှုန်းကောင်းမွန်ကာ  တိရစ္ဆာန်အတွက်လည်း အာဟာရပြည့်သော အစာဖြစ်စေပါသည်။

မြန်မာ-နယူးဇီလန် ကောင်းမွန်သော နို့စားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်