အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ပိုးတား ပိုးနှင် ခရမ်းချဉ်

ပိုးတား ပိုးနှင် ခရမ်းချဉ်

Green Way
Green Way • Greenovator • 18/01/2019

မြန်မာဟင်းလျာများတွင် မရှိမဖြစ် မီးဖိုချောင်သုံး သီးနှံပင်ဖြစ်သည်။ မြန်မာပြည်အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တွင် အကြီးအကျယ်စိုက်ပျိုးကြသည်။ ခရမ်းချဉ်တွင် ခြုံပုတ်အမျိုးအစားနှင့် နွယ်ပင်အမျိုး အစားဟု နှစ်မျိုးရှိရာ ခြုံပုတ်အမျိုးအစားခရမ်းချဉ်ကို ပိုးသတ်ဆေးအဖြစ် အသုံးပြုသင့်သည်။

အသုံးပြုနိုင်သော အစိတ်အပိုင်း - အရွက်၊ ပင်စည်။

စွမ်းအင်သတ္တိ - တွန်းကန်ဆေး (Repellent) ပိုးကောင်များ ဥမအုစေရန် တားဆီးသည်။

နှိမ်နင်းနိုင်သော ပိုးများ - ဂေါ်ဖီထုပ်လိပ်ပြာ၊ စိန်ကွက်ဖလံ။

အသုံးပြုနည်း 

အသီးခူးပြီးသော ခရမ်းချဉ်တစ်ပင်လုံးကို တောက်တောင်စင်းပြီး ရေနွေးဆတူနှင့် (၅) နာရီကြာ စိမ် ထားပါ။ ထို့နောက် ပိတ်စပါးဖြင့် စစ်ချ ညှစ်ယူပြီး ဂေါ်ဖီထုပ်၊ ပန်းဂေါ်ဖီပင်များတွင် ပက်ဖျန်းခြင်းဖြင့် ဂေါ်ဖီထုပ်လိပ်ပြာ၊ စိန်ကွက်ဖလံများကို တားဆီးကာကွယ်နိုင်သည်။ အထူးသဖြင့် လိပ်ပြာဖလံ အကောင်ကြီးဖြစ်ပြီး ဥများအုကာနီးအချိန်တွင် ပက်ဖျန်းပေးခြင်းဖြင့် အပင်ပေါ်တွင် ဥများအုခြင်းကို ကာကွယ်ပေးသည်။

အပင်အခြေခံပိုးသတ်ဆေးများ ပြုလုပ်သုံးစွဲခြင်းစာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။

 

You

ဆက်စပ်မေးခွန်းများ

ကြက်သွန်နီတွင် ကျရောက်တတ်သောရောဂါများအကြောင်းကိုသိသလောက်လေးပြောပြပေးပါ

Aung Myo Oo • ဖြေကြားချက် 2 ခု

ဧရာမင်းစပါး သက်တမ်း၃လရှိပါပြီ။၁လသားမှာ ဒိုပါဝါကျောက်မှုန့်၊တီစူပါ၊ပုလဲ ၂လသားမှာ တီစူပါ၊ပိုတက် ပက်ထားပါတယ်။ကာဆူကာမိုင်စင်မှိုသတ်ဆေး ၂ကြိမ်နှင့်၊ကာတက်ပိုးသတ်ဆေး၂ကြိမ်၊ပိုင်ဒီ တကြိမ် ဖျန်းထားတယ်။အပင် အောက်လက်တွေ ဝါနေသေးလို့ ဘာဆေးဖျန်းရမှာလည်း။မှိုသတ်ဆေးရောပေါ့။

ဦးနေဇော်ငြိမ်း • ဖြေကြားချက် 6 ခု

trichoderma ဖြန်းပြီး နောက်ရက် ဒီလိုမှိုတွေ့ပါတယ် ဒါက trichoderma မှိုလား ဖျက်မှိုလားသိပါရစေ မဖြန်းခင်က ဒီလိုမတွေ့ရဘူး ဖြန်းပြီးမှ တွေ့ရပါတယ်

Khing Hein • ဖြေကြားချက် 1 ခု

ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။

U Win Zaw • ဖြေကြားချက် 3 ခု

မြေပဲအပင်လေတွေမှာ အလိုတွေတွေနေရလို ဘာရောဂါဖြစ်တာလည်ခင်များပြောပြပေပါအုံခင်များ

မင်းမင်း • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။