ဒူးရင်းသီးနှင့်တွဲဖက်စားပါက အန္တရာယ်ရှိနိုင်သည့် အစားအသောက် (၆) မျိုး

18/05/2022 11:00 AM တွင် ဇင်ဘိုလွင် ဇင်ဘိုလွင် မှ ရေးသား

အခုအချိန်မှာ ဒူးရင်းသီးတွေက လှိုင်လှိုင်စပေါ်လာနေပြီ။ ဒီတော့ ဈေးဘယ်လောက်ကြီးကြီး မနေနိုင်တဲ့သူတွေက ဖြစ်တဲ့နည်းနဲ့ ရအောင်စားကုန်ကြပြီ။ 

ဒါပေမဲ့ သိတဲ့အတိုင်း ဒူးရင်းသီးဟာ အပူစာဖြစ်လို့ အလွန်အကျွံစားမယ်ဆိုရင်တော့ ဆိုးကျိုးတချို့ရှိလို့ ကျန်းမာရေးအတွက်တော့ သတိထားသင့်ပါတယ်။ 

ဘယ်လိုကောင်းကျိုး၊ ဆိုးကျိုးတွေရှိတာလဲ သိချင်ရင်တော့ အောက်ကလင့်မှာ ဖတ်နိုင်ပါတယ်။ 

https://greenwaymyanmar.com/posts/advantages_and_disadvantages_of_durian_for_health

ဒါတင်မဟုတ်သေးဘူး။ သူနဲ့တွဲဖက်မစားသင့်တဲ့ အစားအသောက်တွေကလည်း လက်တကမ်းမှာတင်အလွယ်တကူ ရှိနေပြန်လို့ အန္တရာယ်များတဲ့ အနေအထားမှာ ရှိနေတာပါ။

ဒီတော့ အဲ့ဒီအစားအသောက်တွေက ဘာလဲဆိုတာကိုဖော်ပြပေးလိုက်ပါတယ်။

(၁) အရက်

ဒူးရင်းသီးမှာ ဆာလဖာပါဝင်မှု မြင့်မားလို့ ခန္ဓာကိုယ်အတွင်းရှိ အရက်ကို ချေဖျက်ပေးတဲ့ အင်ဇိုင်းကို ဟန့်တားပေးတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဒူးရင်းသီးနဲ့ အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာ၊ ဝိုင် စတာတွေကို တွဲဖက်သောက်စားတာ၊ သောက်စားမှုနီးတာဆိုရင် ပြင်းထန်သော ရင်ပူခြင်းနဲ့ အစာမကြေခြင်းတို့ကိုခံစားရနိုင်ပါတယ်တဲ့။

(၂) နို့

ဒူးရင်းနဲ့ နို့ ကို တွဲဖက်စားသောက်မိရင် သွေးပေါင်ချိန်တက်စေနိုင်တယ်လို့ ဆိုပါတယ်။  ဆိုတော့ ဒီနှစ်ခုတွဲစားမိလို့ ခေါင်းကိုက်နေပြီဆိုရင်တော့ သွေးပေါင်ချိန်ကြည့်ပြီး လိုအပ်ရင် လိုအပ်သလို ကုသဖို့ လိုပါလိမ့်မယ်။

 

(၃) လိုင်ချီးသီး

ဒူးရင်းသီးနဲ့အတူ တပြိုင်တည်းနီးပါး အတူပေါ်တဲ့ ရာသီအသီးတွေထဲမှာ လိုင်ချီးသီးလည်း ပါဝင်ပါတယ်။ အသီးဆိုင်တွေမှာဆိုလည်း အတူတွဲရောင်းလေ့ရှိပါတယ်။ ဒါပေမဲ့ ဒူးရင်းသီးကော လိုင်ချီးသီးကောက အပူစာတွေထဲမှာ ပါပါတယ်တဲ့။ ဆိုတော့ သူတို့နှစ်မျိုးလုံးကို အလွန်အကျွံစားသုံးမယ်ဆိုရင်တော့ အဖျားတက်ခြင်း၊ ဝမ်းချုပ်ခြင်း သို့မဟုတ် လည်ချောင်းနာခြင်း တွေဖြစ်စေနိုင်လို့ သတိပြု စားသုံးသင့် ပါတယ်..။

 

(၄) မင်းဂွတ်သီး

ဒါကတော့ ထူးဆန်းပါတယ်။ မင်းဂွတ်သီးဟာ ဒူးရင်းသီးရဲ့ဖွားဖက်တော်လို့တောင် ပြောလို့ရပါတယ်။ ဒူးရင်းသီးစားပြီးရင် အဆိပ်အတောက်ပြေအောင် မင်းဂွတ်သီးလေးကို အစာပိတ်စားသင့်တယ်ဆိုပြီး ဘိုးဘွားတွေလက်ထက်ကတည်းက ပြောလာကြတာကို အတော်များများလည်း သိကြမှာပါ။ သာမန်လူတွေအတွက်တော့ ဒီအချက်က မှန်ဖို့များပါတယ်။

ဒါပေမဲ့ သတိပြုသင့်တာကတော့ ဆီးချို၊ သွေးချိုသမားတွေပါပဲ။ ဘာလို့လဲဆိုတော့ သူတို့နှစ်မျိုးလုံးကို စားလိုက်ပြီဆိုရင် သကြားဓာတ်တွေ အတော်များများ တိုးလာနိုင်တာကြောင့်ပါတဲ့..။

 

(၅) ကဏန်း

ဒါကတော့ ဒူးရင်းသီးလည်းကြိုက်၊ ပင်လယ်စာလည်း ကြိုက်တယ်ဆိုတဲ့ အစားတလိုင်းတွေ စဉ်းစားသင့်သွားပါပြီ။ ဒူးရင်းသီးက အပူစာ၊ ကဏန်းကတော့ အအေးစာပါတဲ့။ ဆိုတော့ ဒီနှစ်မျိုးလုံးကို တပြိုင်တည်း စားသုံးလိုက်ခြင်းက အပူအအေး ဓာတ်မတည့်ခြင်းကိုဖြစ်စေနိုင်ပြီး အစာခြေစနစ်ကို ရှုပ်ထွေးသွားစေနိုင်လို့ ဗိုက်နာတာ၊ အစာအိမ်ထိခိုက်တာတွေ ဖြစ်စေနိုင်ပါတယ်တဲ့ဗျာ..။

 

(၆) အမဲသားနဲ့ သိုးသား

အမဲသားနဲ့ သိုးသားတွေဆိုတာဟာလည်း အပူစာတွေပါပဲ။ ဆိုတော့ အပူစာပဲဖြစ်တဲ့ ဒူးရင်းသီးနဲ့ တွဲစားလိုက်မယ်ဆိုရင် အပူတွေတအားဝင်ပြီး အပူဖုတွေပေါက်တာတွေ၊ ခန္ဓာကိုယ်ရောင်ရမ်းတာတွေ ဖြစ်စေတတ်ပါတယ်။ ဒီတော့ ဒါလေးကိုလည်း ကြည့်ကျက်ရှောင်ရှားကြပါလို့..။

ကဲ..ဒီတော့ ဒူးရင်းသီးနဲ့ တွဲဖက်မစားသင့်တဲ့ အစားအသောက်တွေက ကိုယ့်လက်တကမ်းမှာချည်းပဲနော်..။ အချိန်မရွေး တွဲစားမိသွားနိုင်တယ်။ ဒီတော့ သတိပြုရှောင်ရှားပြီးတော့ ကျန်းမာရေးနဲ့ညီညီလေး ဒူးရင်းသီးကို စားသုံးကြပါလို့ အကြံပြုလိုက်ပါတယ်။

အော်..မေ့လို့..။ ဒူးရင်းသီးက အပူစာနော်..။ ဆိုတော့ စားပြီးရင် ရေတဝကြီးသောက်..။ အပူငြိမ်း၊ အပူထိန်း ပေးတာပေါ့..။

Ref; _ https://klfoodie.com/food-you-should-not-eat-together-with-durians/

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်