ငါးခုံးမကြီးငါး သားဖောက်နည်း

09/03/2022 13:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 ကြီးထွားနှုန်းကောင်းပြီး အစာမရွေးဘဲ သားဖောက်ရ လွယ်ကူတဲ့ ငါးခုံးမကြီးငါးက ၁နှစ်သားမှာ အရွယ်ရောက်ပါတယ်။ အလေးချိန် (ဝ.၅- ၁) ကီလိုဂရမ် (သို့) (၃၀-၆၀ ကျပ်သား) ရှိတဲ့ အမတွေက ဥချသားဖောက်ဖို့ အကောင်းဆုံးဖြစ်ပြီးတော့ မျိုးငါးတွေကို ပုံမှန်အစာကျွေးပြုစုပါက မျိုးပွားကာလ တစ်ရာသီမှာ မျိုးငါးတွေကို ၂ကြိမ် (သို့) ၃ကြိမ် သားဖောက်နိုင်ပါတယ်။ သားဖောက်ရန် အကောင်းဆုံးကာလကတော့ မတ်လမှ စက်တင်ဘာလထိ ဘဲဖြစ်ပါတယ်။

 

သားဖောက်ခြင်း

          သားဖောက်ရာမှာ သဘာဝနည်း (သို့) ဆေးထိုးသားဖောက်နည်းနဲ့ ဖောက်နိုင်ပါတယ်။ သဘာဝနည်းနဲ့ သားဖောက်ရာမှာ မျိုးရင့်မှည့်တဲ့ မျိုးငါးအထီး၊ အမတွေကို  မိတ်လိုက်ကန်အတွင်း ထည့်သွင်း၍ ရေသစ်သွင်းပြီး ရေရှင်ဖန်တီးပေးခြင်းဖြင့် မိတ်လိုက်ဥချ စေနိုင်ပါတယ်။

          မြေကန်၊ကွန်ကရိကန် နှင့် ပိုက်လှောင်အိမ် (ဟာပါ)များ အသုံးပြုနိုင်ပါတယ်။ အမ ၁ကောင်ကို အထီး၁ကောင်နှုန်း အချိုးနဲ့ ထည့်သွင်းသားဖောက်နိုင်ပါတယ်။

 

မျိုးပွားနှုန်းကောင်းတဲ့ ငါးရွေးချယ်ရာတွင် -

 

- အရွယ်ရောက်တဲ့ အထီးကို ဝမ်းဗိုက်မှ စအိုဖက်သို့ ဖြည်းညှင်းစွာညှစ်ကြည့်ပါက နို့နှစ်ရောင်မပျစ်မကြဲ မျိုးရည်များ ထွက်လာတာကို တွေ့ရပါမယ်။ 

 

- အမမျိုးငါး ပုံစံက ဝမ်းဗိုက်ပျော့ပြောင်းပြီး ပြန့်ကားနေရပါမယ်။ အမြီးအရင်းပိုင်း ကျယ်ပြန့်၍ လွယ်ကူစွာကွေးနိုင်၊ ဆန့်နိုင်ရပြီးတော့ မျိုးပွားအင်္ဂါပေါက်က အမြီးရင်းနဲ့ နီးကပ်စွာ တည်ရှိရပါမယ်။ 

 

- ရေအပူချိန်ပေါ်မူတည်၍ ဆေးထိုးပြီး ၄နာရီအကြာမှာ မိတ်လိုက်ဥချတတ်ပါတယ်။ မျိုးငါးအမ ၁ကီလိုအလေးချိန်မှာ ငါးဥ (၀.၅-၂)သိန်းအထိ ရရှိနိုင်ပါတယ်။

 

- သန္ဓေအောင်ဥတွေက အပူချိန် ၂၈ ဒီဂရီ စင်တီဂရိတ်မှ ၂၉ ဒီဂရီ စင်တီဂရိတ်မှာ စတင်သန္ဓေအောင်ပြီး ၁၂နာရီ ကျော်ရင် အကောင်ပေါက်ပါတယ်။

 

- အကောင်ပေါက်လာတဲ့ ငါးမှုန်တွေကို ဥနှစ်(Yolk Sac)  ကုန်တဲ့အထိ သားဖောက်ရုံမှာ ၃ရက်ကြာပြုစုပြီး မြေသားပြုစုကန် အတွင်းသို့ ထည့်သွင်းပြုစုရပါမယ်။

 

သားဖောက်ကန်အရွယ်အစား

 

    မြေကန်            -      ၆ပေ x ၄ပေ x ၄ပေ (တစ်ပိုင်တစ်နိုင်)

                                 -       ၅၀ပေ x ၂၅ပေ x ၄ပေ (တစ်ပိုင်တစ်နိုင်)

   ကွန်ကရစ်ကန်          -       ၃၀ပေ x ၂၇ပေ x ၃ပေ          

   ပိုက်လှောင်ကန်         -       ၆ပေ x ၃ပေ x ၃ပေ ရှိရပါမယ်။ 

 

 

ငါးမှုန်ပြုစုခြင်း

 

၁။ ငါးမှုန်ပြုစုကန်အနေနဲ့  ၁ဧကအကျယ်ရှိကန်အတွက် မြေအမျိုးအစားကိုလိုက်၍ ထုံး(၆၀-၃၀၀)ပိဿာ ထည့်သွင်းရပါမယ်။ သြဇာဓာတ်အဖြစ် နွားချေး၊ကြက်ချေး ၁ဧကမှာ ၁၅၀ တင်းနှုန်း ထည့်သွင်းပြီး သန့်ရှင်းတဲ့ရေကို နိုင်လွန်ဇာဖြင့် စစ်၍ ၃ပေခန့်ထည့်သွင်းပေးရပါမယ်။ ရေဖြည့်ပြီး ပိုးဆွဲပိုက်ဖြင့် အနည်းဆုံး ၃ကြိမ်ခန့် ရေပိုးများ ဆွဲပေးရန်လိုအပ်ပါတယ်။ ရေဖြည့်ပြီး ၁ပါတ်အကြာမှာတော့ ငါးမှုန်များ စတင်ထည့်သွင်းနိုင်ပြီးတော့ နံနက်စောစော ပိုင်းမှာ ထည့်သွင်းရင်တော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်။

 

 

၂။ ငါးမှုန်တွေထည့်သွင်းပြီး ၃ရက်ကျော်ပါက ပဲဖတ်(သို့)ပဲပိစပ်ရည်ကို ကန်အနှံ့ ပတ်ဖျန်း ကျွေးပေး နိုင်ပါတယ်။ အစာ အဖြစ်ဖွဲနုကို ဇကာတိုက်(သို့)စပ်စာမှုန့် (ဖွဲနု၊ပဲဖတ်၊ငါးခြောက်မှုန့်) (၃း၁း၁) ကို တစ်နေ့(၂-၄) ကြိမ်ခန့်ခွဲ၍လည်း ကျွေးမွေးပေး နိုင်ပါတယ်။ အစာကို ခန္ဓာကိုယ်အလေးချိန်ရဲ့ (၃၀-၁၀)% ထိ ကျွေးမွေးနိုင်ပါတယ်။

 

၃။ သဘာဝအစာဖြစ်တဲ့ သတ္တမျှောလေး (Rotifer, Moina) ကို ဖောက်၍ ကျွေးမွေးပေးခြင်းဖြင့်လည်း ကြီးထွားနှုန်း ပိုမိုကောင်းမွန်စေပါတယ်။ ငါးမှုန်ပြုစုကာလ(၄၅)ရက် အကြာမှာ ငါးသန်အဆင့်ကို ရောက်ရှိမှာပဲဖြစ်ပါတယ်။

ရေးသားသူ- ပင်လယ်ပြာ(ငါးဦးစီး)

Ref; ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်