မွေးဝက်ငယ်လေးများကို ပြုစုစောင့်ရှောက်နည်း
စီးပွားဖြစ်ဝက်မွေးမြူရေးလုပ်ငန်းမှာ ဝက်မကြီးမွေးပြီး နာရီအနည်းငယ်ဟာ မွေးဝက်ငယ်လေးများ အသက်ရှင်နိုင်ဖို့အတွက် လွန်စွာအရေးကြီးတဲ့ ကာလဖြစ်ပါတယ်။ ဒါ့ကြောင့် ဝက်မွေးမြူသူတွေအနေဖြင့် မွေးပြီး (၂၄) နာရီအတွင်း မွေးဝက်မနှင့် ဝက်ကလေးတွေကို အနီးကပ် ဂရုစိုက်မှုလိုအပ်ပါတယ်။ ပုံမှန်အားဖြင့် မွေးဝက်ငယ်သေဆုံးမှုရဲ့ ထက်ဝက်ကျော်ဟာ မွေးပြီးနာရီအနည်းငယ်အတွင်း သေဆုံးတာကြောင့် အဖြစ်များပါတယ်။ မွေးမြူသူတွေ အနေဖြင့် ဝက်ငယ်မွေးဝက်ငယ်လေးများ သေဆုံးမှုနည်းအောင်၊ သားခွဲကိုယ်အလေးချိန် ပြည့်မီအောင် လုပ်ဆောင်နိုင်ရန်အတွက် အရေးကြီးတဲ့အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
ပထမအရေးကြီးတဲ့အချက်ကတော့ မွေးပြီးပြီးချင်း ဝက်ငယ်လေးတွေရဲ့ နှာခေါင်း၊ ပါးစပ်နှင့် ခန္ဓာကိုယ်အနှံ့မှာ အကျိအချွဲများ ကပ်ပါလာတတ်ပါတယ်။ ၎င်းအကျိအချွဲများကို သေချာသန့်စင်ပြီး မိခင်၏ နို့ဦးရည်(colostrum) ကို (၂၄) နာရီအတွင်းရရှိအောင် လုပ်ဆောင်ပေးရပါမယ်။ ထိုသို့လုပ်ဆောင်ရာတွင် ဝက်ငယ်လေးတွေကို အုပ်စု(၂) စုခွဲကာ နို့ဦးရည်ကို တိုက်ကျွေးပေးနိုင်ပါတယ်။
ထို့နောက်မွေးပြီး တစ်ရက်ကျော်လျှင် ဝက်ငယ်လေးတွေကို ချက်ကြိုးဖြတ်ခြင်း၊ အမြီးဖြတ်ခြင်းတို့ကို လုပ်ဆောင်ပေးနိုင်ပါတယ်။ မွေးပြီး ရက်သတ္တပတ်အတွင်း ဝက်ငယ်လေးတွေ လိုအပ်တဲ့အပူချိန် ရရှိအောင်လုပ်ဆောင်ပေးခြင်း၊ နို့တိုက်ပေးခြင်းတို့ကို လုပ်ဆောင်ပေးရပါမယ်။
ဝက်မွေးသူတွေအနေဖြင့် ဝက်အုပ်အတွင်း အားနည်းသည့် ဝက်ငယ်လေးများ၊ အရွယ်ငယ်တဲ့ ဝက်ငယ်လေးများကို သေချာဂရုစိုက်ပေးခြင်းဖြင့် ဝက်ငယ်လေးတွေ သေဆုံးမှုကို လျှော့ချနိုင်ပါတယ်။
မွေးဝက်ငယ်လေးတွေအတွက် နို့ဦးရည်(colostrum) ဟာ အောက်ပါအချက်တွေကြောင့် အရေးကြီးလှပါတယ်။
- ၁) နို့ဦးရည်ဟာ ဝက်ကလေးတွေအတွက် ခံနိုင်ရည်၊ အာဟာရနှင့် ခုခံအားအတွက် မရှိမဖြစ်အရေးကြီးခြင်း။
- ၂) နို့ဦးရည်ဟာ ဝက်ငယ်လေးရဲ့ ခုခံအားစနစ်ဖွံ့ဖြိုးလာအောင် အကူအညီပေးခြင်း။
- ၃) မွေးပြီး၂၄ နာရီကျော်လျှင် ဝက်ငယ်လေးတွေရဲ့ အူလမ်းကြောင်းဟာ ခုခံအားစနစ်အတွက်အရေးကြီးတဲ့ပစ္စည်း (antibodies) ကို မစုပ်ယူနိုင်တော့ခြင်း။
- ၄) ဝက်မကြီးမှ မွေးပြီး ၂၄ နာရီအတွင်းသာ နို့ဦးရည် ထွက်ရှိခြင်းတို့ကြောင့် နို့ဦးရည်ကို (၂၄) နာရီအတွင်း အဖြစ်မနေတိုက်ကျွေးပေးသင့်ပါတယ်။

နောက်ထပ်အရေးကြီးတဲ့အချက်ဖြစ်တဲ့ ဝက်ငယ်လေးတွေ သေဆုံးမှုများနိုင်တဲ့ အခြေအနေတွေကို မွေးမြူသူတွေ ရှောင်ရှားနိုင်အောင်ဖော်ပြပေးချင်ပါတယ်။ ပုံမှန်အားဖြင့် မွေးဝက်ငယ်လေးတွေဟာ အောက်ပါအခြေအနေတွေမှာ သေဆုံးတာဖြစ်တတ်ပါတယ်။
- ၁) နို့ဦးရည်ကို ၂၄ နာရီအတွင်း လုံလောက်စွာ မရရှိခြင်း၊
- ၂) မွေးစကိုယ်အလေးချိန် ၀.၈ ကီလိုဂရမ်ထက် နည်းခြင်း၊
- ၃) မွေးဝက်ငယ်ကောင်ရေများတဲ့ ဝက်အုပ်ရှိ ဝက်ငယ်လေးများ စနစ်တကျ ပြုစုစောင့်ရှောက်မှု မရရှိခြင်း၊
- ၄) ဝက်မကြီးကိုကျွေးတဲ့အစာ အာဟာရမပြည့်ဝခြင်း၊
- ၅) ဝက်မကြီးမှ နေမကောင်းသောကြောင့် နို့မချခြင်း စတဲ့အခြေအနေတွေမှာ သေဆုံးမှုများနိုင်ပါတယ်။
မွေးမြူရေးလုပ်ငန်းရှင်တွေအနေဖြင့် ဝက်မွေးမြူရေးကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်ဖို့ဆိုလျှင် ဝက်ငယ်လေးများ မွေးပြီး ရက်အနည်းငယ်အတွင်း စနစ်တကျ ပြုစုစောင့်ရှောက်ခြင်းဖြင့် မွေးဝက်ငယ်လေးများ သေဆုံးနှုန်း(motality) ကို လျှော့ချနိုင်ပြီး စီးပွားရေးအတွက် အကျိုးအမြတ်ရရှိနိုင်မှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Nge Nge
လွန်ခဲ့သော ၃ လ ကဘယ်လို့ ေဖြရှင်းရမာလဲ
Nge Nge
လွန်ခဲ့သော ၃ လ ကအစားမစားပဲ သေတာများနေပီ
Nge Nge
လွန်ခဲ့သော ၃ လ ကရောဂါလား
Nge Nge
လွန်ခဲ့သော ၃ လ ကသေ သွားတယ်
Nge Nge
လွန်ခဲ့သော ၃ လ ကအစားမစားပဲ
ဆက်စပ်ဆောင်းပါးများ
မွေးစနှင့် မိခင်မဲ့ဆိတ်ငယ်ကလေးများအား ပြုစုစောင့်ရှောက်နည်း
နွားငယ်လေးတစ်သက်တာ အရေးပါတဲ့ နို့ဦးရည် စနစ်တကျ တိုက်ကျွေးနည်း (၁,၂,၃ နိယာမ)
နွားငယ်လေးတစ်သက်တာအတွက် အရေးအကြီးဆုံး ရွှေရောင် ၁ နာရီ (အပိုင်း - ၂)
ဆက်စပ်မေးခွန်းများ
ဝက်မကကြီးတွေအဖြစ်များနေတယ်အစာမစားဘူးဘာရောဂါလဲးဘယ်လိုကာကွယ်ရမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 0 ခု
ကြက်ချေးစိမ်းပါပြီးသေလို့..ဘာဆေးတိုက်ရမလဲခင်ဗျ...ဘယ်လိုကုသရမလဲခင်ဗျ..ဆေးရှိလား...ညွန်ကြားပေးပါ
ဦးကျော်ခိုင် • ဖြေကြားချက် 0 ခု
ကြက်ကို အဟာရာရှိအောင် ကြီးအောင် ဘယ်လိုမွေးရမှလဲ ရောဂါကင်းအောင်
Zin Min Wai • ဖြေကြားချက် 1 ခု
ကျနော် နွားလေး မြွေကိုက် ခံရလို့ ဘယ်လိုလုပ်ရမလဲ ခဗျာ့ အကြံပေးပါဦး။ အဆင်ပြေရင် ဖုန်းဆက်ပြောပေးပါလာ။ ၀၉၆၉၁၀၇၃၅၂၂
စောထီးကော်မူး • ဖြေကြားချက် 4 ခု
ကြက်မှာ သွေးစုတ်တဲ့သန်း တွေ့ လို့ပါ ခေါင်းမှာအများဆုံးတွေ့တယ် ဘယ်လိုကုသရမလဲ
michael • ဖြေကြားချက် 0 ခု
နောက်ဆုံး ဆောင်းပါးများ
ရခိုင်၊ ကရင်၊ ပဲခူး၊ ဧရာဝတီနှင့် ရန်ကုန်တို့တွင် စက်တင်ဘာ ၂၈ မှ ၃၀အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်
28/09/2026
အသံ
ကျွန်တော်တို့မီးဖိုချောင်ထဲက သစ်ကြံပိုးခေါက်က အစစ်လား... အတုလား?
28/09/2026
အသံ
ဩစတြေးလျ ပဲတီစိမ်း ကွန်တိန်နာ ၁၀ လုံးကို တရုတ် ငြင်းပယ်လိုက်သဖြင့် တောင်သူများ ပေါင်းသတ်ဆေး အသုံးမပြုရန် စဉ်းစားလာကြ
27/09/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (၂၁ - ၂၅.၉.၂၀၂၆)
26/09/2026
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
More from Ning Naing Ling
အားလုံး
မွေးမြူရေးလုပ်ငန်းနှင့် ရေ အရည်အသွေး
28/09/2023
ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်းနှင့် တိရစ္ဆာန်အစာကုန်ကြမ်း ရှားပါးလာမှုပြဿနာ
11/07/2023
ဝဥဈေးကွက်ပျက်စီးမှုကြောင့် အရှုံးနှင့် ရင်ဆိုင်နေရတဲ့ ချင်း 'ဝဥ' စိုက်တောင်သူတွေ
30/06/2023
ဥစားကြက်မွေးမြူရေးလုပ်ငန်းရှင်များ ဂရုစိုက်သင့်တဲ့ ကြက်ဥခွံအရည်အသွေး
22/05/2023