ဟင်းသီးဟင်းရွက်တွေကို အညစ်အကြေးနဲ့ ဓာတုဓာတ်ကြွင်းတွေ ဖယ်ရှားပေးမယ့် စပရေး (၂) မျိုး
ဟင်းသီးဟင်းရွက်နဲ့သစ်သီးဝလံတွေ
အခွံခွာပြီးစားပြန်ရင်လည်း တစ်ချို့သီးနှံတွေက အခွံတွေမှာပါ အာဟာရဓာတ်ပါဝင်နေတော့ နှမြောမိ ပြန်ကော။ စားမယ်ဆိုတော့လည်း ဓာတုဓာတ်ကြွင်းအန္တရာယ်အပြင် ဘက်တီးရီးယား အီကိုလိုင်စတဲ့ ရောဂါတွေကိုပါ ကြောက်နေရ။
သခွါး၊ဆလပ်ရွက်လိုမျိုး အစိမ်းစားသီးနှံတွေဆို ရေနဲ့ဆေးကြောရုံတင် ကျန်းမာရေးအတွက် မလုံလောက်လို့ အိမ်မှာဘဲ အလွယ်တကူရနိုင်တဲ့ ပစ္စည်းလေးတွေနဲ့လုပ်လို့ရမယ့် စပရေးအရည်လေးဖျန်းပြီး အပြင်ဘက်မျက်နှာပြင်မှာရှိတဲ့ အညစ်အကြေး၊ ဘက်တီးရီးယားတွေကို ဖယ်ရှားလိုက်ကြရအောင်။
(၁) မုန့်ဖုတ်ဆိုဒါ
ဟင်းသီးဟင်းရွက် သန့်ရှင်းရည် စပရေး ပြုလုပ်တော့မယ်ဆို မုန့်ဖုတ်ဆိုဒါကို အသုံးပြုနိုင်ပါတယ်။ မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေထဲမှာ ပျော်ဝင်စေပြီး ရလာတဲ့အရည်ကို ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အစိမ်းလိုက်မစားခင်မှာဖျန်းနို
မုန့်ဖုတ်ဆိုဒါက ဘက်တီးရီးယားအပါအဝင် သီးနှံဖျက်ပိုးတွေကို ၉၆ ရာခိုင်နှုန်းခန့် ဖယ်ရှားပေးနိုင်တဲ့အစွမ်းသတ္တိ
(၂) ရှာလကာရည်
ရှာလကာရည်တစ်ဆနဲ့ ရေသုံးဆကို ရောပြီး စပရေးဘူးထဲ ထည့်ဖျန်းပြီးတော့လည်း သီးနှံသန့်စင်ရည် အဖြစ်အသုံးပြုနိုင်ပါတယ်။
ရှာလကာရည်အနံ့က သီးနှံတွေကိုမစွဲစေတဲ့အတွက် စိတ်ပူစရာမရှိပါဘူး။ ပြီးတော့ ရှာလကာရည်ဟာ ဆိုရင် ဘက်တီးရီးယားတွေကို သေစေနိုင်ဖို့အတွက် အကောင်းဆုံးဖျော်ရည်လို့ပါ ပြောနိုင်ပါတယ်။
ဆလပ်ရွက်တွေ (သို့မဟုတ်) အခြားအရွက်တွေကို ဆေးချင်ရင်တော့ အရွက်တွေကို တစ်ရွက်စီခွာပြီး ဇလားထဲမှာ ရှာလကာရည် တစ်ခွက်နဲ့ ရေကိုထည့်ကာ စိမ်ထားပြီး ရေဖြင့် ပြန်ဆေးကြော စားသုံးနိုင်ပါတယ်။
ဆိုတော့ ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေကို ရိုးရိုးရေနဲ့ပဲ ဆေးမယ့်အစား ဒီနည်းလေးတွေကို အသုံးပြုပြီး ဓာတုဓာတ်ကြွင်းနဲ့ ပိုးမွှားတွေရန်ကနေ ကာကွယ်ဖို့ အသုံးပြုသင့်ကြောင်း ရေးသားလိုက်ရပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 0 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 0 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 1 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from ဆုမြတ်နိုး
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....