“စံပြငါးမွေးတောင်သူများ ရွှေဘိုမြို့”

26/08/2020 17:00 PM တွင် ကမ္ဘာ့ငါးအဖွဲ့ ကမ္ဘာ့ငါးအဖွဲ့ မှ ရေးသား ပြီး WorldFish WorldFish မှ ပေးပို့ထားပါသည်။

    ယခုနှစ်များအတွင်း မြန်မာနိုင်ငံရှိဒေသများတွင် အပူလွန်ကဲခြင်း၊ ရေပြတ်လပ်မှုများခြင်း၊ မိုးခေါင်ရေရှားခြင်းနှင့်အတူ ရာသီဥတုပြောင်းလဲမှုများ၏ အကျိုးသက်ရောက်မှုများကို ခံစားနေရလျက်ရှိသည်။ မြန်မာ့ရေသတ္တဝါမွေးမြူရေးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း MYSAP သည် ဥရောပသမဂ္ဂ (EU) နှင့် ဂျာမနီစီးပွားရေးပူးပေါင်းဆောင်ရွက်ရေးနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းဝန်ကြီးဌာန (BMZ) မှ ပံ့ပိုးထားပြီး စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ကလေးမြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်များတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။ ၂၀၁၉ ခုနှစ် တွင် ဒေသခံငါးမွေးတောင်သူများမှ တင်ပြခဲ့သည်မှာ ပုံမှန် မိုးရွာသွန်းခြင်းထက် လျော့နည်းစွာရွာသွန်းခဲ့ကာ မုတ်သုံရာသီဝင်ရောက်ခြင်းသည် နောက်ကျပြီး အားနည်းခဲ့ပါသည်။ ရွှေဘိုမြို့နယ်ရှိ BRAC Myanmar မှ ရွေးချယ်ခဲ့သည့် အိမ်ထောင်စု ၄၂၆ မှ ၁၁၅ (၂၇%) စု၏ မိသားစု ငါးမွေးကန်များတွင် ရေရရှိမှု မလုံလောက်ခြင်းများကြောင့် ငါးမျိုးစိတ်များကို ထည့်သွင်းမွေးမြူခြင်း မပြုလုပ်နိုင်ခဲ့ပါ။ 

    ရွှေဘိုမြို့နယ်တွင် ၂၀၁၉-၂၀ ခုနှစ် ငါးနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးမွေးမြူရေးရာသီအတွက် စံပြ ငါးမွေးတောင်သူ ၂၄ ဦးကို MYSAP မှ ရွေးချယ်ခဲ့သည်။ MYSAP မှ ပံ့ပိုးပေးသည့် ဘက်စုံစိုက်ပျိုးမွေးမြူခြင်းများဖြစ်သော ငါးမွေးမြူခြင်းနှင့် ဟင်းသီးဟင်းရွက် အသီးအနှံများ ကန်ဘောင်တွင်စိုက်ပျိုးထုတ်လုပ်ခြင်း၊ စားသုံးသူများအာဟာရ ပိုမိုရရှိစေခြင်း၊ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင်များနှင့် သန္ဓေသားဖြစ်တည်ချိန်မှစ၍ မွေးဖွားပြီး ၂ နှစ်သားအထိ ရှေးဦးရက် ၁ဝဝဝ အတွင်း ကလေးသူငယ်များအတွက် အစားအစာအမျိုးမျိုးစားသုံးလာခြင်းအပါအဝင် ငါးစားသုံးခြင်း၏ အကျိုးကျေးဇူးများဆိုင်ရာ ကာလရှည်သင်တန်းများကို ငါးမွေးမြူသည့်ရာသီအချိန်၌ BRAC Myanmar ကွင်းဆင်းဝန်ထမ်းများမှ သင်ကြားပို့ချပေးသည်။ MYSAP ၏ စံပြငါးမွေးတောင်သူတစ်ဦးဖြစ်သည့် မင်းကုန်းကျေးရွာမှ ဦးမျိုးမြင့်မောင်သည် MYSAP မှ အကြံပြုထားသည့်နည်းပညာများဖြင့် ၀.၂၅ ဧကရှိသည့် တစ်ပိုင်တစ်နိုင်ငါးမွေးကန်တွင် MYSAP ၏ ပံ့ပိုးမှုဖြင့် GIFT တီလားပီးယား အကောင် ၆၀၀၊ ထိုင်းငါးခုံးမ အကောင် ၁ဝဝ၊ တိုင်းရင်းငါးငယ် အကောင် ၁ဝဝ နှင့် ရွှေဝါငါးကြင်း အကောင် ၅ဝ ကို ထည့်သွင်းမွေးမြူခဲ့သည် ။ MYSAP မှ တိုးမြှင့်မွေးမြူသည့် GIFT တီလားပီးယားများကို ထည့်သွင်းမွေးမြူခဲ့ခြင်းသည် ဦးမျိုးမြင့်မောင်၏ ကနဦးအကြိမ်ထည့်သွင်းမွေးမြူခြင်း ဖြစ်သည်။ ထို့အပြင် MYSAP သည် တစ်ပိုင်တစ်နိုင်ငါးမွေးတောင်သူများအုပ်စု တစ်စုမှ ငါးမွေးတောင်သူတစ်ဦးအား ငါးစာတောင့်ထုတ်လုပ်သူများဖြစ်လာစေရန် ငါးစာတောင့်ထုတ်လုပ်နည်းသင်တန်းများ လေ့ကျင့်သင်ကြားပေးခြင်းနှင့် အစာကြိတ်ခွဲစက်များကို ပံ့ပိုးပေးထားပြီး စတင်ထုတ်လုပ်စေခဲ့သည်။ ယခုအခါ ငါးအစာတောင့်ထုတ်လုပ်သူများမှ အရည်အသွေးမြင့် ၂၀% ပရိုတင်းပါဝင်သည့် ရေမြုပ်အစာတောင့်ကို ထုတ်လုပ်နိုင်ပြီဖြစ်ပြီး ကျေးရွာအတွင်းဈေးသက်သာစွာဖြင့် ရောင်းချနေပြီဖြစ်သည်။ MYSAP မှ ပံ့ပိုးသည့် ငါးစာတောင့်များကို ကိုယ်တိုင်အသုံးပြုနေပြီး မိမိငါးကန်တွင် အစာဗန်းများဖြင့် စနစ်တကျထည့်ပြီး ကျွေးမွေးပါသည်။ ထို့အပြင် ငါးများအစာစားသောက်ပုံနှင့် ငါး၏ကျန်းမာရေးကို နေ့စဥ် နှစ်ကြိမ် ကြည့်ရှုလေ့လာပါသည်။ MYSAP ၏ ထောက်ခံအကြုံပြုသည့် ပိုမိုကောင်းမွန်သောနည်းပညာအရ အရည်အသွေးမီ အလျင်မြန်ကြီးထွားသည့် ပိုမိုကောင်းမွန်သော ငါးသားပေါက်ပံ့ပိုးခြင်းနှင့် ငါးစာတောင့်များပံ့ပိုးခြင်း၏ ရလာဒ်အဖြစ် ငါးများကို (၈) လတာကာလအထိ မွေးမြူရမည့်အစား (၆) လတာကာလတွင် ဈေးကွက်ဝင်သည့်အရွယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ဦးမျိုးမြင့်မောင်၏ ၀.၂၅ ဧက ကန်မှ ၂၀၁၉-၂၀ ခုနှစ် ငါးမွေးရာသီတွင် ငါးများ (၂၄၆.၂ ပိဿာ) အနည်းငယ်မျှသာ ပိုမိုထုတ်လုပ်နိုင်စဥ်တွင် ၂၀၁၈-၁၉ ခုနစ် ငါးမွေးရာသီမှထုတ်လုပ်ခဲ့သည့်ငါးများ (၂၄၀ ပိဿာ) နှင့် နှိုင်းယှဥ်လျှင် မိသားစုဝင်ငွေ၏ အသားတင်အမြတ်အစွန်းသည် ၂၇၀,၆၅၅ ကျပ် မှ ၅၁၉,၈၂၅ ကျပ်အထိ ၉၂.၁% မြင့်တက်လာသည်။ တစ်ပိုင်တစ်နိုင်ငါးမွေးကန်များတွင် ရေရရှိမှုနှင့် ငါးမွေးရာသီကာလလျော့နည်းသော်လည်း ကြီးထွားနှုန်းမြန်သည့် GIFT တီလားပီးယားများကို မွေးမြူခြင်းဖြင့် ဈေးကွက်ဝင်သည့်အရွယ်သို့ အလျင်အမြန်ရောက်ရှိပြီး အမြတ်အစွန်းများရရှိနိုင်ပါသည်။ ၎င်းအပြင် တောင်သူမိသားစုသည် ငါးဟင်းစားသုံးခြင်းကို နှစ်သက်သည့်အတွက် ငါးကန်ထဲမှ တိုင်းရင်းငါးငယ်များကို ၃-၄ ရက် တစ်ကြိမ် တချို့တဝက်ဖမ်းဆီးပြီး ပုံမှန် ချက်ပြုတ်စားသုံးပါသည်။ 

    ၂၀၁၉ – ၂၀ ခုနှစ်၊ ငါးမွေးရာသီတွင် MYSAPသည် သီးကုန်းရွာရှိ ကိုချစ်မိုး၏ ၀.၅ ဧက စပါးစိုက်ပျိုးသည့်လယ်ကွက်အား စပါးနှင့်ငါး ရောနှောစိုက်ပျိုးမွေးမြူသည့် လယ်ကွက်အဖြစ် ပြောင်းလဲစိုက်ပျိုးနိုင်ရန် စပါးခင်း၏ အနားတစ်ဖက်တွင် ငါးများခိုအောင်းနိုင်မည့် ရေမြောင်းနက်နက်တစ်ခုပါဝင်သည့် စပါး-ငါး စိုက်ခင်းအား ထောက်ပံ့မှုများ ပံ့ပိုးပေးခဲ့ပါသည်။ သို့သော် ငါးများခိုအောင်းရန် ရေမြောင်းအား အကျယ်ဆုံးအနေဖြင့် စပါးခင်းဧရိယာ၏ ၅% အထိသာ တူးဖော်သည်။ ၁၂ ရက် ဇူလိုင်လ ၂၀၁၉ ခုနှစ်တွင် GIFT တီလားပီးယား ငါးသားပေါက်အကောင်ရေ ၅၀၀ နှင့် ‌ရွှေဝါငါးကြင်း ငါးသားပေါက်အကောင်ရေ ၅၀၀ အား စပါး-ငါးလယ်ကွက်ထဲသို့ ထည့်သွင်းမွေးမြူရန် MYSAP မှ ပံ့ပိုးကူညီခဲ့သည်။ ကိုချစ်မိုးသည် ၂၆ ရက် မတ်လ ၂၀၂၀ ခုနှစ်တွင် စပါးခင်းအား ရိတ်သိမ်းခဲ့ပါသည်။ ၎င်းနေ့တွင် GIFT တီလားပီးယားနှင့် ရွှေဝါငါးကြင်း စုစုပေါင်း ၅.၇ ပိဿာကို တချို့တဝက်ဖမ်းဆီးခြင်း ပြုလုပ်ခဲ့သည်။ ၀.၅ ဧကရှိ လယ်ကွက်မှ စပါးတစ်မျိုးတည်းစိုက်ပျိုးပြီး ရရှိသည့် ပုံမှန်ဝင်ငွေမှာ ၂၀၀,၀၀၀ ကျပ်ခန့်ဖြစ်ပြီး၊ ယခုနှစ် စပါးနှင့်ငါး ရောနှောစိုက်ပျိုးမွေးမြူပြီး ရရှိမည့်ခန့်မှန်းချေဝင်ငွေမှာ အနည်းဆုံး ၃၅၀,၀၀၀ ကျပ်ခန့် ရှိနိုင်မည်ဟု ကိုချစ်မိုးမှ ပြောပါသည်။ အဘယ့်ကြောင့်ဆိုသော် စပါးခင်းသို့ကျရောက်သည့် ပိုးမွှားများ လျော့နည်းသွားသဖြင့် စပါးပင်များ ကောင်းမွန်စွာကြီးထွားပြီး စပါး-ငါး စိုက်ခင်းထဲတွင်လည်း နောက်ထပ် ဖမ်းဆီးရရှိနိုင်သည့် ငါးအများအပြား ကျန်ရှိနေသေးသဖြင့် ဖြစ်ပါသည်။ 

     ကိုချစ်မိုးသည် ကိုယ်ပိုင်စားသောက်ဆိုင်ဖွင့်ထားပြီး ရပ်ရွာဒေသအတွင်း အစားအသောက်များ ချက်ပြုတ်ရောင်းချသည်။ ထို့ကြောင့် စပါး-ငါးလယ်ကွက်မှ တချို့တဝက်ဖမ်းဆီးရမိသော ငါးများကို အပိုဝင်ငွေ ပိုမိုရရှိရန်အတွက် မိမိစားသောက်ဆိုင်တွင် တန်ဖိုးမြှင့် ချက်ပြုတ်ရောင်းချပါသည်။ MYSAP မှ ကနေဦးပံ့ပိုးသည့် စပါးနှင့်ငါးရောနှောစိုက်ပျိုးမွေးမြူသည့် နည်းပညာများသည် သဘာဝပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိပြီး ပိုးသတ်ဆေးနှင့် ဓာတုဆေးဝါးများ အသုံးပြုခြင်းမရှိသည့်အတွက် စပါးစိုက်ပျိုးရန် အရင်းအနှီးအနည်းငယ်သာ ကုန်ကျပါသည်။ ထို့ကြောင့် ကိုချစ်မိုးသည် အနာဂတ်တွင် ရေရှည်တည်တံ့သည့် စပါးနှင့်ငါးရောနှောစိုက်ပျိုးခြင်းအား ဆက်လက်၍ လုပ်ကိုင်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။ 

ယခုဆောင်းပါးကို MYSAP Inland မှပူးပေါင်း ပါဝင်ပံ့ပိုးထားပါသည်။

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်