လက်ဖက်စိုက်တောင်သူများအတွက် သတင်းကောင်း

26/02/2019 15:23 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း လက်ဖက်စိုက်ပျိုးထုတ်လုပ်ရောင်းချသူများအသင်း မှ ပေးပို့ထားပါသည်။

 

လက်ဖက်စိုက်တောင်သူများအတွက် သတင်းကောင်း

မြန်မာနိင်ငံလက်ဖက်အသင်း အသင်းဝင်အဖြစ် အစိမ်းရောင်လမ်းဖုန်းဆော့ဝဲလ်မှာ တိုက်ရိုက်လျှောက်ထားနိုင်ပါပြီ။

 အရင်တုန်းကတော့ လက်ဖက်အသင်းဝင်ဖြစ်ဖို့ ပတ်စပို့ ဓာတ်ပုံရိုက် လျှောက်လွှာတွေဖြည့်ပြီး အဖွဲ့အစည်းရုံးမှာ တင်မှ အသင်းဝင်နိုင်ပါတယ် ။ အခုတော့ အစိမ်းရောင်လမ်း ဖုန်းဆော့ဝဲလ်ပေါ်မှာ အလွယ်တကူ အသင်းဝင်လျှောက်ထားနိုင်ပါပြီ။

 

ဘာတွေရနိုင်မလဲဆိုတော့????????

 အသင်းဝင်ဖြစ်မှရရှိနိုင်မယ့် လက်ဖက်နဲ့ပတ်သက်တဲ့ နည်းပညာ၊ သတင်းအချက်အလက်တွေ၊ လက်ဖက်စိုက်ပျိုးထုတ်လုပ်မှုသင်တန်းတွေကို အချိန်နဲ့တပြေးညီ ရရှိနိုင်မှာပါ။

ဒါကြောင့် မြန်မာနိုင်ငံ လက်ဖက်အသင်းရဲ့ အသင်းဝင်ဖြစ်လာဖို့ အစိမ်းရောင်လမ်းကနေ အခုပဲ အသင်းဝင်လိုက်ကြရအောင်။ 

 

အသင်းဝင်ဖို့ဘာတွေလုပ်ရမလဲ???????

- မိမိကိုယ်ရေးအချက်အလက်ကဏ္ဍမှာရှိတဲ့ “သင့်အဖွဲ့အစည်းများ” ကဏ္ဍကိုသွားပါ။

- “အသင်းဝင်နိုင်သောအဖွဲ့အစည်းများ”အောက်မှာ မြန်မာနိုင်ငံလက်ဖက်အသင်းကိုတွေ့ပါက ဝင်ရောက်၍ အဖွဲ့ဝင် လျှောက်ထားနိုင်ပါတယ်။

- အသင်းဝင်အမျိုးအစားရွေးချယ်ပေးပါ။

- ပြီးရင်တော့ အသင်းဝင်လျှောက်လွှာပုံစံဖြည့်ပါ။

- လျှောက်လွှာဖြည့်ပြီးနောက် wave money ဖွင့်ထားတဲ့ ဖုန်းနံပါတ်ကိုထည့် အတည်ပြု၊ အသင်းဝင်ကြေးပေးဆောင်ပြီးပြီဆိုရင်တော့ မြန်မာနိုင်ငံ လက်ဖက်အသင်းရဲ့ အသင်းဝင် ဖြစ်ပါပြီ

မှတ်ချက်။  အသင်းဝင်ကြေးပေးဆောင်ရန်အတွက် Wave Money နဲ့ ပူးပေါင်းဆောင်ရွက်ထားပါတယ်။  Wave Money အေကာင့်မရှိပါက Wave money အကောင့်ရှိတဲ့ သူငယ်ချင်းတစ်ယောက် ဒါမှမဟုတ် Wave money ဆိုင်က ဖုန်းနံပါတ်ကို တောင်းပြီး ထည့်လိုက်ပါ။ ပြီးရင် အဲဒီအကောင့်ကနေ အသင်းဝင်ကြေး တိုက်ရိုက်ပေးဆောင်နိုင်ပါတယ်။ 

မြန်မာနိုင်ငံအတွင်းရှိ တောင်သူများအားလုံး နည်းပညာဆင့်ပွားတိုးတက်ပြန့်ပွား၍ အောင်မြင်သောပန်းတိုင်သို့လျှောက်လှမ်းနိုင်ကြပါစေ။ 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်