သိန်းထောင်သောင်းချီတန်တဲ့ ကမ္ဘာတစ်လွှားဈေးအကြီးဆုံးဘွန်ဇိုင်းပင်များ

28/07/2022 16:35 PM တွင် ဆုမြတ်နိုး ဆုမြတ်နိုး မှ ရေးသား

ဘွန်ဇိုင်းပင်ဆိုတာ နှစ်ပေါင်းရာကျော်အောင်နေနိုင်တဲ့ သက်ရှိအပင်လေးတွေပဲဖြစ်ပါတယ်။ ဘွန်ဇိုင်း ဆိုတဲ့ စကားဟာ ဂျပန်ဝေါဟာရတစ်ခုပါ။  'အိုးလေးထဲမှာ ရှင်သန်နေတဲ့အပင် ဒါမှမဟုတ် သစ်ပင်လေး’ လို့ အဓိပ္ပာယ်ရပါတယ်။

ဘွန်ဇိုင်းပင်လေးတွေက အပြင်မှာကြီးထွားနေတဲ့အပင်တွေလိုပဲ အိုးတွေမှာကြီးထွားနေကြတာ ဖြစ်လို့ လူပုံတူပန်းချီကားတစ်ချပ်နဲ့တောင် ဆင်တူပါတယ်။

ဒါကြောင့်လည်း ဘွန်ဇိုင်းအပင်လေးတွေကို ဈေးကြီးကြီးနဲ့ ရောင်းနေ ဝယ်နေကြတာပဲဖြစ်ပါတယ်။

ဘွန်ဇိုင်းပင်လေးတွေက ပုံသဏ္ဌာန်အမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ ဒေါ်လာသန်းပေါင်းများစွာအထိ ဈေးတွေရှိပါတယ်။

အဓိကအားဖြင့်တော့ ဘွန်ဇိုင်းပင်ရဲ့ သက်တမ်း၊ လှပမှုအရည်အသွေး၊ ပင်စည်ထူထူနဲ့ ခိုင်ခန့်တဲ့ ကိုင်းပေါ်မူတည်ပြီး တန်ဖိုးကိုသတ်မှတ်ကြပါတယ်။

ဘွန်ဇိုင်းပင်လေးကိုဖန်တီးမယ်ဆိုရင် ပိုက်ဆံတွေအများကြီး အသုံးချဖို့မလိုအပ်ပေမယ့် အပင်ကောင်းလေး တစ်ပင်ရဖို့အတွက်တော့ နှစ်ပေါင်းများစွာ ဂရုတစိုက် စိတ်ရှည်ရှည်ထိန်းသိမ်းရလို့နူးညံ့တဲ့အလုပ်ပဲဖြစ်ပါတယ်။ 

ဘွန်ဇိုင်းအပင်ပြုစုနည်းကို မလေ့လာဘဲ ဈေးကြီးတဲ့ဘွန်ဇိုင်းအပင်ကို ဝယ်မိမယ်ဆိုရင် ပိုက်ဆံတွေကို ရေထဲပစ်ချလိုက်သလို ဖြစ်နေခဲ့မှာပါ။

ဒါဆိုကမ္ဘာပေါ်က ဈေးအကြီးဆုံးဘွန်ဇိုင်းအပင်တွေက ဘာဖြစ်မလဲ?

ပုံလေးတွေနဲ့တွဲပြီးကြည့်ကြရအောင်ပါ။

ဒီအပင်လေးကတော့ ရာစုနှစ်တစ်ခုရှိတဲ့ ထင်ရှူးဘွန်ဇိုင်းပင်ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၁.၃ သန်း ( မြန်မာငွေ ကျပ် သိန်း ၃ သောင်းဝန်းကျင်) ရှိပြီးတော့ တကမက်ဆုပြည်နယ်၊ ဂျပန်နိုင်ငံမှာကျင်းပခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ဘွန်ဇိုင်းပြပွဲမှာ ရောင်းထွက်ခဲ့တာပဲ ဖြစ်ပါတယ်။

ဂျူနီပါဘွန်ဇိုင်းလို့ ခေါ်ပြီးတော့ သိန်းပေါင်းကတော့ ၇၀၀၀ ဝန်းကျင် ( အမေရိကန်ဒေါ်လာ ၃၅၀၀၀၀) ဖြစ်ပါတယ်။

တိုင်ကန်တန်း ဘွန်ဇိုင်းပြပွဲမှာပြသခဲ့တဲ့ ဂျူနီပါ လို့ခေါ်တဲ့ ဒီဘွန်ဇိုင်းပင်လေးဟာဆိုရင်တော့ သိန်းပေါင်းကတော့ ၃၃၀၀ ဝန်းကျင်ရရှိခဲ့တာပဲဖြစ်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း အဖြူရောင်ထင်ရှုးဘွန်ဇိုင်းလေးကတော့  ဂျပန်ငွေ ¥18,000,000 ဖြစ်ပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ သိန်းပေါင်း ၃၀၀၀ ကျော်လောက်ဖြစ်ပါလိမ့်မယ်။

ဒီတုတ်ခဲနေတဲ့ ဘွန်ဇိုင်းပင်ကတော့ ဂျပန်ငွေ ¥12,000,000 ( ကျပ် သိန်းပေါင်း ၂၀၀၀ ဝန်းကျင်) ပါ။

ဘယ်ဘက်ကတော့ ဘွန်ဇိုင်းချစ်သူတွေတိုင်းကောင်းကောင်းသိကြတဲ့ မာစာဟီကို ကီမူရာနဲ့ ညာဘက်မှာ ရပ်နေတာကတော့ S -cube ဘွန်ဇိုင်းကုမ္ပဏီပိုင်ရှင် ဆိုင်းဂျိမိုရီမဲဖြစ်ပါတယ်။

သူတို့ရပ်နေကြတဲ့ ဘွန်ဇိုင်းပင်ကတော့ မြန်မာကျပ်ငွေ သိန်းပေါင်း ၆၀၀ ဝန်းကျင်ရှိပါတယ်။

ဒီအပင်လေးကတော့ သိန်းပေါင်း ၁၆၀၀ ဝန်းကျင်တန်ပါတယ်တဲ့။

ဒီဘွန်ဇိုင်းအိုးလေးကတော့ အပင်လေးတွေလောက်ဈေးမကြီးပေမယ့် မြန်မာကျပ် သိန်းပေါင်း ၃၀၀၀ ဝန်းကျင်ရှိပါတယ်။ အမေရိကန်ဒေါ်လာ 150,000 ပဲဖြစ်ပါတယ်။

ဆိုတော့ ဘွန်ဇိုင်းပင်လေးတွေဟာ ဖန်တီးဖို့အချိန်အများကြီးယူရသလို တန်ဖိုးထားတတ်သူတွေနဲ့ တွေ့သွားတော့လည်း ဖန်တီးရကျိုးနပ်တယ်လို့ပဲ ပြောရမှာပေါ့နော်။

ကဲ... ဈေးအကြီးဆုံးဘွန်ဇိုင်းပင်လေးတွေကို မြင်ဖူးပြီးသွားပြီဆိုတော့ အစိမ်းရောင်လမ်း စာဖတ်ပရိတ်သတ်တို့ဆီမှာရော ဘွန်ဇိုင်းအပင်လေးတွေ ဘယ်နှစ်ပင်ရှိလဲဆိုတာနဲ့ ဘယ်လောက်ထိ တန်ဖိုးထားတယ်ဆိုတာလေးတွေ ပြောပြသွားကြပါဦးနော်...

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်