ရဲယို တိုင်းရင်းဆေးဝါးအသုံးချမှုများ

23/01/2018 14:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံဒေသအားလုံးနှင့် အပူပိုင်းပစိဖိတ်ကျွန်းနိုင်ငံ ဒေသအားလုံးတို့၏ ဟင်းလျားအချို့နှင့် ရိုးရာဆေးဝါးတို့တွင် ရဲယို အလေးအနက်ပြုသုံးစွဲခဲ့ကြသည်။ အောက်ဖော်ပြပါ ရိုးရာဆေးဝါး ဓါတ်စာများမှာလည်း မြန်မာတိုင်းရင်းသား လူမျိုးတို့မိရိုးဖလားဆေးနည်းများ ဖြစ်ကြသည်။

ကလေးသွေးဝမ်း
ရဲယိုရွက်ကျကျပြုတ်ရည်တွင်း မုန်ညင်းဆီတစ်စက်နှစ်စက်ခန့် ထည့်၍ တိုက်ကျွေးပါ။ (ဇွန်းကြီးတစ်ဇွန်း တစ်နေ့ ၃ - ၄ ကြိမ်)

အဆစ်ရောင်
အရွက်ကို ကြိတ်ညှစ်၍ရသော သတ္တုရည်ကို လိမ်းနယ်ပေးပါ။ အကြောတင်၊ အကြောထုံးဖွဲ့၊ လေးဘက်နာ ၊ အဆစ်ရောင်တို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။ ရောဂါကိုကြည့်၍ မကြာမကြာလိမ်းပေးပါ။

သွားနာ
အသီးနုကို ဆားနှင့်ရောကြိတ်၍ သွားခြေအရင်းမှာ သိပ်ပေးပါ။ သွားဖုံးရောင်ခြင်းကိုလည်း သက်သာ ပျောက် ကင်း နိုင်သည်။

အနာပေါက်
ရဲယိုရွက်ကို ကြိတ်၍ အုံပေးပါ။ တစ်နေ့ ၂-ကြိမ်ခန့်အုံပေးပါ။ အနာနုလျှင် ပိန်ကျသွားပြီး အနာရင့်လျှင် ပြည်ပေါက်၍ သက်သာပျောက်ကင်းနိုင်သည်။

အနာသွေးယို
အနာစိမ်း၊ အနာဟောင်းတို့မှ သွေးယိုစီးမှုဖြစ်ပါက ရဲယိုသီးခြောက်အမှုန့်ဖြင့် သိပ်ပါ။

ရင်ပြည့်ရင်ကယ်
ရဲယိုသီးအမှည့်ကို ထန်းလျက်နှင့် ညဉ့်ဦးယံမှာ ခေါက်၍ထား၊ နံနက်ရောက်မှစားပေးပါ။ ဝမ်းဖော၊ ဝမ်းရောင်၊ ဝမ်းပျက်တို့ကို သက်သာပျောက်ကင်းနိုင်သည်။ ကြို့ထိုး လျှင်လည်း ဤနည်းသုံးနိုင်သည်။

မီးယပ်မှန် ဓါတ်စာ
 အထက်ပါနည်းအတိုင်း ရဲယိုသီးကို ထန်းလျက်နှင့်ခေါက်ပြီး မီးယပ် မလာမီ ကြိုတင်စားထားပါ။ မီးယပ် ကိုက်ခဲ ခြင်းကိုပါ သက်သာပျောက်ကင်းနိုင်သည်။

ဗောက်ထခြင်း
 ဦးခေါင်း ဆံရင်းရောက်အောင် ရဲယိုသီးမှည့်အရည်နှင့် လိမ်းပေးပါ။ ခေတ္တထားပြီး တစ်ရော်ကင်ပွန်းဖြင့် ခေါင်း လျှော်ပေးပါ။

သွေးခဲ/ သွေးကြောပိတ်
ရဲယိုရွက်သတ္တုရည် ဇွန်းကလေးတစ်ဇွန်းကို အစာနှင့် ဝေးဝေး တစ်နေ့ ၃-၄ ကြိမ် တိုက်ကျွေးပေးပါ။

အညောင်းအကိုက်
ရဲယိုအမြစ်ခေါက်ကို ရေနှင့်သွေး၍ လိမ်းထားပါ။ ခြောက်သွားလျှင် ထပ်လိမ်းပါ။ အခိုးပွင့်၍ အကိုက်အခဲ သက်သာ နိုင်သည်။

နှာခေါင်းသွေးလျှံ
ရဲယိုရွက်ကို ပြုတ်၍ သုပ်စားပေးနိုင်လျှင် သက်သာပျောက်ကင်းနိုင်သည်။ ဤသို့စားသုံးခြင်းဖြင့် သားသည် မိခင် နို့ချောင်းပိတ်ခြင်း၊ နို့ရည်ခမ်းခြင်း၊ သကျည်းကိုက်ခြင်း၊ ဝမ်းရစ်၍နာခြင်း တို့ကို လည်း သက်သာ ပျောက်ကင်းနိုင်သည်။

ပင်လယ်အူလျောက်နာ
 ရဲယိုရွက်ကို ငါးမြွေထိုးငါးသား နှင့် ပြုတ်၍စားပေးလျှင် သက်သာပျောက်ကင်းနိုင်သည်။ (ပင်လယ်အူလျှောက် နာကို အထက်လှန်/အောက်လျောနာ ဟူ၍ ခေါ်သည်။)

နှလုံး/ဆီးချို
ရဲယိုရွက်ကို ဒန့်သလွန်ရွက်နှင့် ဟင်းခါးရည်ကျို၍ စားသောက်ပေးပါ။ ဤဆေးအာဟာရသည် မီးယပ်သွေးသွန် ခြင်း ကိုလည်း အသုံးပြုနိုင်သည်။

လေငန်း
ရဲယိုရွက်ကို ငါးရံ့သားနှင့် ဖက်ထုပ်လုပ်၍ ဓါတ်စာအဖြစ်စားသုံးပါစေ။

အဆုတ်
T.B အဆုတ်နာစွဲကပ်ပါက ရဲယိုသီးအမှည့်အရည်ကို ညှစ်ယူ၍ ဇွန်းကြီးတစ်ဇွန်းကို တစ်နေ့ ၃-ကြိမ် ရောဂါ အခြေအနေကြည့်၍ တိုက်ကျွေးပါ။

ခေါင်းကိုက် ခေါင်းအုံ
ရဲယိုရွက်ပြုတ်ရည်ဖြင့် ရေချိုးပေးလျှင် သက်သာပျောက်ကင်းနိုင်သည်ဟု ဆိုသည်။

 

စိုးမြင့်ဒွဏ်း (ရဲယို ဩဂဲနစ် သီးနှံစိုက်ပျိုးရေး နှင့် အံ့ဖွယ် ဆေးအာနိသင်များ)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်