သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များကို သန့်စင်သွားစေမယ့် နည်း ၃ မျိုး
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သီးနှံစိုက်ခင်းမှသည် စားသုံးသူဆီကိုရောက်ရှိတဲ့အထိ အဆင့်ဆင့် ဖြတ်သန်းလာခဲ့ရတာဖြစ်လို့ ကျန်းမာရေးကိုထိခိုက်နိုင်တဲ့ ရောဂါပိုးများစွာနဲ့ ညစ်ညမ်းနေနိုင်ပါတယ်။ ဒါ့အပြင် သီးနှံစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတုဆေးဝါးတွေရဲ့ အာနိသင်အကြွင်းအကျန်တွေကြောင့်လည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါတယ်။
များသောအားဖြင့် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေဆိုတာဟာ အစိမ်းအတိုင်းစားသုံးကြတာဖြစ်လို့ ကျန်းမာရေးကို ပိုပြီးအန္တရာယ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် အစားအစာတွေကို မစားခင်မှာ စနစ်တကျဆေးကြောသန့်စင်ပြီး ပိုးသတ်နိုင်ဖို့က အရေးကြီးပါတယ်။
များသောအားဖြင့်တော့ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို မစားခင်ဆေးကြောတဲ့အခါ ရေနဲ့ပဲ စက္ကန့်ပိုင်းလောက်လေး ဆေးလိုက်ကြတာ များပါတယ်။ အမှန်တော့ အဲ့ဒီအချိန်ပမာဏဟာ လုံလောက်တဲ့ပမာဏမဟုတ်ပါဘူး။ အနည်းဆုံး ရေခွက်ထဲမှာ ၂ မိနစ်ခန့် သေချာဆေးကြော (သို့မဟုတ်) စိမ်ထားသင့်တာ ဖြစ်ပါတယ်။
ရေကိုချည်းအသုံးပြုရုံနဲ့တော့ ကောင်းကောင်းသန့်စင်ဖို့မလွယ်ပါဘူး။ ဆိုတော့ ယခုဆောင်းပါးမှာ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်ရာမှာ ပိုမိုထိရောက်တဲ့ ပစ္စည်း ၃ မျိုးအကြောင်း မျှဝေပေးသွားမှာပါ။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါဟာ ဈေးမကြီးသလို ရှာရလည်းလွယ်ကူပြီး အချက်အပြုတ်တွက်ဖြစ်စေ ကျန်းမာရေးအတွက် ဖြစ်စေဆောင်ထားလေ့ရှိတာမို့ အလွယ်တကူအသုံးပြုနိုင်ပါတယ်။ ၎င်းရဲ့အားသာချက်ကတော့ ထိရောက်စွာ သန့်စင်ပေးနိုင်ပြီး ပိုးသတ်ပေးနိုင်တဲ့အတွက်ကြောင့် အသုံးပြုသင့်တာ ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရေ ၁ လီတာမှာ မုန့်ဖုတ်ဆိုဒါ ထမင်းစားဇွန်း ၁ ဇွန်းဖျော်ပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်ခန့် စိမ်ထားရမှာ ဖြစ်ပါတယ်။
ရှာလကာရည်
ရှာလကာရည်ဟာလည်း မုန့်ဖုတ်ဆိုဒါလိုပဲ ဈေးမကြီးဘဲ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းဖြစ်ပြီး အစွမ်းထက်တဲ့ သဘာဝပိုးသတ်ဆေးရည်တွေထဲက တမျိုးလည်းဖြစ်ပါတယ်။ ၎င်းဟာ ဘက်တီးရီးယားပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့အတွက် အသုံးပြုသင့်တဲ့ အရာလည်းဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရှာလကာရည် ၁ ခွက်ကို ရေ ၁ လီတာနဲ့ ရောပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်ခန့်စိမ်ထားရမှာ ဖြစ်ပါတယ်။ ဒါမှမဟုတ် အသီးအနှံတွေပေါ် ဖျန်းပေးမယ်ဆိုရင်လည်း ရပါတယ်။
သံပယိုသီး
သံပယိုသီးမှာပါဝင်တဲ့ ဆစ်ထရစ် အက်စစ် (Citric acid) ဟာ ဘက်တီးရီးယားနဲ့ အခြားသော ရောဂါပိုးမွှားတွေကို ဆန့်ကျင်ပေးနိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ဒါ့ကြောင့် သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်များမှ ရောဂါပိုးမွှားတွေကို ဖယ်ရှားပေးနိုင်တဲ့ အကောင်းဆုံး သဘာဝဆေးတမျိုးလည်း ဖြစ်ပါတယ်။ အသုံးပြုပုံကတော့ ရေ၊ သံပယိုသီးရည်နဲ့ ရှာလကာရည်တို့ကို ဆတူရောစပ်ပြီး သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ၁၀ မိနစ်ခန့်စိမ်ထားရမှာ ဖြစ်ပါတယ်။ ထို့နောက် ရေစင်ပြီး ခြောက်သွေ့သွားရင်တော့ စားသုံးနိုင်ပြီ ဖြစ်ပါတယ်။
သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဆေးကြောသန့်စင်ရာမှာ ရေစိမ်တဲ့နည်းနဲ့ ရေဖျန်းတဲ့နည်းဆိုပြီး ရှိပါတယ်။ ပျော့ပျောင်းမှုရှိပြီး အစိမ်းရောင်အရွက်ပါရှိတဲ့ အသီးအနှံတွေဆိုရင် ရေစိမ်တဲ့နည်းကို အသုံးပြုသင့်ပါတယ်။ ရေစိမ်ခြင်းဟာ အန္တရာယ်ရှိစေနိုင်တဲ့ ပိုးမွှားများနဲ့ ဓာတုပစ္စည်းများကို ဖယ်ရှားပေးနိုင်ပြီး သီးနှံများကြာရှည်ခံစေရန်အတွက်လည်း အထောက်အကူပေးနိုင်ပါတယ်။
(ဥပမာ - ဆလပ်ရွက်၊ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီ၊ စပျစ်သီး၊ စတော်ဘယ်ရီ )
တင်းရင်းတဲ့ အပေါ်ယံအလွှာ (သို့မဟုတ်) အခွံပါရှိတဲ့ သီးနှံတွေဆိုရင်တော့ ရေဖျန်းတဲ့နည်းကို အသုံးပြုသင့်ပါတယ်။ (ဥပမာ - ခရမ်းချဥ်၊ အာလူး၊ ပန်းသီး၊ ဖရဲသီး၊ သခွားသီး )
ကိုးကားချက်
-https://www.freshfruitportal.com/
-https://www.webstaurantstore.com/
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်မေးခွန်းများ
ဆရာ ဒို့ဦးလေး ခင်ဗျ ရေ ။ EM ။ FAA စသည် အရည်တို့မှာ ဘယ်ဂဏန်း နံပါတ်တွေဆို စိုက်ပျိုးရေး သစ်ပင်းတိုင်းမှာ သုံးလို့ ဆင်ပြေပါသလဲ ခင်ဗျ ကျေးဇူးပါ
ကိုညိမ်းရွှေ • ဖြေကြားချက် 0 ခု
ရွှံ့ဂဏန်းဘယ်လိုမွေးလည်း။အကြယ်အဝန်းဘယ်လောက်ဆိုရလည်း။
အောင်ပိုင်ထွေး • ဖြေကြားချက် 0 ခု
စပါးအရွက်တွေဝါနေတာ ဒီဆေးတွေဖျနိးရင်အဆင်ပြေလားရှင့် အဖြုရွက်တေဠရောကျနေတာ
Theint Theint Nway • ဖြေကြားချက် 1 ခု
ကျွန်တော်က ပဲခူးတိုင်းက ဇော်လုံးစိုက်ပျိုးသူပါ။ ကျနော့်စိုက်ခင်းမှာအဓိကပြဿနာက မိုးတွင်းမှာ ရေနစ်မြုပ်တာပါ။ စိုက်ပျိုးပြီးမှ အခြေအနေကိုသိရတဲ့အတွက် ဘောင်မြှင့်တာမျိုးလဲမလုပ်ခဲ့ရပါဘူး။ ရေစီးအတွက် ခြံမှာ ပတ်မြောင်းဖော်လိုက်ရင်အဆင် ပြေနိုင်မလားခင်ဗျာ။ အဲ့ဒီပြဿနာကို ဘယ်လိုဖြေရှင်းရမလဲနဲ့ အတွေ့အကြုံရှိခဲ့ဖူးရင် မျှဝေပေးစေလိုပါတယ်ခင်ဗျာ။ ကျေးဇူးတင်ပါတယ်။
Kaung Pyae Kyaw • ဖြေကြားချက် 1 ခု
အင်ဇိုင်းအားဆေးရည်လုပ်ဖို့.သဘော်သိးကမရလို့....ငှက်ပြောသိး..ပန်းသစ်သော်သိး.ဖရဲသိးနဲ့လုပ်လို့ရလားဗျ...အခွံတွေကောထည့်ရတာလား
သန်းထိုက်အောင် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
စိုက်ပျိုးရေးဆိုင်ရာ ရေသွင်းနည်းပညာ (အပိုင်း - ၈)
25/08/2026
အသံ
မောင်နီတို့ ဆီမှာ ပျိုးဘောင်ပြင်တာလေးရှိတယ်ဟုတ် စနစ်ကျကျဆို ဘယ်လိုပြင်ရတာလဲ
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
အသံ
လေးမျက်နှာဒေသ၌ ရေကြီးရေလွှမ်းမိုးမှု ကျဆင်းရန် အလွန်နှေးကွေးနေ
24/08/2026
More from ဇင်ထူးနိုင်
အားလုံး
အသံ
ခေတ်မီဆန်းသစ်သော စိုက်ပျိုးရေးစနစ်သည် ကျွန်ုပ်တို့၏ အနာဂတ်အတွက် အဓိကသော့ချက် ဖြစ်လာ
24/08/2026
အသံ
ဖျက်ပိုးတွေက တကယ်ပဲ ပိုးသတ်ဆေးတွေကို ယဉ်ပါးလာနိုင်တာလား?
04/08/2026
အယ်လ်နီညိုနှင့်အတူ အရှေ့တောင်အာရှ ကြုံတွေ့ရမည့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူအန္တရာယ်
17/07/2026
ထိုင်းမှာ ကြံပင်ကို ဇီဝလောင်စာဆီ ပြောင်းပြီး အသုံးချနိုင်တော့မည်
15/06/2026
ဘက်စုံသုံးရုံတင်မက ကမ်းရိုးတန်းကိုပါ ကာကွယ်ပေးနိုင်တဲ့ ပင်လယ်ကဗွီးပင်
28/05/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....