ရခိုင်ပြည်နယ်ရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့် ဈေးကွက်ဖွံ့ဖြိုးရေးစီမံကိန်း၏ ဟင်းသီးဟင်းရွက် ပြပွဲပြိုင်ပွဲ၊ ဈေးကွက်ချိတ်ဆက်ခြင်းနှင့် နည်းပညာနှီးနှောဖလှယ်ပွဲကို ၂၀၂၀ ခုနှစ်၊ ဖေဖောဝါရီလ (၅) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ခိုင်သဇင်ခန်းမတွင် ပြုလုပ်ကျင်းပသွားမည်ဖြစ်ပါသည်။
ပြပွဲကို နည်းပညာနှီးနှောဖလှယ်ပွဲများ၊ ပညာပေးဟောပြောပွဲများ၊ စိုက်ပျိုးရေးသုံးပစ္စည်း အရောင်းပြခန်းများ၊ ဟင်းသီးဟင်းရွက် ပြပွဲပြိုင်ပွဲ ဆုချီးမြှင့်ပွဲများနဲ့ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့ မည်သူမဆို လာရောက်လေ့လာပါဝင်နိုင်ပါကြောင်း လေးစားစွာဖြင့် ဖိတ်ခေါ်လိုက်ပါရစေ။
နေ့ရက် - ဖေဖော်ဝါရီ (၅) ရက်၊ ၂၀၂၀ခုနှစ်။
အချိန် - နံနက် ၉:၀၀ နာရီမှ ညနေ ၅:၀၀
နေရာ - ခိုင်သဇင်ခန်းမ၊ စစ်တွေမြို့။
Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ
လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ
#စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။
အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့
နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။
အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။
သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။
ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။
လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။
ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။
စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော်
အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ
သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို
သုံးကြပါစို့....
Read more
Greenovator