ဖုံးအုပ်စိုက်ပေမဲ့ ရေမပေးတတ်ဘူး..ငနီ

18/02/2025 14:00 PM တွင် မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ရေးသား ပြီး မြားနီနည်းပညာပေးရေးအဖွဲ့ မြားနီနည်းပညာပေးရေးအဖွဲ့ မှ ပေးပို့ထားပါသည်။

ငနီရ ...

ဘောင်တွေဖော် ဘောင်တွေကို ဖုံးပြီးတော့ စိုက်တယ်။ ကောက်ရိုးဖုံးတာက ရေလောင်းတတ်သေးတယ်။

ပလပ်စတစ်နဲ့ ဆိုတော့ ဘယ်လို ရေ ထည့်ရမလဲ မစဉ်းစားတတ်လို့ ...

အပြည့်ပိတ်တာမှ မဟုတ်တာ လေးကျော်ရယ်

အပင်စိုက်ဖို့အတွက် ဖောက်ကတည်း က ရေလောင်းဖို့ရယ် နဲ့ အပင်အမြစ်နား အရမ်းပူတာမျိုး မဖြစ်အောင်လို့ ကျယ်ကျယ် ဖောက်ထားတာကိုးဗျ။

သုံးချင်ရင် အစက်ချတာနဲ့ ရေပေးလို့ရတယ်။

အဲ့ဒါကတော့ ဘောင်ပြင်ပြီးကတည်းက ဘောင်မအုပ်ခင်မှာ တန်းကြားနေရာ တည့်တည့်မှာ ပိုက်ချပြီးမှ ပလပ်စတစ်ဘောင်အုပ်တာပဲဖြစ်ဖြစ်၊ ဘောင်အုပ်ပြီးမှ ပိုက်တန်းကို ဘောင်ပေါ်ကနေ ဆွဲတာဖြစ်ဖြစ် လုပ်လို့ရတယ်။ 

နောက်တစ်ခုက ပုံမှန် ရေလောင်းသလိုလည်း လောင်းလို့ရတယ်။ အပေါက်ကနေ ရေဖျန်းပုံးနဲ့ လောင်းတာပဲဖြစ်ဖြစ်၊ ရေပိုက်နဲ့ပဲ လောင်းလောင်း ရပါသေးတယ်။

ပြီးတော့ ရေများ ပေါရင် ဘောင်ဖော်ထားတာမို့လား မြောင်းတိုက် သွင်းချလိုက်လည်း ရသေးတယ်။ 

ဒီမယ် လေးကျော်ရီးရဲ့ 

ဘောင်အုပ်စိုက်တယ်ဆိုတာ အစိုဓာတ်ကို ထိန်းနိုင်အောင်လို့ဗျ၊ ဆိုတော့ ရေကလည်း အများကြီး လောင်းစရာမလိုတာ သူ့အားသာချက်ပဲ။၊

မင့်ဟာက မောင်ဝင်းဦးစတိုင်ဖြစ်နေပြီ နည်းနည်းလျော့ဦးဟ ..

ပြောရင်း အားပါသွားလို့ပါ လေးကျော်ကလည်း

ဖုံးတာက ပလပ်စတစ်ဆိုရင် ပလပ်စတစ်ကလည်း တာရှည်ခံပေမဲ့ ဖောက်ရပြုရလွယ်။ 

လက်နဲ့ ထိုးဖောက်လို့တောင် ရတယ်။ ကြာရင်တော့ အဲ့ဒါကြီးက အမှိုက်ပုံကြီးဖြစ်လာတာတော့ရှိတာပေါ့။ အဲ့ဒါကြောင့်မို့ ကျုပ်က မဝယ်ခိုင်းတာလေ 

အလွယ်ရတာဆိုပိုက်ဆံမကုန်ဘူးလေ၊ ချောင်းထဲ ဗေဒါတွေ ဆယ်ပြီး နေပူထဲသာ ပစ်ထားလိုက်စမ်းပါ၊ ကောက်ရိုးတွေ သွားကောက်ပြီး ဖုံးစမ်းပါ့လိမ့်။ 

ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲဖိတ်ပေါ့၊ ပြီးကျ ဒီကောင်တွေက ဆွေးပြီး အခင်းထဲ ပြန်ရောက်သွားမှာဆိုတော့ မြေဆီလည်းတက် အပင်လည်း ထွက်ပေါ့။

အေး ဟိုတစ်ခါလိုတော့ ကောက်ရိုး လိုက်သယ်ပေးဦး ငနီ

ဟာ….လေးကျော်ကလည်းဗျာ…..

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်