ညောင်ဦး၊ ရေနံချောင်း၊ ချောက်ဒေသများတွင် မိုးခေါင် သတိပေးချက် အမြင့်ဆုံးပွိုင့်များတွင် ရှိနေ
ညောင်ဦး၊ ရေနံချောင်း၊ ချောက်စတဲ့ ဒေသတွေမှာ အခုလကုန်ထိ မိုးခေါင်ခြင်းသတိပေးချက်အဆင့် အမြင့်ဆုံးအမှတ်တွေဖြစ်တဲ့ D4 to D5 အထိ ရှိနေကြောင်း Windy ရဲ့ Drought Intensity Forecast မှာ တွေ့ရတယ်လို့ အပြည်ပြည်ဆိုင်ရာမိုးလေဝသစောင့်ကြည့်လေ့လာသူတစ်ဦးဖြစ်သူ ဦးဝင်းနိုင်က ပြောပါတယ်။

ကမ္ဘာ့မိုးလေဝသခန့်မှန်းဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့ Windy မှာ နေ့ရက် တစ်ရက်ချင်းစီရဲ့ Drought Intensity data ကို ၂၄ နာရီ တစ်ကြိမ် ၁၀ ရက်အတွက် update ပြပေးထားတဲ့အခြေအနေအရ ဦးဝင်းနိုင်က အခုလို ပြောတာပါ။

“ မိုးခေါင်တဲ့အနေအထားအတွက် အဆင့် ၅ ဆင့်နဲ့ပြတယ်။ D 1 ကနေ D 5 အထိ ဆိုပြီးတော့ ပြတာ။ Drought ဆိုတဲ့ မိုးခေါင်တဲ့အခြေအနေပေါ့။ ညောင်ဦးမှာဆို D5 အဆင့်ထိတောင် ပြထားတယ်။ မိုးတော်တော်နည်းမယ့်အခြေအနေပေါ့။ အခုလကုန် ၃၀ အထိပေါ့နော်”

ဒီကြားထဲ အဲ့ဒီဒေသတွေမှာ မိုးရနိုင်ခြေကတော့ “ မုန်တိုင်းဖြစ်မှပဲ မျှော်လင့်လို့ရမယ်” လို့ ဦးဝင်းနိုင်က ဆိုပါတယ်။
မိုးလေဝသဝက်ဘ်ဆိုဒ်တွေရဲ့ ခန့်မှန်းဖော်ပြချက်တွေအရ ‘ အထက်ပိုင်း ကချင်ပြည်နယ်မှာ ၇၂ နာရီအတွင်း မိုးရေချိန်စုစုပေါင်း ၆ လက်မလောက်ရွာပြီး မြစ်ရေတွေကြီး၊ လူတွေရေဘေးအတွက် စိုးရိမ်နေကြရတဲ့ အခြေအနေမှာ - အလယ်ပိုင်း မိုးနည်း/ရေရှားဒေသနဲ့ တောင်ကြီး၊ ရပ်စောက်၊ ဟဲဟိုးနဲ့ အောင်ပန်းအပါအဝင် ရှမ်းပြည်တောင်ပိုင်းဒေသတချို့၊ ကယား ပြည်နယ် ဖယ်ခုံနဲ့ ဒီးမော့ဆို ဒေသတွေမှာတော့ မိုးနည်းတဲ့ အခြေအနေနဲ့ ကြုံရပြီး စိုက်ပျိုးပင်များစိုက်ဖို့ အခက်အခဲဖြစ်လောက်တဲ့ မိုးနည်းနေခြင်းအခြေအနေနဲ့ ကြုံတွေ့နေရဆဲဖြစ်ပါတယ်' လို့လည်း ဦးဝင်းနိုင်က သုံးသပ်ဖော်ပြထားပါတယ်။

မြန်မာပြည်အထက်ပိုင်းဒေသတွေမှာတော့ မြစ်ရေမြင့်တက်မှုတွေကြောင့် ရွှေကူ၊ ကသာ၊ ဗန်းမော်မြို့တွေဘက်မှာ ရေဘေးရှောင်ရမှုများရှိလာနေပြီး အခုလကုန်ပိုင်းကျရင်တော့ မြစ်ကြီးနားနဲ့ မန္တလေးကြားမှာလည်း ရေကြီးနိုင်တဲ့အခြေအနေတွေဖြစ်လာနိုင်လို့ သတိထားကြ သင့်တယ်လို့ ဦးဝင်းနိုင်က သတိပေးထားပါတယ်။
Photo Crd_Win Naing FB
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ko aung gyi
လွန်ခဲ့သော ၄ နှစ် ကမန္တလေးတိုင်းညယ်တော့လောက်မိုးရွာနိုင်မလဲ
နိုင်လင်း
လွန်ခဲ့သော ၄ နှစ် ကမေကွးမှာလဲ မိုးမရွာဘူးဗျ နှမ်းခင်းေတွမိုးလိုေနပိ
ဦးဝင်းနိုင်
လွန်ခဲ့သော ၄ နှစ် ကကျောက်ဆည်ဘက်နဲ့ အလယ်ပိုင်းဒေသအတော်များများမှာ ဇွန်လအကုန် ဇူလိုင်လအဆန်းပိုင်း၊ အနောက်တောင်မုတ်သုံလေအားပြန်ကောင်းလာပြီးနောက်ပိုင်းမှ မိုးဖြိုင်ဖြိုင်ရွာနိုင်ပါလိမ့်မယ်။ မိုးလေဝသခန့်မှန်းရေး ကွန်ပျူတာ model တွေကတော့ ဇွန်လ ၂၉ ရက် ညနေပိုင်းက စ ပြီး ဇူလိုင်လဆန်းပိုင်းအထိ မိုးကောင်းလာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားပါတယ်။
ကိုမျိးဇော်
လွန်ခဲ့သော ၄ နှစ် ကကျောက်ဆည်နယ်စပါးစိုကခပျိုးရန်ရေလိုနေပါတယ်
ဆက်စပ်ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ် သုံးသပ်ချက်
ဆက်စပ်မေးခွန်းများ
ဒီချဥ်ပေါင်ရွက်တွေက ဘာအရည်တွေ ဖျန်ူးထားတာလဲရှင့် စားမိရင်ဘာဖြစ်မှာလဲ ဘယ်လိုလုပ်ပြီးစားရမှာလဲ
kayzin soe • ဖြေကြားချက် 4 ခု
ဒီချဥ်ပေါင်ရွက်ပေါ်က အရည်တွေက ဘာတွေလဲရှင့် ဒါမျိုးတွေက စားမိရင် ဘာအန္တရာယ်ထြစ်မှာလဲ ဘယ်လိုရွေးချယ်စားသုံးရမလဲရှင့်
kayzin soe • ဖြေကြားချက် 1 ခု
စပါးဘေးရွက်တွေ နီနေပါတယ်
Nay • ဖြေကြားချက် 2 ခု
ယူရီးယားပေါင်၂၀ပိုတက်ပေါင်၂၀ဆိုရင်ပြည်နဲ့ချင်ရင်ဘယ်နှစ်ပြည်ရှိလဲခဗျ
kyaw zin • ဖြေကြားချက် 1 ခု
ရွှေဖရုံပင်တွေကို အညွန့် ဘယ်အချိန်မှာ ဖျတ်ပေးရမလဲ သပရစေခင်ဗျာ။ ဆရာများကို လေးစားလျက်🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 4 ခု
နောက်ဆုံး ဆောင်းပါးများ
တိုင်းဒေသကြီး/ပြည်နယ်များအလိုက် သဘာဝဘေးအန္တရာယ်နှင့် လေးမျက်နှာ ရေကြီးမှု အထူးသုံးသပ်ချက်
10/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
10/09/2026
ထောပတ်သီး ပြည်ပဈေးကွက်ပျောက်၍ ပြည်တွင်းဈေး ကျဆင်း
10/09/2026
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....