နိုဝင်ဘာ (၂) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

02/11/2021 10:30 AM တွင် SU SU SAN (မိုးလေဝသပညာရှင်) SU SU SAN (မိုးလေဝသပညာရှင်) မှ ရေးသား

🕔 နေ့လည် ၅း၁၀ အချိန် ခန့်မှန်းချက်

မေတ္တာမြို့ လောင်းလုံ ထားဝယ် ကလိန်အောင် ရေဖြူ ရေး လေမိုး လျှပ်စီးမိုးကြိုးအန္တရာယ်ရှိသည်။

🕓 နေ့လည် ၄း၃၀ အချိန် ခန့်မှန်းချက်

ဒါးပိန် ကပြု ကဝ အုန်းနှဲ သက္ကလ သနပ်ပင် ပဲခူး လေမိုး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိသည်။

🕒 နေ့လည် ၄း၂၀ အချိန် ခန့်မှန်းချက်

ဒိုက်ဦး ပြွန်တန်ဆာ ညောင်လေးပင် ကျွဲပွဲ အုတ်တွင်း တောင်ငူ လေမိုးလျှပ်စီးမိုးကြိုး အန္တာရယ်ရှိသည်။

🕑နေ့လည် ၄ နာရီအချိန် ခန့်မှန်းချက်

 

ခရမ်းသုံးခွ မိုးနဲ့လျှပ်စီး အန္တရာယ်ရှိသည်။ ကရင်ပြည်နယ် ဘားအံ လေမိုး လျှပ်စီးမိုးကြိုး အန္တရာယ်ရှိသည်။

🕐 နေ့လည် ၁း၁၄ အချိန် ခန့်မှန်းချက်

 တံတားမြို့ ကျောက်တန်းမြို့ သန်လျင်မြို့ ရန်ကုန်မြို့ မိုးနဲ့လျှပ်စီးမိုးကြိုး အန္တရာယ်ရှိသည်။ 

 

🕔နေ့လည် ၁၂း၅၀ အချိန် ခန့်မှန်းချက်

မွန်ပြည်နယ် လမိုင်း မိုးနဲ့လျှပ်စီးမိုးကြိုးအန္တရာယ်ရှိပါတယ်။

🕔နံနက် ၁၁း၁၁ အချိန် ခန့်မှန်းချက်

 ၂၀၂၁ နိုဝင်ဘာလ ၄ ရက်န့မှ ၅ ရက်နေ့အတွင်း မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကယားပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်း၊  ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ကရင်ပြည်နယ်တို့တွင် မိုးရွာနိုင်ပါတယ်။ ရိတ်သိမ်းအခြောက်လှမ်းကြမည့်သူတွေ ကြိုတင်သိရှိနိုင်ရန် ခန့်မှန်းပေးတာဖြစ်သလို ဆောင်းသီးနှံစိုက်ပျိုးကြမည့်သူတွေ အဆင်သင့်ပြင်ဆင်နိုင်ရန်နှင့် မြန်မာပြည်သူပြည်သားအားလုံး ကြိုတင်သိရှိနိုင်ကြစေရန်အတွက်  လဝေး ရက်ဝေး ရက်နီး ခန့်မှန်းချက်များခန့်မှန်းပေးနေတာဖြစ်ပါတယ်။

🕔နံနက် ၅း၀၅ အချိန် ခန့်မှန်းချက်

ရှမ်းပြည်နယ်နှင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမိုးရွာမယ်လို့ #ECMWF model ကပြောပါတယ်။ 

🕔နံနက် ၄း၅၃ အချိန် ခန့်မှန်းချက်

စပါးရိတ်နေကြသူတွေ သတိနော် ဒီနေ့မိုးတွေရှိတယ်။

🕔နံနက် ၃း၁၁ အချိန် ခန့်မှန်းချက်

၂၀၂၁ နိုင်ဝင်ဘာလ ၁၄ ရက် ၁၅ ရက် နေ့များတွင် ဘင်္ဂလာပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းလေဝဲတစ်ခု ဖြစ်နိုင်ပါတယ်။ ပိုမိုအားကောင်းလာကာ အိန္ဒိယတောင်ပိုင်းကို ဝင်ရောက်မိုးကြီးနိုင်ပါတယ်။ မြန်မာနိုင်ငံတွင် လေဖိအားများလေထုတည်ရှိနေမှာဖြစ်လို့ စောင့်ကြည့်မုန်တိုင်းအဆင့် မသတ်မှတ်ပါဘူး။ အေးရာအေးကြောင်းပါနော်။ 

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်