အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

နိုဝင်ဘာ (၄) နေ့ရက်အတွက် စုစုစံရဲ့မိုးလေဝသခန့်မှန်းချက်စုစည်းမှု

🕔နံနက် ၇း၀၀ အချိန် ခန့်မှန်းချက်

ယနေ့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ နေပြည်တော်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတွေမှာ မိုးတွေရွာပါဦးမယ်။ ရင့်မှည့်ကောက်ပဲသီးနှံ ရိတ်သိမ်းနေကြသူတွေ အထူးသတိထားကြပါ။ ရေထိမခံနိုင်သောလုပ်ငန်းလုပ်ဆောင်နေကြသူတွေ မိုးအန္တရာယ်ရှိပါတယ်။

🕔နံနက် ၆း၃၀ အချိန် ခန့်မှန်းချက်

မြူနှင်းကလေးတွေ တဖွဲဖွဲကျခဲ့ပြီဆောင်းရေ။ ရှမ်းပြည်နယ်ကြီးအေးပါပြီ။ ဒါပေမယ့် မိုးကျန်နေပါသေးတယ်။ 

Su Su San 

𝐒𝐞𝐧𝐢𝐨𝐫 𝐌𝐞𝐭𝐞𝐨𝐫𝐨𝐠𝐢𝐬𝐭

𝐀𝐝𝐯𝐚𝐧𝐜𝐞𝐝 𝐖𝐞𝐚𝐭𝐡𝐞𝐫 𝐟𝐨𝐫𝐞𝐜𝐚𝐬𝐭𝐞𝐫 &

𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

2
ကိုနိုင်

ကိုနိုင်

လွန်ခဲ့သော ၄ နှစ် က

ရွာတယ်ဖျာ

Myo

Myo

လွန်ခဲ့သော ၄ နှစ် က

မကွေးမြို့မိုးရွာနိုင်သေးလားဗျ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

မင်းဧရာ ဆရာ/ရေအစိုဓါတ်အနေအထားဘယ်လောက်ပေးဖို့လိုလဲဆရာ‌

Zaw Than Oo • ဖြေကြားချက် 1 ခု

တစ်ပင်းလုံးညိုးခြောက်သေဆုံးရပါသလဲ တစ်ပင်ပြီးတစ်ကူးစပ်သကဲ့သို့ သေဆုံးလျက်ရှိပါတယ် ဘယ်လိုဆေးမျိုးသုံးရမလဲ

Cybergreen • ဖြေကြားချက် 2 ခု

ပဲးခူအနောက်ခြမ်း မာ မိုးစပါ ရိတ်ခြွေစက် ခ ဘဟ်လောက်ရှိလည်းဗျိုု့ ရိပ်ပြီသား လူတေရှိရင်အော်ခဲ့ ပါအုန်း ဘယ်နယ်မာ ဘယ်စျေးနဲ့ ရိတ်ပါတယ် ဆိုတာလေး လည်း ပြေားခဲ့ ပါအုန်းနော် မင်းလှပိုင် စစ်ကွင်းမာတော့ ၁ဧက ၂သိန်း စျေးနဲ့ ယူနေကြတယ် ဗျို့ စပါးကလည်း မြတ်တေမနိုင် စပါးကမထွက်

ကိုကို • ဖြေကြားချက် 1 ခု

ဆရာရေ စပါးခင်းမှာ လောင်မီးပိုး ကျနေလို့ ဘာဆေးဖျန်းရမလဲခင်မျာ အပင်သက်တမ်းက ရက်၉၀ ရှိပါပြီ ဆေးဖျန်းရင် အပင်လောင်မှာလည်း စိုးလို့ပါ

U Thu • ဖြေကြားချက် 1 ခု

ဆရာ အခုရက်ပိုင်းမိုင်းကလဲကောင်း ခရမ်းချဥ်ကလဲရောဂါကင်း မှိုရောဂါမဝင်အောင် ဒီဂရန်း 600 နဲ့ မင်းသားအတွဲ နှစ်မျိုးရောဖျန်းလို့ရပီလားဆရာ ဒီနှစ်တော့ မန်ကိုဇက် တစ်ကြိမ်ပဲ ဝင်ရသေးတယ်ဆရာ မနှစ်ကတုန်းကတော့ အဲ့ နှစ်မျိုးရောဖျန်းတာ အပင်လဲ စိမ်းစိုပီးတက်လာတယ် အပွင့်လဲ လိုက်လာတယ်ဆရာ ဆရာဖျန်းခိုင်းမှဖျန်းမှာပါဆရာ ဆေးကတော့ ကြိုက်လို့ ကြိုဝယ်ထားပါတယ်ဆရာ

U Yan • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။