တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

21/08/2021 10:00 AM တွင် AMIA AMIA မှ ရေးသား

(၁၆.၈.၂၀၂၁ မှ ၂၀.၈.၂၀၂၁) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ တစ်ပတ်အတွင်း ဈေးအပြောင်းအလဲတွေ ရှိခဲ့ပေမယ့် ပြည်တွင်းငွေလဲလှယ်ဈေးနှုန်း ကြောင့် ဈေးက အများကြီးကျဆင်းသွားတာမျိုးမရှိပါဘူး။ အိန္ဒိယနိုင်ငံမှာလည်း မတ်ပဲဈေးက တက်နေတဲ့အတွက် လက်ရှိအချိန်ထိ ဈေးကောင်းရနေပါတယ်။

ကုန်စည်ဒိုင်အများစုက မဖွင့်သေးတဲ့အတွက်ကြောင့် ဖုန်းနဲ့သာ ဈေးဖွင့်ရောင်းချ လုပ်ဆောင်နေရပြီး  ကုန်သည်အချင်းချင်းသာ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။

မတ်ပဲကတော့ လက်ရှိမှာ တစ်တန်ကို ၁၃၂၀၀၀၀ ကျော်ပေါက်ဈေးရှိပြီး  ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် ဈေးက ထောင်ဂဏန်းသာ ကျဆင်းသွားခဲ့ပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၃၅၀၀ ကနေ ၄၄၀၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ 

မော်လမြိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၅၀၀ ပေါက်ဈေးရှိပြီး ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။ 

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၁၃ သိန်းထိ ဈေးနှုန်းတွေ မြင့်တက်လာခဲ့ပါတယ်။ ပဲမရှိတော့ပဲ ပြည်တွင်းငွေလဲလှယ်နှုန်းဈေးတွေ တက်နေခဲ့တာကလည်း ပဲဈေးတွေကို မြင့်တက်နေတာ ဖြစ်ပါတယ်။

၁၃ သိန်းထိ မြင့်တက်နေခဲ့ပေမယ့် ရက်ပိုင်းအတွင်း ဈေးက ပြန်လည်ကျဆင်းသွားခဲ့ပါတယ်။ ပြည်တွင်း ကုန်သည်တွေအနေနဲ့ ဈေးတွေကို ပြန်ထိန်းတဲ့အနေအထားရှိပြီး အရင်ပဲအဟောင်းတွေကို အတက်ဈေးနဲ့ ပြန်လည်ထုတ်ရောင်းမှုတွေကြောင့် ဈေးက ကျဆင်းသွားတယ်လို့လည်း ကုန်သည်အများစုက ဆိုပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၃သိန်းကျော်ပေါက်ဈေးရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၁ သိန်းနီးပါးဈေးတက်လာခဲ့ပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ကနေ ၄၀၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၀၀၀ လောက်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀ ကျပ် ဈေးတက်လာပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီတစ်ပတ်မှာလည်း ဈေးတက်လာပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ အခြား ပဲတီစိမ်းအမျိုးအစားတွေက အတက်ဈေးနဲ့ ငြိမ်နေခဲ့ပြီး ပဲတီစိမ်း (ဝါးခယ်မ)က ဆက်တိုက် တက်နေခဲ့ပါတယ်။အရည်အသွေးကြောင့်ဈေးကောင်းရနေသလို ပြည်ပတင်ပို့မှုအတွက် ဝယ်ယူမှုတွေ ဆက်တိုက် ရှိနေတဲ့အတွက် ဈေးက တက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲတီစိမ်း(ခရမ်းရွှေဝါ)က တစ်ပိဿာကို ၂၁၆၅ ကနေ ၂၂၅၀  ကျပ်၊ ပဲတီစိမ်း(ပဲခူးရွှေဝါ)ကတော့ တစ်ပိဿာကို ၁၉၅၀ ကနေ ၂၀၀၀ ကျပ်၊ ပဲတီစိမ်း(ပခုက္ကူ)ကတော့ တစ်ပိဿာကို ၁၆၁၅ကနေ ၂၂၅၀ ကျပ် အသီးသီး ဈေးငြိမ်နေခဲ့ပါတယ်။

ပဲတီစိမ်း(ဝါးခယ်မ)က တစ်ပိဿာကို ၂၃၀၀ ကနေ ၂၃၃၅  ပေါက်ဈေးရှိပြီး ၁၆၅ ကျပ် ဈေးတက်လာခဲ့ ပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၃၃၅၀၀ ကနေ ၃၄၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၃၄၀၀၀ ကနေ ၃၅၀၀၀  ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပဲကြီး

ပဲကြီးကလည်း လက်ရှိမှာ အမြင့်ဆုံးဈေးကို ရောက်ရှိနေပါတယ်။ လက်ကျန်လည်းမရှိတဲ့အပြင် တရုတ်က ဝယ်ယူမှုရှိလာတဲ့အတွက် ဈေးကတက်လာတာလို့ သိရပါတယ်။ ပြည်တွင်းငွေလဲလှယ်နှုန်းတွေ မြင့်တက်လာတဲ့အတွက် ပြည်ပပို့ကုန် အများစု ပဲတွေကတော့ ဈေးတွေ တက်လာခဲ့ပါတယ်။

ရန်ကုန်ဈေးကွက်မှာတော့ ပဲကြီး(ရွှေကျွန်း)က တစ်ပိဿာကို ၃၁၈၅ ကနေ ၃၃၆၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၇၀၀ ကျော်ဈေးတက်လာပါတယ်။ ပဲကြီး(ကုန်း)ကတော့ ၂၇၈၀ မှ ၂၈၇၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၀၀ ကျော်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ ပဲကြီးက တစ်တင်းကို ၄၉၀၀၀ ကနေ ၆၀၀၀၀ အထိ ပေါက်ဈေးရှိပြီး တစ်တင်းကို ၇၀၀၀ လောက်ဈေးတက်လာပါတယ်။

ဆင်ဖြူကျွန်းမှာတော့ တစ်တင်းကို ၅၂၀၀၀ ကနေ ၅၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၆၀၀၀ ကျပ်ဈေးတက်လာပါတယ်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်