ဆပ်ပြာသီးပင် ဆိုသည်မှာ

08/07/2021 15:00 PM တွင် သိမ့်ဇာ သိမ့်ဇာ မှ ရေးသား

    မုံရွာ၊ ပခုက္ကူဘက်နဲ့ အင်းလေး၊ ညောင်ရွေဘက်ကသူတွေကတော့ ဆပ်ပြာသီးဆိုတာကိုရင်းနှီးကြမယ်ထင်ပါတယ်။ မြေပြန့်ဒေသ ၊ မြစ်ဝကျွန်းပေါ်ဒေသကသူတွေအနေနဲ့ ဆပ်ပြာသီးဆိုတာကို အထူးအဆန်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ခေတ်လူငယ်တွေဖြစ်တာနဲ့အမျှ ဆပ်ပြာတွေပေါများတဲ့ခေတ်မှာ ကြီးပြင်းခဲ့ကြသူတွေပါ။ ဆပ်ပြာသီးတွေကို ရှေးခတ်က အဘိုးအဘွားတွေကတော့ အသုံးပြုခဲ့ဖူးပါတယ်။ နိုင်ငံရပ်ခြားဒေသတွေမှာလည်း ဆပ်ပြာသီးကသဘာဝကရတဲ့ ကြေးပြောင်တဲ့ ပစ္စည်းဖြစ်တာကြောင့် စျေးကွက်တစ်ခုအနေနဲ့ အခိုင်အမာရှိကြပါတယ်။

    မြန်မာနိုင်ငံရဲ့ တောင်သူတွေအနေနဲ့လည်း မိမိပတ်ဝန်းကျင်မှာရှိတဲ့ ဒေသအရိုင်းမျိုးတွေကို တန်ဖိုးထားတတ်၊ မြင်တတ်အောင်၊ ဆပ်ပြာသီးပင်တွေ ပျောက်ကွယ်မသွားအောင် ဒီဆောင်းပါးလေးကို ရေးသားဖော်ပြလိုက်ရပါတယ်။

    ဆပ်ပြာသီးဆိုတာကတော့ အခွံမာအသီးအမျိုးအစားတစ်မျိုးပဲ ဖြစ်ပါတယ်။ အသီးရဲ့ အခွံမှာ Saponin ဓာတ်ပါတာကြောင့် ဆပ်ပြာလို အညစ်အကြေးပြောင်စေတဲ့ အာနိသင်ရှိပါတယ်။ ဓာတုမပါတဲ့ သဘာဝကြေးချွတ်ဆေးဖြစ်တာကြောင့် သဘာဝပတ်ဝန်းကျင်ကို တန်ဖိုးထား ချစ်မြတ်နိုးကြသူတွေကြားမှာ ဆပ်ပြာသီးက နာမည်ကြီးလှပါတယ်။

    သစ်မာပင်အမျိုးအစားဖြစ်ပြီး Sapindus mukorossi ဆိုတဲ့ သိပ္ပံအမည်ရှိပါတယ်။ ပင်လည်ရေမျက်နှာပြင်အမြင့် ၂၀၀ မီတာနဲ့ ၁၅၀၀ မီတာအတွင်းမှာ ပေါက်ရောက်ရှင်သန်နိုင်ပါတယ်။ ဟိမဝန္တာတောင်ကြောတစ်လျောက်တွေမှာ အများဆုံးတွေ့ရတတ်ပြီး   ပိုးမွှားဒါဏ်တွေကို ခံနိုင်ရည်ရှိတဲ့ ဒေသပေါက်ပင်တစ်မျိုးလည်းဖြစ်ပါတယ်။ ဆပ်ပြာသီးပင်တွေက ၉-၁၀ နှစ်ရောက်တဲ့အခါ အသီးစသီးပါတယ်။ ဒါကြောင့် ဒီလိုအပင်တွေကို လွယ်လွယ်ခုတ်မပစ်ဖို့ အရေးကြီးပါတယ်နော်။ အသီးစသီးပြီဆိုရင်လည်း နှစ်ပေါင်း ၉၀ လောက်အထိ အသီးသီးပေးကြပါတယ်။ နွေလတွေမှာ ပန်းပွင့်ဖြူဖြူလေးတွေ အစုလိုက်ပွင့်ပြီး လက်မဖျားလောက်ရှိတဲ့ အသီးလေးတွေကိုတော့ နိုဝင်ဘာ- ဒီဇင်ဘာလောက်မှာ ရရှိပါတယ်။ ဒီလိုအရွယ်မှာဆို စျေးကွက်ဝင်အသီးလေးတွေ ရရှိပြီဖြစ်ပါတယ်။

    အညစ်အကြေးတွေကို သန့်စင်ပေးတဲ့ Saponin ဓာတ်ကတော့ အသီးရဲ့အခွံမှာပဲ ပါတာဖြစ်လို့ ရောင်းချတဲ့အခါ အခွံချွတ်ပြီးမှ ရောင်းချကြပါတယ်။ အသီးခွံတွေကို အခြောက်ခံပြီးတာနဲ့ ဆပ်ပြာအဖြစ် တိုက်ရိုက်အသုံးချနိုင်ပါပြီတဲ့ရှင်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတည်းက ဟိမဝန္တာတောင်ကြောတစ်လျောက်က နိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ နီပေါ၊ တရုတ်နိုင်ငံတွေမှာ ဆပ်ပြာသီးကို အဝတ်လျှော်တဲ့အခါ၊ ဆေးကြောသန့်စင်မှုတွေပြုလုပ်တဲ့အခါ အသုံးချခဲ့ကြတာပါ။ သဘာဝပေါက်ပင်တွေဖြစ်တာကြောင့် ခူးဆွတ်ထုတ်ပိုးပြီး သဘာဝစစ်စစ်အနေနဲ့ နိုင်ငံတကာစျေးကွက်ကို တင်ပို့ရောင်းချကြပါတယ်။

    ဂေဟစနစ်ကို ချစ်မြတ်နိုးကြ ထိန်းသိမ်းကြတဲ့သူတွေအတွက်ကတော့ ဆပ်ပြာသီးက ဘုရားပေးတဲ့ ဆုလာဘ်အကြီးကြီးတစ်ခုပဲဖြစ်ပါတယ်။

    ၁၀၀ ရာခိုင်းနှုန်းအပြည့် သဘာဝကရတဲ့ဆပ်ပြာဖြစ်လို့ လူနဲ့ ခန္ဓာကိုယ်ကို ထိခိုင်စေမယ့် ဓာတုတွေကိုရှောင်နိုင်မယ်။ ရေအရင်းအမြစ်အတွက်လည်း ညစ်ညမ်းမှုတွေမဖြစ်စေတာ့ပါဘူး။

    ကလေးငယ်တွေနဲ့ ထိခိုက်လွယ်တဲ့ အရေပြားပိုင်ရှင်တွေအတွက်လည်း သင့်တော်ပါတယ်။ 

    ဆပ်ပြာသီးနဲ့ အဝတ်လျှော်ပြီး ရလာတဲ့ရေတွေကို အပင်တွေအတွက်ပါ အသုံးပြုလို့ရပါသေးတယ်။

    ဒီလိုအကျိုးကျေးဇူးတွေရှိတာကြောင့် မြန်မာနိုင်ငံမှာလည်း ဆပ်ပြာသီးက စျေးကွက်တစ်ခုအဖြစ် ရှိလာနိုင်ပါတယ်။ အိမ်တွင်းမှုလုပ်ငန်းတွေ လုပ်ကိုင်လာကြပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းချင်ကြတဲ့သူတွေလည်း ပေါများလာပြီဖြစ်တာကြောင့် ဓာတုအစားထိုးထုတ်ကုန်တွေဟာ နေရာရလာပါတယ်။ 

    မိမိတို့နေထိုင်ရာဒေသ ပတ်ဝန်းကျင်မှာ ဆပ်ပြာသီးပင်တွေ ပေါများတယ်ဆိုရင် ဒေသခံလူထုကို သင့်တော်တဲ့ထုတ်ပိုးမှု၊ သယ်ဆောင်မှုတွေ အကူအညီပေးနိုင်ကြစေဖို့လည်း ရည်ရွယ်ရေးသားလိုက်ရပါတယ်။ 

Ref:growing and using soap nuts for a greener washing by International Center of Integrated Mountain Development in Nepal(ICIMOD)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်