ဖြေကြားချက် ၂ ခု
ကြက်သွန်အတွက်ဆိုရင်တော့ ရွေးချယ်ပေါင်းသတ်ဆေးတွေရှိပါတယ်။ ဥပမာ။ ။သြဘာဆို..ဖော်ကျွန်း အာမိုဆို။ ။အာမိုဗြူးရှိပါတယ်။
စိုက်နည်းစနစ်တွေနဲ့ နှိမ်နင်းလို့မနိုင်တော့ရင် ပေါင်းသတ်ဆေးကိုသုံးနိုင်ပါတယ်။ ကိုယ်စိုက်တဲ့သီးနှံနဲ့ ပေါက်ရောက်တဲ့ ပေါင်းအမျိုးအစားအလိုက် ပေါင်းသတ်ဆေးရွေးချယ်မှုမှန်ကန်ရပါမယ်။ စိုက်ထားတဲ့သီးနှံအတွက် ရွေးချယ်ပေါင်းသတ်ဆေးဆိုပြီး ဆိုင်တွေမှာရှာကြည့်ပြီး အညွှန်းအတိုင်းစနစ်တကျဖျန်းပေးပါ။ ပေါင်းသတ်ဆေးသုံးရာမှာ သတိပြုရမယ့်အချက်တွေကိုအခုပေးထားတဲ့ ဆောင်းပါးမှာလည်း လေ့လာနိုင်ပါတယ်ရှင့် ဘက်စုံပေါင်းကာကွယ်နှိမ်နင်းခြင်း နည်းလမ်းများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
မုံညှင်းမြတ်သက်ဆေးလမ်းညွှန်ပါဦးဗျို့။
ဖြေကြားချက် 4 ခု
ပုံပါမုံညှင်းမြတ်များကိုမည်သည့်ဆေးဖြန်းရမလဲ သိလိုပါသည်။
ဖြေကြားချက် 1 ခု
ကျွန်တော်ကြက်သွန်ခင်းကဘာဆေးဖြန်းရမလဲပြေါပေးကျပါအုံး
ဖြေကြားချက် 3 ခု
ကြက်သွန်နီခင်း ပေါင်းသက်ဆေး ဘာသုံးသင်လဲ
ဖြေကြားချက် 3 ခု
ဆရာသမားတို့ခဗျ ကြက်သွန်နီပျိုးထောင်တဲ့နေရာမှာပေါင်းပင်များမပေါက်အောင်ဘလိုဆေးမျိုးသုံးရမလဲ ပျိုးပငိလဲအထိခိုက်မ...
ဖြေကြားချက် 2 ခု