အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
အိစက်ဝေ

အိစက်ဝေ

တောင်သူ · ရွှေဘို

68,534
လွန်ခဲ့သော ၅ နှစ် က

ဗိုင်းရပ်စ်ရောဂါလက္ခဏာပါ စုပ်စားပိုးကနေတဆင့် ရောဂါကူးစက်ပါတယ်။ အခြေအနေဆိုးရွားနေတဲ့အပင်တွေကို နှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မီးရှို့ဖျက်စီးပစ်ပါ။ စုပ်စားပိုးကာကွယ်နိုင်တဲ့ ပိုးသတ်ဆေးတမျိုးမျိုးသုံးပေးပါ။ ဒါမှမဟုတ် တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ကြိမ် ဖျန်းပေးနိုင်ပါတယ်။

ဘာ ဖစ် လို့အရွက်တေက အဲ့ လို့ ဖစ်သွားတာလဲရှင့် 😕

စုပ်စားပိုးပြဿနာ
လွန်ခဲ့သော ၅ နှစ် က

ပုံလေးပြပေးရင် ပိုအဆင်ပြေပါမယ်ရှင့်

စတော်ဘယ်ရီပင်စိုက်ထားတာပိုးတအားကျနေလို့ဘာဆေးဖြန်းရမလဲအဲ့ပိုးတေလဲညဘက်မှထွက်တာ

လွန်ခဲ့သော ၅ နှစ် က

ခရမ်းချဉ် စိုက်ပျိုးနည်း အဝါရောင်စာတန်းလေးကိုဖိပြီး လေ့လာနိုင်ပါတယ်

ခရမ်းချဥ်ဆိုက်နည်းလေးများသိချင်လို့

ခရမ်းချဉ်စိုက်ပျိုးနည်း
လွန်ခဲ့သော ၅ နှစ် က

အရည်အသွေးကောင်းမွန်တဲ့ ကြက်သွန်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ချက်များ ဒီဆောင်းပါးထဲကနည်းတွေအတိုင်း လိုက်နာကျင့်သုံးနိုင်ပါတယ်။

အပင်ကတော့ကောင်းတယ် ဥ ချအောင်ဘာလုပ်သင့်လဲ ပြောပြပေးကြပါ

ကြက်သွန်နီအပင်အာဟာရ
လွန်ခဲ့သော ၅ နှစ် က

မှိုကြောင့်ဖြစ်တဲ့ ရွက်လောင်ရောဂါလို့ ယူဆရပါတယ်။ ရေဖျန်းစနစ်ကြောင့် ရေတွေကအရွက်ပေါ်မှာ ကြာကြာတင်နေတာမို့ ရောဂါကျရောက်မှုကို ပိုဆိုးရွားစေပါတယ်။ ဆေးအနေနဲ့ မန်ကိုဇက်၊ မီတလက်ဇီအဇိုဆီစတိုဗင် စတဲ့ ဆေးအုပ်စုဝင်တစ်မျိုးမျိုးကို ဆေးအညွှန်းအတိုင်း သုံးပေးနိုင်ပါတယ်။ စိုက်ပျိုးနည်းစနစ်နဲ့ ကာကွယ်တဲ့နည်းလမ်းတွေကို ‌ပေးထားတဲ့ ဆောင်းပါးမှာ လေ့လာနိုင်ပါတယ်။ စတော်ဘယ်ရီအရွက်တွင် ကျရောက်လေ့ရှိသော မှိုရောဂါများ

အဲတာဘာရောဂါလဲဗျ ရေပုံမှန်ဖျန်ပေးပါတယ် ခြောက်ပီးတော့ အသီးကမလှတော့ဘူး ဘာဆေးသုံး၇မလဲ စတော်ဘယ်ရီ ပင်ပါ

လွန်ခဲ့သော ၅ နှစ် က

ပိုတက်ဆီယမ်ပါဝင်မှုများတဲ့မြေဩဇာကိုသုံးပေးပါ။ ရွက်ဖြန်းအနေနဲ့ ဇင့်၊ မဂ္ဂနီဆီယမ်ပါတဲ့ ရွက်ဖြန်းမြေဩဇာကို အသုံးပြုနိုင်ပါတယ်။

ဂန္ဓမာ ပန်း အရောင်တောက်ပအောင်ဘယ်လိုဆေး မြေသြဇာ သုံးရင် .ကောင်းမလဲခင်ဗျ

လွန်ခဲ့သော ၅ နှစ် က

နောက် ၅ လအကြာ (နိုဝင်ဘာ)လောက်ကနေစပြီး ဝါဆွတ်လို့ရပြီလို့ သိရပါတယ်။ စသိမ်းတဲ့ နေ့ကနေ နောက်ထပ် ၅ လအကြာအထိ ဝါဆွတ်ရတယ်လို့ သိရပါတယ်။

ဇွန်လ မှာ ဝါ စစိုက်မယ်ဆိုရင် ဘယ်လ လောက်မှာ စသိမ်းနိုင်မလဲ

လွန်ခဲ့သော ၅ နှစ် က

လျှော်ဖြူစိုက်ဖို့ မြေပြုပြင်မယ်ဆိုလျှင်ဖြင့်.... မြေအမျိုးအစားနဲ့ မြေပြုပြင်နည်းဆောင်းပါး link ပါ။ စာတန်းအဝါလေးကိုနှိပ်ပြီး လေ့လာနိုင်ပါတယ်။

၁။ လျှော်ဖြူစိုက်ပျိုးဖြစ်ထွန်းသည့်မြေအမျိုးအစား ၂။စိုက်ပျိုးပြုစုရမည့်နည်းလမ်း ၃။အချိန်ကာလ ဘယ်လောက်မှာ စျေးကွက်ဝင်

လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းခြင်း • စပါးဆစ်ပိုးခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။ • ပျိုးခင်းနဲ့ ရွှေ့ပြောင်းစိုက်တဲ့အချိန်တွေမှာ ဥမြုံတွေကို လက်နဲ့ကောက်ယူဖျက်ဆီးပါ။ • စပါးပင်အောက်ခြေမှာရှိတဲ့ ဥတွေကို ရေနှစ်သတ်ဖို့ သွင်းရေအမြင့်ကို အခါအားလျော်စွာ ပုံမှန်မြှင့်ပေးပါ။ • ရွှေ့ပြောင်းမစိုက်ပျိုးမီ ပျိုးခင်းကနေ စပါးခင်းထဲကို ဆစ်ပိုးဥတွေပါလာတာ လျော့ကျစေဖို့ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။ • အချိန်ကိုက်စိုက်ပြီး တစ်ပြိုင်တည်းစိုက်ကာ ရိုးပြတ်က လောက်ကောင်တွေကို ဖယ်ရှားဖို့ မြေမျက်နှာပြင်ကနေ စပါးကိုရိတ်ကာ ရိုးပြတ်တွေနဲ့ စပါးမျိုးရိုင်းတွေကို ဖယ်ရှားပြီး စပါးခင်းထဲမှာ ထယ်ထိုးရေလွှမ်းပါ။ • ရွှေ့ပြောင်းစိုက်ပြီး (၁) လခန့်မှစတင်ကာ တစ်ကွင်းတစ်စပ်တည်း အပတ်စဉ် မီးထောင်ချောက် ထွန်းပါ။ • ထရိုင်ခိုဂရားမားနဂျီ၊ ပုရွက်ဆိတ်၊ လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူတို့လို ဇီဝထိန်းချုပ်သက်ရှိတွေကို ထိန်းသိမ်းဖို့ အဝါရောင် ဒါမှမဟုတ် အဖြူရောင်ပွင့်တဲ့ ရုံးပတီ၊ နေကြာ၊ ခွေးသေးပန်း၊ ဘိစပ်ပင် စတာတွေကို စိုက်ပါ။ • နိုက်ထရိုဂျင်မြေသြဇာကို အကြိမ်ကြိမ်ခွဲပြီး ထောက်ခံနှုန်းထားအတိုင်း အချိန်ကိုက် အသုံးပြုပါ။ • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ ◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride) ◦ အဆီဖိတ် (Acephate) အ သေစိတ်ကို ပေးထားတဲ့ ဆောင်းပါး link ထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။ စပါးဆစ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

စပါးပင်ဆစ်ပိုးတွေနေလို့ဘာဆေးသုံးရင်အဆင်ပြေမလဲဆရာ

စပါးဆစ်ပိုး
လွန်ခဲ့သော ၅ နှစ် က

တမားပိုးသတ်ဆေးအသုံးပြုနိုင်ပါတယ်။ ဒါမှမဟုတ် ဒိုင်မီသိုအိတ်၊ အဘာမက်တင်၊ ထရိုင်ဇိုဖော့စ် စတဲ့ ဆေးများကို ဆေးဗူးပါအညွှန်းအတိုင်း အသုံးပြုပေးနိုင်ပါတယ်။ ‌အဝါရောင် စေးကပ်ထောင်ခြောက်တွေထောင်ထားပေးပါ။ နိုက်ထရိုဂျင်မြေဩဇာ အလွန်အကျွံသုံးစွဲခြင်းမှ ရှောင်ကြဉ်ပါ။ အရွက်တွေက ရွက်ထွင်းပိုးရဲ့ဖျက်ဆီးမှုကြောင့် ပုံစံပျက်နေတာပါ။ ‌ဘေးပတ်ဝန်းကျင်က ပေါင်းပင်တွေကိုလည်းရှင်းပေးပါ။

ပဲပင်ပေါ်ပိုးကျနေတယ်။ပြီးတော့အရွက်တွေခြောက်ပြီဝါနေတယ်။ဘာဆေးသုံးရမလည်း။ဘယ်ကြောင့်ဖြင့်သည်ကိုသိချင်ပါတယ်ခဗျာ။

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။