အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
406
လွန်ခဲ့သော ၆ နှစ် က · မြိတ်

ကျနော်လယ်မှာဧကဝက်ကျော်ကျော်မှာမြေချဉ်ဖြစ်နေ၍စပါးမစွဲပဲနှစ်စဉ်မစားရပဲဖြစ်နေ၍မည်သို့ပြုလုပ်ရပါမည်နည်း

မြေဆီလွှာ စပါး ထုံး
2

ဖြေကြားချက် ၂ ခု

406 လွန်ခဲ့သော ၆ နှစ် က

အကြံပြုတာကျေးဇူးပါ

အတည်ပြုပြီး 180,397 လွန်ခဲ့သော ၆ နှစ် က

မြေချဥ်တာက..ရေနေရေထိုင်ကာလကြာရှည်ရင်...မိုးများပြီးရေဝပ်နေရင်..နဂိုကတည်းမြေကြီးထဲမှာသံဓာတ်နဲ့ကန့်ဓာတ်များနေရင်...သီးနှံတစ်မျိုးတည်းသီးထပ်စိုက်ပျိုးနေရင်(မိုးစပါး..နွေစပါး)...ပုလဲမြေသြဇာ(ယူရီးယား)လွန်ကဲစွာအသုံးခဲ့ရင်..မြေတွေချဥ်သွားတတ်ပါတယ်။မြေချဥ်ရင် မြေကြီးထဲမှာရှိတဲ့မြေဆီသြဇာနဲ့ကိုယ်ကျွေးလိုက်တဲ့မြေသြဇာတွေကို အပင်မစားသုံးနိုင်တော့ပါဘူး.သံဓာတ်/ကန့်ဓာတ်အဆိပ်သင့်မယ်.အပင်တွေပုလာမယ်.ပင်ပွားနည်းလာမယ်.မြစ်ဖုနီမတုတ်ဖြစ်လာမယ်..ဒါကြောင့်အပင်ဖြစ်ထွန်းမှုတွေမကောင်းတော့ဘူး။မြေချဥ်တာကိုပြုပြင်မယ်ဆိုရင်..စပါးပြီးစပါးသီးထပ်မစိုက်တော့ဘဲ သီးလှည့်စိုက်ပါ(စပါးပြီး ပဲတစ်မျိုးမျိုးစိုက်ခြင်း)။ရေသွင်းရေထုတ်လုပ်ပေးပါ.တမန်းနှိုးပေးပါ.သဘာဝမြေသြဇာများများထည့်ပေးပါ.သစ်ရွက်စိမ်းမြေသြဇာ(ဘောစကိုင်း,ဉာဏ်ရွက်,မြေပြန့်ချယ်ရီရွက်,ပိုက်ဆံလျှော်) အသုံးပြုပေးပါ။ထုံးထည့်ပေးပါ.ထည့်ရမဲ့ထုံးပမာဏကတော့များမယ်ဗျ။ကိုယ့်မြေရဲ့ချဥ်တဲ့အတိုင်းအတာသိရအောင် မြေနမူနာယူပြီးစိုက်ပျိုးရေးဌာန..မြေအသုံးချဓာတ်ခွဲခန်းကိုပေးပို့ပြီးစမ်းသပ်သင့်ပါတယ်။ရတဲ့ရလဒ်ပေါ်မူတည်ပြီးထည့်ရမဲ့ထုံးပမာဏကို ဌာနမှလမ်းညွှန်အကြံပြုပါလိမ့်မယ်။ထုံးက၁နှစ်ထဲထည့်ရမှာမဟုတ်ဘူး။၃..၄နှစ်လောက်ဆက် တိုက်ထည့်ပေးရမှာပါ။

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။