ကျွန်တော့စပါးတွေသည်လိုဖြစ်နေတယ်ဘာဆေးဖြန်းရမလည်းပြောပေးကြပါအုံး
ပုံကြည့်ရသလောက်တော့ စပါးဂုတ်ကျိုးရောဂါလို့ ယူဆရပါတယ်။ မှိုရောဂါပါ။ မိုးများရင်၊ စိုထိုင်းဆ အရမ်းများနေရင် ဖြစ်တတ်ပါတယ်။ စပါးခင်းကို ရေလျှော့ပေးပါ။ ပုလဲကျွေးနေရင် ဆက်မကျွေးသင့်တော့ပါဘူး။ ပိုတက်ကျွေးပေးပါ။ ရောဂါကျရောက်မှု ဆိုးဝါးနေတဲ့ အပင်တွေကို နှုတ်ပြီး စိုက်ခင်းနဲ့ဝေးရာမှာ မီးရှို့ဖျက်ဆီးပေးပါ။ ရောဂါကျရောက်မှုအရမ်းများနေမှပဲ ပင်လုံးပြန့်မှိုသတ်ဆေး တစ်မျိုးမျိုး ဖျန်းပြီး နှိမ်နင်းပေးပါ။ မှိုသတ်ဆေးဖျန်းမယ်ဆိုရင် ရောဂါကျရောက်မှု နည်းတဲ့ဘက်ကနေစပြီး များတဲ့ဘက်ကို ဖျန်းသွားပေးပါ။ စပါးဂုတ်ကျိုးရောဂါအကြောင်း အသေးစိတ်သိချင်ရင် အခုပေးထားတဲ့ ဆောင်းပါးထဲ ဝင်ရောက်ဖတ်ရှုလေ့လာလို့ရပါတယ်ရှင့်။ စပါးဂုတ်ကျိုးရောဂါနဲ့ပတ်သက်တဲ့ အကြောင်းတွေအပြင် ရေရှည်လုပ်ဆောင်ရမယ့် အချက်တွေလည်း ရေးသားထားပါတယ်။ စပါးဂုတ်ကျိုးရောဂါ
ဆက်စပ်မေးခွန်းများ
ဂုတ်ကျိုးရောဂါဖြစ်နေလို့ဘာဆေးသုံးရမလဲခင်ဗျ
ဖြေကြားချက် 1 ခု
စပါးအရွက်တွေမှာအကွက်တွေပေါ်နေတယ် ဘာရောဂါလဲ ဘာဆေးသုံးရမလဲ ကျေးဇူးပြုပီးဖြေကြားပေးပါခဗျ
ဖြေကြားချက် 2 ခု
ပိုးကြနေတာလားသိချင်ပါတယ် ဘာပိုးကြနေတာလဲသိခြင်ပါတယ် ဘာဆေးတွေသုံးရမလဲဆိုတာဖြေကြားပေးစေလိုပါတယ်
ဖြေကြားချက် 7 ခု
အရွက်မှာ အမဲစက်တွေ ဖြစ်လာပြီးခြောက်သွားတယ်။ ဘာရောဂါလဲ၊ဘယ်လိုကာကွယ်ရမလဲသိပါရစေ။
ဖြေကြားချက် 1 ခု
စပါး ဂုတ်ကျိုးမှိုရောဂါ လက္ခာ တွေသိချင်လို့ပြောပြပေးကြပါဗျာ
ဖြေကြားချက် 5 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။