စပါးခင်းမှာ အရွက်တွေပြတ်ချနေပြီး အဲ့အရွက်ပြတ်ထဲမှာ ပိုးကောင်ရှိနေတာ ဘာပိုးလဲရှင့်။ ဘယ်လိုဖြေရှင်းရမလဲရှင့်။ အ...
စပါးခင်းမှာ အရွက်တွေပြတ်ချနေပြီး အဲ့အရွက်ပြတ်ထဲမှာ ပိုးကောင်ရှိနေတာ ဘာပိုးလဲရှင့်။ ဘယ်လိုဖြေရှင်းရမလဲရှင့်။ အတော်များနေလို့ရှင့်။
စပါးခင်းမှာ အရွက်တွေပြတ်ချနေပြီး အဲ့အရွက်ပြတ်ထဲမှာ ပိုးကောင်ရှိနေတာ ဘာပိုးလဲရှင့်။ ဘယ်လိုဖြေရှင်းရမလဲရှင့်။ အတော်များနေလို့ရှင့်။
ရွက်လိပ်အိမ်ပိုးပါ စပါးမျိုးစေ့ချတာ သူများထက်နောက်ကျတဲ့အခင်းတွေ ပိုပြီးဖျက်ဆီးခံရပါတယ် အရွက်လိပ်တွေ ရေပေါ်မှာမြောနေတာတွေ့ရလိမ့််မယ် ရေထုတ်လို့ရရင် ထုတ်ပါ ဆေးဖျန်းမယ်ဆို Chlorpyrifos. ရေ၄ဂါလံ ၄၀စီစီထည့်ဖျန်းပါ
စပါးအရွက်ကိုကိုက်ဖြတ်၊ လိပ်ပြီး အဲ့ဒီအလိပ်ထဲမှာနေတာဆိုရင်တော့ စပါးရွက်လိပ်အိမ်ပိုး ဖြစ်ဖို့များပါတယ်။ စပါးခင်းအတွင်း ရေထုတ်ပြီး သင့်တော်တဲ့ဆေးတစ်မျိုးမျိုးနဲ့ နှိမ်နင်းနိုင်ပါတယ်။ ဆိုးရွားစွာကျရောက်ရင် တစ်ခင်းလုံးပျက်စီးနိုင်ပါတယ်။ ဖျက်ပိုးဟာ စပါးအရွက်လိပ်ထဲမှာနေပြီး ရေနဲ့အတူ ပျံ့နှံ့တဲ့အအတွက် ရေထုတ်ပေးဖြိ့ အရေးကြီးပါတယ်။
ထွားကောင်စိမ်းကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ ဖျက်ဆီးပုံလက္ခဏာများ ငယ်ရွယ်တဲ့လောက်ကောင်တွေဟာ စပါးရွက်ပြားက တစ်ရှူးတွေကို ခြစ်စားပြီး အရွယ်ရောက် လောက်ကောင်တွေကတော့ စပါးအရွက်အနားသားတွေကို စားသောက်ပြီး ထစ်ရာတွေကို ဖြစ်စေပါတယ်။ မြေသြဇာအလွန်အကျွံကျွေးတဲ့ စပါးတွေဟာ ဒီဖျက်ပိုး ဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါတယ်။ ဒီဖျက်ပိုးကို စိုစွတ်တဲ့မြေပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ မိုးရာသီအတော အတွင်း ပေါများစွာ တွေ့ရပါတယ်။ နေ့ဖက်တွေမှာ အရွယ်ရောက်ဖလံအမတွေဟာ စပါးပင်ခြေတွေ ဒါမှမဟုတ် မြက်ရှိတဲ့နေရာတွေမှာ ပုံးအောင်းနေကြပြီး ညဖက်မှာ တက်ကြွကြပါတယ်။ ရုပ်ဖုံမလုပ်မီ အသက်အရွယ်ကြီးတဲ့ လောက်ကောင်တွေဟာ စပါးရွက်ကို လိပ်လိုက်ပြီး ရုပ်ဖုံးအခန်း ဖြစ်စေဖို့ ပိုးချည်နဲ့ လုံခြုံအောင် နေကြပါတယ်။ ဖျက်ဆီးပုံလက္ခဏာများ အောက်ပါစားသောက်ဖျက်ဆီးမှုလက္ခဏာတွေကို စစ်ဆေးပါ။ • စပါးရွက်အောက်ဖက်ကို ပေါ်စေပြီး ခြစ်ယူစားသောက်ခြင်းခံထားရသော စပါးရွက်များ • ဖျက်ဆီးခံထားရသော စပါးရွက်အစွန်များ ၄င်းရဲ့ဖျက်ဆီးပုံလက္ခဏာဟာ မွှေးထူခူကောင်စိမ်းရဲ့ ဖျက်ဆီးပုံလက္ခဏာနဲ့ ဆင်တူပါတယ်။ ၄င်းရဲ့ ဖျက်ဆီးပုံဟုတ်မဟုတ် အောက်ပါတို့ကို စစ်ဆေးပြီး အတည်ပြုပါ။ • စက်လုံးပုံဥများ • စပါးရွက်တွေပေါ်မှာစားသောက်နေကြသော စိမ်းဖျော့ရောင် လောက်ကောင်များ စီးပွားရေးအရအရေးပါပုံ ဒီဖျက်ပိုးဟာ စပါးရဲ့ သာမညဖျက်ပိုးဖြစ်ပါတယ်။ ၄င်းရဲ့ လောက်ကောင်တွေဟာ စပါးရွက်တွေကို ကြွေစေပေမဲ့ စီးပွားရေးအရ ဆုံးရှုံမှု ဖြစ်ခဲပါတယ်။ သဘာဝရန်သူတွေက ၄င်းတို့ရဲ့ အရေအတွက်ကို ထိန်းချုပ်ထားကြပါတယ်။ ကာကွယ်နှိမ်နင်းခြင်း ဒီဖျက်ပိုးကို ကပ်ပါးပြုတဲ့ ထရိုင်ဂိုဂရားမားနဂျီတွေ၊ အီချူမိုနစ်၊ ဘရာကိုနစ်၊ အီလက်စ်မစ်၊ ယူလိုမစ်နဲ့ ချာလ်စစ် နဂျီတွေနဲ့ ပင့်ကူတွေကို ပွားများအောင်လုပ်ပါ။ ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဆက်စပ်မေးခွန်းများ
ဖြေရှင်း ကုသနည်း သိချင်ပါတယ်
ဖြေကြားချက် 2 ခု
နိုက်ထရိုဂျင်မြေသြဇာကို sulphur ကန်မူန့်နှင့်ရောပီးစပါးပင်ကျွေးလို့ရလားသိချင်ပါတယ် ရောကျွေးလို့ရရင်လဲအချိူးး...
ဖြေကြားချက် 1 ခု
စပါးပျို ုးခင်းမှပြောင်းရွှေ့ပြီး ၇ ရက်အကြာလောက်ဆိုစပါးခင်းကတဖြည်းဖြည်းရဲလာတယ် ဘယ်လိုလုပ်ရမလဲမျှဝေပေးပါအုံးဆရာ
ဖြေကြားချက် 1 ခု
စပါးဖုံးလုံးနေပါသဖြင့်စပါးအစေ့အဆံအောင်ရန်ဘယ်လိုမြေသြဇာသုံးရမလဲဖြေကြားပေးပါရန်တောင်းဆိုပါသည်
ဖြေကြားချက် 1 ခု
ဘာဖြစ်တာလဲခင်ဗျာ..အကြံပေးပါးအုံး
ဖြေကြားချက် 3 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။