ထွားကောင်စိမ်းကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
ဖျက်ဆီးပုံလက္ခဏာများ
ငယ်ရွယ်တဲ့လောက်ကောင်တွေဟာ စပါးရွက်ပြားက တစ်ရှူးတွေကို ခြစ်စားပြီး အရွယ်ရောက် လောက်ကောင်တွေကတော့ စပါးအရွက်အနားသားတွေကို စားသောက်ပြီး ထစ်ရာတွေကို ဖြစ်စေပါတယ်။ မြေသြဇာအလွန်အကျွံကျွေးတဲ့ စပါးတွေဟာ ဒီဖျက်ပိုး ဖွံ့ဖြိုးကြီးထွားမှုကို အားပေးပါတယ်။
ဒီဖျက်ပိုးကို စိုစွတ်တဲ့မြေပတ်ဝန်းကျင်တွေမှာ တွေ့ရပါတယ်။ ၄င်းတို့ဟာ မိုးရာသီအတော အတွင်း ပေါများစွာ တွေ့ရပါတယ်။ နေ့ဖက်တွေမှာ အရွယ်ရောက်ဖလံအမတွေဟာ စပါးပင်ခြေတွေ ဒါမှမဟုတ် မြက်ရှိတဲ့နေရာတွေမှာ ပုံးအောင်းနေကြပြီး ညဖက်မှာ တက်ကြွကြပါတယ်။ ရုပ်ဖုံမလုပ်မီ အသက်အရွယ်ကြီးတဲ့ လောက်ကောင်တွေဟာ စပါးရွက်ကို လိပ်လိုက်ပြီး ရုပ်ဖုံးအခန်း ဖြစ်စေဖို့ ပိုးချည်နဲ့ လုံခြုံအောင် နေကြပါတယ်။
ဖျက်ဆီးပုံလက္ခဏာများ
အောက်ပါစားသောက်ဖျက်ဆီးမှုလက္ခဏာတွေကို စစ်ဆေးပါ။
• စပါးရွက်အောက်ဖက်ကို ပေါ်စေပြီး ခြစ်ယူစားသောက်ခြင်းခံထားရသော စပါးရွက်များ
• ဖျက်ဆီးခံထားရသော စပါးရွက်အစွန်များ
၄င်းရဲ့ဖျက်ဆီးပုံလက္ခဏာဟာ မွှေးထူခူကောင်စိမ်းရဲ့ ဖျက်ဆီးပုံလက္ခဏာနဲ့ ဆင်တူပါတယ်။ ၄င်းရဲ့ ဖျက်ဆီးပုံဟုတ်မဟုတ် အောက်ပါတို့ကို စစ်ဆေးပြီး အတည်ပြုပါ။
• စက်လုံးပုံဥများ
• စပါးရွက်တွေပေါ်မှာစားသောက်နေကြသော စိမ်းဖျော့ရောင် လောက်ကောင်များ
စီးပွားရေးအရအရေးပါပုံ
ဒီဖျက်ပိုးဟာ စပါးရဲ့ သာမညဖျက်ပိုးဖြစ်ပါတယ်။ ၄င်းရဲ့ လောက်ကောင်တွေဟာ စပါးရွက်တွေကို ကြွေစေပေမဲ့ စီးပွားရေးအရ ဆုံးရှုံမှု ဖြစ်ခဲပါတယ်။ သဘာဝရန်သူတွေက ၄င်းတို့ရဲ့ အရေအတွက်ကို ထိန်းချုပ်ထားကြပါတယ်။
ကာကွယ်နှိမ်နင်းခြင်း
ဒီဖျက်ပိုးကို ကပ်ပါးပြုတဲ့ ထရိုင်ဂိုဂရားမားနဂျီတွေ၊ အီချူမိုနစ်၊ ဘရာကိုနစ်၊ အီလက်စ်မစ်၊ ယူလိုမစ်နဲ့ ချာလ်စစ် နဂျီတွေနဲ့ ပင့်ကူတွေကို ပွားများအောင်လုပ်ပါ။
ဒေါက်တာကိုကို (စိုက်ပျိုးရေး)
ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
စပါးထွားကောင်စိမ်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
ကြွက်တေကိုက်တယ်ဗျာဘာဆေးသုံးရမလဲပြောကြပါအုန်း
naymyo • ဖြေကြားချက် 3 ခု
ဆရာတို့ခဗျာ စပါးပင်က အရွက်ဝါပြီး အဖျားခြောက်နေလို့ ပုံကို ကြည့်ပြီး မခွဲခြားတတ်လို့ပါခင်ဗျာ ဘယ်လိုဆေးမျိုးသုံးရပါမလဲခင်ဗျာ
U San • ဖြေကြားချက် 2 ခု
အိမ်စားဖို့ ကန်စွန်းရိုးတံလေးတွေ ရေစိမ် အမြစ်ဖောက်ပြီးမှ မြေဆီလွှာဖြည့်ထားတဲ့အိုးထဲစိုက်တာ။ ၈ ရက်ကြာတော့ ပုံထဲကလိုဖြစ်ပြီး တစ်အိုးလုံးနှုတ်ပစ်လိုက်ရတယ်။ဘာဖြစ်တာလဲဗျ။ အဲလိုမဖြစ်အောင် ဘယ်လိုစိုက်ရမလဲ ပြောပြပေးပါခင်ဗျ။
ကို ငယ် • ဖြေကြားချက် 2 ခု
မှိုသတ်ဆေး Copper Oxychloride. 45 % Kasugamycin. 2 % ဖျန်းထားတာ ၂ ရက်ရှိပြီ။ ပေါင်းသတ်ဆေး 2/4 D သုံးချင်လို့ ရက် ဘယ်လောက်ခြားရမလဲဗျ။
Ye Naing • ဖြေကြားချက် 3 ခု
စပါးအရွက်ခြောက်နေတယ် ဘာကြောင့်လဲ ဖြေကြားပေးပါ။ 🌾🌾🌾🌾
bominthu • ဖြေကြားချက် 2 ခု
နောက်ဆုံး ဆောင်းပါးများ
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
ချည်သားအတွင်းခံ (၂၀၀၀) ကပြောတဲ့ မြေဆီလွှာ
09/09/2026
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
More from ဒေါက်တာကိုကို
အားလုံး
နှမ်း ဖျူစေရီယမ်ပင်ညှိုးရောဂါ
09/12/2021
ပဲတီစိမ်းတွင်ကျရောက်တတ်သော ပိုးမွှားရောဂါဆောင်းပါးစုစည်းမှု
08/12/2021
စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာထောက်ပံ့ရေးအပေါ် ရာသီဥတု၏သက်ရောက်မှုများ
20/01/2021
အသံ
ဗီဒီယို
ဘက်စုံနည်းဖြင့်ကာကွယ်မယ် စပါးဖြုတ်ပိုးအန္တရာယ်
15/01/2021
ပြောင်းဖူးတွင်ကျရောက်တတ်သော အင်းဆက်ဖျက်ပိုးများနှင့် ကာကွယ်နှိမ်နင်းနည်းများ
10/12/2020
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....