ဖြေကြားချက် ၃ ခု
စပါးဖြုတ်ပိုး ကျတိုင်းဆေးဖျန်းရမှာ မဟုတ်ပါဘူးဗျ။ဖြုတ်ညိုပိုးကို စပါးရုံတစ်ရုံမှာ (၅-၁၀)ကောင်တွေ့မှ၊ဖြုတ်စိမ်းဆိုရင် တစ်ရုံမှာ(၁၀-၁၅)ကောင်တွေ့မှ ဆေးဖျန်းသင့်တာပါဗျ။အဲ့လောက်အကောင် အရေအတွက် မတွေ့သေးရင်တော့ ဆေးမဖျန်းသေးပဲ စပါးခင်းကို ရေထုတ်ပေးတာတို့ ၊ပုလဲ လျှော့သုံးတာတို့၊ပေါင်းမြက်ရှင်းတာတို့ လုပ်ပေးပါဗျ။ ဆေးဖျန်းရတော့မယ်ဆိုရင်တော့ အဆီဖိတ်၊ဒိုင်မီသိုအိတ်၊ကာတက် စသည့် ပင်လုံးပြန့်ဆေးတစ်မျိုးမျိုး အပင်ခြေထိရောက်အောင်ဖျန်းပေးပါဗျ။
စပါးဖြုတ်ညိုပိုး ဒါမှမဟုတ် ဖြုတ်ကြောဖြူအတွက် အောက်ဖော်ပြပါအချက်အလက်များကို တွေ့မှသာ ပိုးသတ်ဆေးပက်ဖျန်းပါ။ • စပါးပင်စည်တစ်ခုလျှင် ဖြုတ်ပိုးပျမ်းမျှအရေအတွက် တစ်ကောင်ထက်ပိုခြင်း • ပျမ်းမျှအားဖြင့် သဘာဝရန်သူထက် ဖြုတ်ပိုးအရေအတွက်က ပိုများနေခြင်း • ပျိုးခင်းကိုရေလွှမ်းတာဟာ ရွေးချယ်စရာမဟုတ်ပါ။ အောက်ပါပိုးသတ်ဆေးများကို ဆေးဘူး/အိတ်ပါအညွှန်းစာအတိုင်းအသုံးပြုပါ။ • ဒိုင်မီသိုအိတ် (Dimethoate) • ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride) • အဆီဖိတ် (Acephate) • အဆီတာမီပရစ်ဒ် (Acetamiprid) ။ စပါးဖြုတ်ပိုးအကြောင်းနဲ့ ကာကွယ်နှိမ်နင်းနည်းပေါင်းစုံအကြောင်း ပိုပြီး ပြည့်ပြည့်စုံစုံ သိချင်ရင် အခုပေးထားတဲ့ ဆောင်းပါးလင့်ခ်လေးထဲ ဝင်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်နော်။ စပါးဖြုတ်ညိုပိုးနဲ့ ဖြုတ်ကြောဖြူ တွေကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
စနဈတကြ
ဆက်စပ်မေးခွန်းများ
စပါးခင်းတွင်ကျရောက်သော ဖြုတ်ပိုး နှင့် ဂုတ်ကျိုး ရောဂါကိုမည်ကဲ့သို့ကာကွယ်ရမည်နည်း
ဖြေကြားချက် 3 ခု
ပျိုးချင်းထဲမှာအဖြူရောင်အကောင်လေးတေအများကြီးပဲဘာပိုးတေလဲအန္တရယ်ရှိလားဖြေပေးပါ၊၊
ဖြေကြားချက် 2 ခု
စပါးခင်းဖြုတ်များကျရောက်လျှင်ဘာဆေးများအသုံးပြုရမလဲသိပါရစေ။မနှစ်ကဖြုတ်ကျသွားတာ၅ဧကတင်းငါးဆယ်ပဲရတယ်အသုံးပြုနည်း...
ဖြေကြားချက် 1 ခု
စပါး ရွက်ဖျက်ကျနေလို့ဘာဆေးသုံးရလဲ
ဖြေကြားချက် 3 ခု
ဘာဆေးသုံးဖြန်းရမလဲခင်ဗျ ဖြုတ်ညိုပိုးတွေကျနေလို့
ဖြေကြားချက် 4 ခု