အရွက်တွေအဲဒီလိုဖြစ်နေတာဘယ်လိုပြုစုရမလဲဗျာ
leaf curled virus ရောဂါကျနေပြီ ထင်ပါတယ်။ ယင်ဖြူ၊ ပျ တို့လိုစုပ်စားပိုးကနေတစ်ဆင့် ကူးစက်တဲ့ရောဂါမျိုးပါ။ ဗိုင်းရပ်စ်ရောဂါအတွက်တော့ ကုနိုင်တဲ့ဆေးမရှိသေးပါဘူး။ ကြိုတင်ကာကွယ်လို့ပဲရပါမယ်။ စုပ်စားပိုးတွေ မကျရောက်အောင် ကာကွယ် ထိန်းချုပ်ပါ။ တမာပိုးသတ်ဆေးကို တစ်ပတ်တစ်ခါဖျန်းပေးပါ။ အဝါရောင်ကပ်ပြားထောင်ခြောက်နဲ့ ထောင်ဖမ်းပါ။ ပေါင်းပင် အမှိုက်သရိုက်တွေရှင်းပေးပါ။ တခြားအပင်တွေကိုမကူးစက်နိုင်စေဖို့ ရောဂါဆိုးရွားနေတဲ့အပင်ကို နှုတ်ပြီး မီးရှို့ပစ်ပါ။ စုပ်စားပိုးကိုနှိမ်နင်းဖို့ ဓာတုဆေးအသုံးပြုချင်ရင်တော့ အင်မီဒါကလိုပရစ်၊ အဆီတာမီပရစ် စတာတွေကို ဆေးညွှန်းအတိုင်းသုံးနိုင်ပါတယ်။ ဓာတုဆေးတွေ အသုံးများရင် အကျိုးပြုပိုးတွေကိုထိခိုက်စေရုံသာမက စုပ်စားပိုးတွေကိုလည်းဆေးဒဏ် ခံနိုင်ရည်ရှိသွားစေတတ်တာမို့ ဓာတုဆေးသုံးဖို့ သိပ်တော့အားမပေးချင်ပါဘူး။
ဆက်စပ်မေးခွန်းများ
အပင်တွေအဲ့လိုဖြစ်တာဘာကြောင့်လဲ ဘာဆေးသုံးလို့ရမလဲခင်ဗျ
ဖြေကြားချက် 5 ခု
ကျွန်တော်ငရုပ်ဘာအဟာရချို့တဲ့နေတာလဲ
ဖြေကြားချက် 2 ခု
အသီးမတင်လို့ဗျ ဘော်ဒါတို့အကြံပေးပါ ဗျာ
ဖြေကြားချက် 3 ခု
အရွက်ရင့်တွေကြွေကုန်တယ် အသီးလဲမကြီးထွားဘူး ဘာကြောင့်လဲ ဘယ်လိုလုပ်သင့်ပါသလဲ
ဖြေကြားချက် 1 ခု
ဘာေဆးဖျန်းရမာလယ်အသီးကေခြ့ာက်နေတယ်
ဖြေကြားချက် 1 ခု
ကြိုဆိုပါသည်
ဆက်လက်အသုံးပြုရန် ဝင်ရောက်ပါ
မတင်ဘဲ ထွက်မှာ သေချာပါသလား။
သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။