ဖြေကြားချက် ၄ ခု
စပါးနှံစုပ်ပိုးအတွကါ ပိုးသတ်ဆေးကို အသုံးမပြုမီ အကြံဉာဏ်၊ လမ်းညွှန်ချက်နဲ့ သတိပေးချက်တွေ ရဖို့ သီးနှံကာကွယ်ရေး ကျွမ်းကျင်သူနဲ့ ဆက်သွယ်ပါ။ ပန်းစပွင့်တဲ့အချိန်မှာ စပါးခင်းမှာ ကင်းထောက်စစ်ဆေးမှုစတင်ကြီး နို့ရည်ခဲတဲ့အဆင့်အထိ ဆက်လက်လုပ်ဆောင်ပါ။ ရွှေ့ပြောင်းစပါးခင်းကို ကန့်လန့်ဖြတ် လမ်းလျှောက်ပြီး စပါးမြုံ (၂၀) မှ စပါးနှံစုပ်ပိုးကို မနက်ခင်းအစောပိုင်း ဒါမှမဟုတ် ညနေခင်း နှောင်းပိုင်းမှာ ရေတွက်ပါ။ အရွယ်ရောက်ကောင်တွေဟာ စပါးပင်ကို သင်မရောက်မီ ပျံသန်းသွားလေ့ရှိတာကြောင့် အရွယ်မရောက်သေးတဲ့ အကောင်တွေကိုပဲ ရေတွက်နိုင်မှာဖြစ်ပါတယ်။ စပါးပင်မြုံ (၁၀) မြုံမှာ စပါးနှံစုပ်ပိုး (၁၀) ကောင်ထက် ကျော်မှသာ တိုက်ရိုက်ကာကွယ်နှိမ်နင်းမှုလုပ်ပါ။ ပိုးသတ်ဆေးရွေးချယ်မှုဟာ ရနိုင်တဲ့ဆေးဖျန်းကိရိယာအသုံးပြုတာ၊ ပိုးသတ်ဆေး ကုန်ကျ စရိတ်၊ ပိုးသတ်ဆေးပက်ဖျန်းသူရဲ့ အတွေ့အကြုံ ဒါမှမဟုတ် စပါးခင်းထဲမှာ ငါးရှိမရှိ စတဲ့ များစွာသော အချက်များအပေါ်မူတည်ပါတယ်။ ပိုးသတ်ဆေးအသုံးပြုခြင်းကို လူ့ကျန်းမားရေးနဲ့ ပတ်ဝန်းကျင်အန္တရာယ်အပေါ် ချိန်ဆကာ သုံးစွဲပါ။ ဒေါက်တာကိုကို (စိုက်ပျိုးရေး) ဆောင်းပါးအပြည့်အစုံကို ပေးထားတဲ့လင့်မှ ဝင်ဖတ်နိုင်ပါတယ်။ စပါးနှံစုပ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ
နှံစုပ်ပိုးကျတိုင်းတော့ ဆေးဖျန်းရမှာမဟုတ်ဘူးဗျ။ စပါးမြုံ ၂၀ မှာ ၁၀ကောင်အထက်တွေ့မှသာ ဆေးဖျန်းသင့်တာပါ။ _ကွင်းထဲမှာ ပေါင်း၊မြက်တွေကို ရှင်းရပါမယ် _မနက်ခင်း နဲ့ ညနေခင်းမှာ အင်းဆက်ဖမ်းပိုက်(သို့)လက်နဲ့ဖမ်းခြင်းတွေ ပြုလုပ်ပေးပါ _ပင့်ကူ၊နဂျီ၊လိပ်ခုံးကျိုင်းကောင်တွေက စပါးနှံစုပ်ပိုးရဲ့ ဥနဲ့အကောင်ကြီးအဆင့်ကိုစားသောက်ကြလို့ မွေးမြူထိန်းသိမ်းထား သင့်ပါတယ် _တမာ ပိုးသတ်ဆေးလဲသုံးလို့ရပါတယ် _ပိုးသတ်ဆေးသုံးမယ်ဆိုရင်တော့ ဒိုင်မီသိုအိတ် စသောစျေးကွက်ရှိ ပိုးသတ်ဆေးတစ်မျိုးမျိုးကို အညွှန်းစာအတိုင်း စနစ်တကျအသုံးပြုပါ။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
စပါး နှံစုပ်ပိုးဘာဆေးသုံးရမလဲ ဘယ်အချိန် ဘယ်လိုသုံးရမလဲဆရာတို့
ဖြေကြားချက် 4 ခု
စပါးခင်းထဲ နှံစုပ် ပိုးများကျရောက်ရင် ဘယ်ဆေးတွေသုံးရလည်း
ဖြေကြားချက် 2 ခု
ဒါဘာဖြစ်တာလဲ ဘာဆေးသုံးရမလဲ ဘယ်လိုသုံးရမလဲဆရာ လမ်းညွှန်ပေးပါအုံး
ဖြေကြားချက် 5 ခု
နှံစုပ်ပိုး ဟုတ်ပါသလားခင်ဗျာ။ ဆေးဖြန်းသင့်လားဖြေကြားပေးပါ ။ဘာဆေးအမျိုးအစားဖြန်းသင့်ပါသလဲခင်ဗျ
ဖြေကြားချက် 3 ခု
စပါးအနှံတစ်နှံစနှစ်နှံစထွက်ချိန်မှာ နှံစုပ်ပိုးကျလို့ ကလိုပိုင်ရီဖော့နဲ့ ဆိုက်ပါသရင် ဖျန်းထားပါတယ်။ ေဘးကစပါး...
ဖြေကြားချက် 2 ခု