ဖြေကြားချက် ၃ ခု
သင်္ဘောသီးတစ်လုံးကိုခွဲ အသားစား အစေ့ယူပြီး အစေ့တွေကို ရေထဲတစ်ရက်လောက် စိမ်ပါ ပြီးရင် အပေါ်က အချွဲအကျိတွေကို လက်နဲ့ ပွတ်ပစ်လိုက်ပါ အဲ့ဒါဆို အထဲက အတွန့်တွေပါတဲ့ အစေ့လေးကို ရပါမယ် ပြီးရင် စကားနဲ့ စစ်ပြီး ရေဆေးချပေးပါ ကျန်တဲ့ အစေ့အမဲတွေကို ပျိုးအိတ်ထဲ ထည့်စိုက်လို့ရပါပြီ စိုက်တဲ့အခါ မြေကြီးထဲ အရမ်းမဝင်ပါစေနဲ့ရှင့် မြေဖုံးတာများသွားရင် ပေါက်ဖို့ကြာတတ်ပါတယ် ပြီးတော့ ပျိုးပင်မပေါက်ခင် နေနဲ့ မထိပါစေနဲ့ နေအပူချိန်အများကြီးနဲ့ ထိတဲ့အခါ မျိုးစေ့က မပေါက်တာမျိုး သေသွားတာမျိုး ပေါက်ဖို့အချိန်ကြာတာမျိုး ဖြစ်တတ်ပါတယ်
ပေးထားတဲ့ဆောင်းပါးထဲမှာ လေ့လာနိုင်ပါတယ် သင်္ဘောပင် စိုက်ပျိုးနည်း
ဆက်စပ်မေးခွန်းများ