ဖြေကြားချက် ၃ ခု
ခိုင်းနွားရွေးချယ်နည်း (၁) ရင်အုပ်ပိုင်းကြီးထွားပြီး တင်ပါးပိုင်းမှာ ကျစ်လျစ်သော်လည်း တောင့်တင်းသန်မာရမည်။ (၂) ပါးရိုး မေးရိုးခိုင်ခံ့ကျယ်ပြန့်ရမည်။ (၃) နှာပေါက်ကျယ်ရမည်။ (၄) ကိုယ်မွေးတိုပြီး ချောမွတ်ရမည်။ (၅) နဖူးပြင်ကျယ်ရမည်။ (၆)မျက်လုံးပြူးပြီး ကြည်လင်တောက်ပနေရမည်။ (၇) လည်ပင်းကုပ်ဆက်ကျယ်ပြီး တုတ်ခိုင်ရမည်။ (၈) လည်ပျဉ်းသည် မကြီးလွန်း မတွဲလွန်းစေရ။ (၉) လည်ပို့သည် တောင့်တင်းခိုင်ခံ့ဟန်ရှိရမည်။ (၁၀) ရှေ့လက်ပြင် ကျယ်ပြန့်ပြီး ရင်အုပ်နှင့်အချိုးအစားကျနေရမည်။ (၁၁) ခြေလက်အရိုးများ တောင့်တင်းပြီး အဆစ်ခိုင်ရမည်။ (၁၂) ကျောရှည် ခါးရှည်ရမည်။ ဝမ်းဗိုက်ရှပ်ပြီး ခါးဆစ်များ ကြံ့ခိုင်ရမည်။ (၁၃) သိုနှင့် သိုပျဉ်း မကြီးလွန်း မတွဲလွန်းစေရ။ (၁၄) မှက် ခြင် ယင်များ မောင်းနိုင်ရန်အတွက် အမြီးမှာ အရင်းကြီး၍ အဖျားသွယ်ပြီး မြီးဆံဖုတ် ဖွာနေရမည်။ (၁၅) ပေါ့ပါးပြီး ဖြတ်လတ်ဟန်ရှိနေရမည်။ (၁၆) သွားလာနှုန်းကောင်းပြီး အမောခံနိုင်ရမည်။ သက်လုံကောင်းရမည်။ (၁၇) ခွာသည် ဖလားကို မှောက်ထားသကဲ့သို့ လုံးဝန်းညီညာပြီး ပူးမေရမည်။
ဆက်စပ်မေးခွန်းများ
how can I reduce mastitis in milking herd?
ဖြေကြားချက် 1 ခု
န ို့စားနွားမျိုးကောင်းမျိုးသန့်တစ်ကောင်တန်ဖိုးဘယ်လောက်ရှိလဲ
ဖြေကြားချက် 1 ခု
နို့စားနွားတွေကိုဘယ်မွေးရပါသလဲ
ဖြေကြားချက် 1 ခု
နို့စားနွား မွေးချင်တယ်ဘယ်မျိုးသင့်တော်မလဲ ဈေးအများကြီးမတတ်နိုင်လို့ပည
ဖြေကြားချက် 2 ခု
အသားတိုးနွားမွေးမြူးနည်းနဲ့...အခြေခံမွေးမြူနည်းတွေနှင့်...အကြောင်းရာစာအုပ်တွေကျေးဇူးပြုပီးလမ်းညွန်ပေးပါလား
ဖြေကြားချက် 1 ခု