အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
aunglay
aunglay 11,135
လွန်ခဲ့သော ၅ နှစ် က · မှော်ဘီ

15:15:15ဆိုတာဘယ်လိုမြေသြဇာမျိုးလဲဗျဘူးပင်အညွန့်လှီတာမေးထားတာအဲ့ဒါကိုသံသရွင်းနဲ့ထည့်ရမယ်ပြောထားလို့ပါပြီးတော့သံသရွင်းနဲ့ကအပင်ဘေးတူးထည့်ရတာလားဗျမသိလို့ပါသိတဲ့ဆရာသမာူများဖြေပေးကြပါအုံး

အပင်အာဟာရ ဘူး
3

ဖြေကြားချက် ၃ ခု

aunglay
aunglay 11,135 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးပါဗိအခုလိုပြောပြပေးတဲ့အတွက်

အိစက်ဝေ
အိစက်ဝေ 68,534 လွန်ခဲ့သော ၅ နှစ် က

သံတူရွင်းနဲ့မြေကိုဆွပြီးထည့်လို့ ပြောချင်တာ ထင်ပါတယ် 15:15:15 (NPK) ကတော့ နောက်တစ်နည်းနဲ့ပြောရရင် ပုလဲ၊တီစူပါ၊ ပိုတက် သုံးမျိုးလုံး အချိုးညီပါဝင်တဲ့ မြေဩဇာ ဖြစ်ပါတယ်။ ပုလဲက အပင်ကြီးထွားမှုကို အားပေးပြီး တီစူပါက အသီးအပွင့် အမြစ်နဲ့ ပိုတက်က အသီးအရည်အသွေး ကို အားပေးတယ်လို့ အကြမ်းဖျင်း မှတ်လို့လည်းရပါတယ်။

ထွန်းရာဇာ
ထွန်းရာဇာ 80,437 လွန်ခဲ့သော ၅ နှစ် က

နိုက်ထရိုဂျင်၊ဖော့စပါးရပ်၊ပိုတက်စီယမ် အားလုံး အချိုးညီတဲ့ ကွန်ပေါင်းမြေသြဇာကို ပြောတာဗျ။ ထည့်မယ်ဆိုရင်တော့ အပင်ဘေးပတ်ပတ်လည်ကို မြေဆွပြီး ထည့်ပေးရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။