အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
646
လွန်ခဲ့သော ၅ နှစ် က · ပခုက္ကူ

နမ်းစိုက်ရာမှာ15ပတ်လည်ထည့်တာနဲပုလဲချည်းထည့်တဲတာနဲဘယ်လိုကွာခြားလည်းရှင့် ကျွန်မတို့ရွာမာတော့ပုလဲချည်းထည့်တဲ့သူက...

နမ်းစိုက်ရာမှာ15ပတ်လည်ထည့်တာနဲပုလဲချည်းထည့်တဲတာနဲဘယ်လိုကွာခြားလည်းရှင့် ကျွန်မတို့ရွာမာတော့ပုလဲချည်းထည့်တဲ့သူကပိုပီးအပင်ပေါက်ကောင်းနေတယ်ရှင်

အပင်အာဟာရ နှမ်း နှမ်းပင်အာဟာရ
6

ဖြေကြားချက် ၆ ခု

2,215 လွန်ခဲ့သော ၅ နှစ် က

ဟုတ်တယ်ဗျ အပင်​​ ဖြစ်ချိန်မိုးရွာတာနဲ့ကြုံပါက ပုလဲပက်တာ အကောင်းဆုံးပါ မြေခံမထည့်တဲ့တောင်သူတွေလည်း ဒီနှစ် မိုးနဲ့အဆင်ပြေချိန်ပုလဲပက်တာနဲ့ ရလဒ်ကောင်းတွေရကြပါတယ်

68,534 လွန်ခဲ့သော ၅ နှစ် က

အပင်တစ်ပင်က သူ့ရဲ့ ကြီးထွားမှုအဆင့်တွေအလိုက် လိုအပ်တဲ့ အာဟာရဓာတ်တွေက မတူပါဘူး။ ၁၅ ပတ်လည်ထဲမှာ NPK(ပုလဲ၊တီစူပါ၊ ပိုတက်) ကိုအချိုးညီညီထည့်ထားတာမို့ ၁၅ ပတ်လည်ကွန်ပေါင်းကို သုံးရင် သူလိုအပ်တဲ့ အာဟာရကို လိုအပ်တဲ့ ပမာဏလောက်မရဘဲ အခြား မလိုတဲ့ အာဟာရဓာတ်တွေကိုပါ ရလိုက်သလို ဖြစ်သွားမှာပါ။ ဥပမာ - ပုလဲကို ၂၀% လိုနေတဲ့အချိန်မှာ ၁၅ ပတ်လည်ကျွေးလိုက်ရင် ပုလဲကို ၁၅% ပဲ အပင်ကရတော့မှာပါ။ အခုကိစ္စမှာက နှမ်းသီးနှံက ပုလဲကို ပိုလိုအပ်တဲ့ သီးနှံမို့လို့ ပုလဲချည်းကျွေးတဲ့သူတွေက ရလဒ်ပိုကောင်းနေတာပါ။ ၁၅ ပတ်လည်ထည့်တာရဲ့ ကောင်း‌ကျိုးကိုပြောရရင်တော့ အာဟာရဓာတ် သုံးမျိုးလုံးကို အချိုးညီညီရနိုင်ပြီး ခွဲကျွေးစရာမလိုတဲ့အတွက် အချိန်ကုန်သက်သာပါတယ်။ ရေးတတ်သလို ပြန်ရေးထားတာမို့ နားမလည်ဖြစ်သွားရင် စိတ်မရှိပါနဲ့ရှင့်။ မရှင်းတဲ့နေရာကို ပြန်မေးလို့ရပါတယ်။

646 လွန်ခဲ့သော ၅ နှစ် က

15ပတ်လည်ထည့်တာဘယ်လိုကောင်းကြိုးတွေရမလည်းရှင့်

175 လွန်ခဲ့သော ၅ နှစ် က

မြေအပေါ်ကြည့်သုံးတာပိုကောင်းမှာပါ

5,291 လွန်ခဲ့သော ၅ နှစ် က
အတည်ပြုပြီး 180,397 လွန်ခဲ့သော ၅ နှစ် က

ပုလဲရဲ့အာနိသင်က အပင်ကြီးထွားဖြစ်ထွန်းမှုကိုအားပေးပါတယ်..အပင်စိမ်းစိုမယ်..ကြီးထွားမှုကောင်းမယ်.. နှမ်းသီးနှံမှာ ပုလဲပိုမိုလိုအပ်ပါတယ်။ဒါကြောင့်အပင်ပေါက်ကောင်းနေတာပါ။ဒါပေမဲ့ဘယ်သီးနှံမဆိုသင့်လျော်တဲ့မြေသြဇာကိုလိုအပ်တဲ့ပမာဏအတိုင်းလိုအပ်တဲ့အချိန်မှာကျွေးမှသာအပင်ဖြစ်ထွန်းမှုကောင်းပြီးအထွက်နှုန်းကောင်းနိုင်မှာပါ။တီစူပါ..ပိုတက်ရှ်တွေလည်းအသုံးပြုသင့်ပါတယ်။ဟိုတုန်းက ပုလဲ..တီစူပါ..ပိုတက်ရှ်တွေကိုသီးခြားစီအသုံးပြုကြပေမဲ့ အခုအခါမှာတောင်သူအများစုက အလုပ်သက်သာတဲ့ ကွန်ပေါင်းမြေသြဇာကိုသုံးစွဲလာကြတာပါ။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။