ဖြေကြားချက် ၁ ခု
ပြောင်း စိုက်ပျိုးခြင်း စိုက်ပျိုးချိန် - မိုးရာသီ မေလ (၁၅)ရက် ဇွန်လပထမပတ်အတွင်းစိုက်ပျိုးရန်။ မိုးနှောင်းကာလ - မျိုးစေ့ကို မိုးရာသီတွင် ၂.၅ လက်မအနက်၊ ဆောင်းရာသီတွင် ၂-၂.၅ လက်မအနက်စိုက်ပြီး မြေကြီးဖြင့်ဖုံးပါ။ တန်းကြား ၂.၅ ပေနှင့် ၉ လက်မစိုက်ပါ။ မြေပြုပြင်ခြင်း - ထယ် ၁ စပ်၊ ထွန် ၂-၃ စပ်၊ နောက်ဆုံးမြေညှိခြင်း၊ မြေမပြင်ခင် သဘာဝမြေဩဇာကို တစ်ဧက လှည်း ၅-၁၀ စီး မြေဩဇာကျွေးခြင်း - တစ်ဧကနှုန်းထား ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို စိုက်ချိန်တွင်ကျွေးပါ။ - စိုက်ပျိုးပြီး ၁၅ - ၂၀ ရက်အတွင်း တစ်ဧက ယူရီးယား ၅၆ ပေါင် နှင့် ၃၅ - ၄၀ ရက်အတွင်း နောက်ထပ် ယူရီး ယား ၅၆ ပေါင်ကိုကျွေးပါ။ အပင်မှုန်းခြင်း - စိုက်ပြီး ၁၀-၁၅ ရက်သား (အရွက် ၄-၆ရွက်) တွင် တစ်ကျင်းကို တစ်ပင်ချန်ပြီး အပင်မှုန်းရပါမည်။ ပေါင်းနှိမ်နင်းခြင်း - လက်ပေါင်းလိုက်ခြင်း (သို့) လက်တွန်းပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်း။ - အပင်မှုန်းပြီး ၁၀-၁၅ရက်သားတွင်တစ်ကြိမ်၊ ၃၅-၄၀ ရက်သားတွင်တစ်ကြိမ် ကြားပေါင်းလိုက်ခြင်း။ - ရိတ်သိမ်းသည့်တိုင်အောင် နှစ်လခြားတစ်ကြိမ် ပေါင်းရှင်းခြင်း။ - စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၁၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၁၀ ဇွန်း) နှုန်းဖြင့် ဖျန်းပြီးနောက် ၂၀ - ၂၅ ရက်သားတွင် တူးဖိုးဒီ ပေါင်းသတ်ဆေးကို တစ်ဧကလျှင် ၀.၄၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၄၀ ဇွန်း) နှုန်းထားဖြင့် ဖျန်းပေးရမည်။ ၃၀-၃၅ ရက်သားတွင် လက်ပေါင်းတစ်ကြိမ် လိုက်ပေးရမည်။ - အတန်းလိုက်စိုက်ခင်းတွင်လည်း စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၂၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၂၅ ဇွန်း) နှုန်းဖြင့် ဖျန်းပြီး ပဲပင်ဖြင့် ကြားညှပ်စိုက်ပျိုးပါက Atrazine ကိုမသုံးပဲ Pendimethalin pre-emergence ကို စိုက်ပျိုးပြီး ၃-၅ ရက်သားတွင် တစ်ဧက ၀.၇၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၇၅ ဇွန်း) နှုန်းဖြင့် ဖျန်းပေးရမည်။ ကျရောက်တတ်သောရောဂါများ ပြောင်းရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်း - ပရိုကော်နယ်ဇော၊ ကာဗာဒါဇင် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။ ရိုင်ဇိုတိုးနီးယားရွက်ခြောက်ရောဂါ ကာကွယ်နှိမ်နင်းနည်းများ - ဘာဗင့်စတင်၊ ဘန်လိတ် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။ - ပြောင်းပန်းခိုင်မထွက်ခင် အောက်ခြေရွက်များကို ခြွေပေးပါ။ - နွားချေးမြေဩဇာကျွေးပါ။ - ထရိုင်ခိုဒါးမားမှိုကို အသုံးပြု၍ နှိမ်နင်းပါ။ ပြောင်း မှိုသီး(စမတ်)ရောဂါ/ ပြောင်းပင်ပုရောဂါ - သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။ - မြေအောက်နက်နက်ရောက်အောင် မျိုးစေ့ချခြင်းမှ ရှောင်ပါ။ ပြောင်းပင်တို၊ ပုကားရောဂါ ကာကွယ်နှိမ်နင်းနည်းများ - ပေါင်းရှင်းပါ။ - ပျပိုးနှိမ်နင်းနိုင်သည့် မာလာသီယွန်၊ အဆီဖိတ် စသည့် ပိုးသတ်ဆေးများ အသုံးပြုပါ။ * ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။ စိုက်ပျိုးသောမျိုးများ စီပီ ၈၈၈ အသက်ရက် - ၁၂၀ရက် အထွက်နှုန်း - ၄၅၀ - ၅၀၀ ကီလိုဂရမ် (၂၇၀-၃၀၀ ပိဿာ) ထူးခြားချက် - ရေငတ်ဒဏ်ခံ၊ ရာသီမရွေးစိုက်နိုင် စီပီ ၃၀၁ အသက်ရက် - ၁၁၀ ရက် အထွက်နှုန်း - ၄၈၀ ကီလိုဂရမ် (၂၉၀ ပိဿာ) ထူးခြားချက် - ရေမဝပ်သော ဒေသတွင် စိုက်ပျိုးနိုင်၊ ရာသီမရွေးစိုက်နိုင် သကြားပြောင်း (သို့) ပြောင်းချို အသက်ရက် - ၇၀-၇၅ရက် အထွက်နှုန်း - ၁၆၀၀ - ၁၈၀၀ ပင် ထူးခြားချက် - အပင်သန်စွမ်း၊ အရသာကောင်း၊ ရောဂါဒဏ်ခံ ပြောင်းစေး အသက်ရက် - ၆၅-၇၀ရက် ထူးခြားချက် - ပြည် - အောင်လံ၊ ပြလို့တို့တွင် အများဆုံးစိုက် ရိတ်သိမ်းခြင်း မောင်းညိုချိန် ပြောင်းဖူးခွံ အဝါရောင်ပြောင်းချိန်၊ ပြောင်းဖူးရိုးတံနှင့် အခွံကြားအစပ် အညိုရောင်ကွင်းလေးပေါ်ချိန်တွင် ရိတ်သိမ်းပေးရမည်။ ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်း နေရောင်အောက်တွင် ဖျာ၊ မိုးကာ (သို့) တလင်းပြင်တွင်ဖြန့်ကာ အစိုဓာတ် ၁၁ ရာခိုင်နှုန်းအောက်ရောက်အောင် အ ခြောက်လှန်းပေးရမည်။ Source - ACARE
ဆက်စပ်မေးခွန်းများ
ပြောင်းဖူးပင်စိုက်ခြင်လို့
ဖြေကြားချက် 3 ခု
ပြောင်းနီ စိုက်ပျိုးနည်းသိသူများပြောပြပါလားဆရာသမားများ
ဖြေကြားချက် 1 ခု
ပြောင်းသီးနှံ အကြောင်းလေး သိပါရစေ
ဖြေကြားချက် 1 ခု
အပင်မညီလို့ ဘာကြောင့်ဖြစ်တာလဲခဗျ ဘယ်လိုလုပ်ရမလဲ တစ်လသားအပင်လေးတွေပါ
ဖြေကြားချက် 6 ခု
ဘယ်အချိန်စိုက်ရင် အကောင်းဆုံးလည်း မျိုးစေ့ကို ပျိုးထောင်ရင် ဘယ်လိုထောင်ရလည်း
ဖြေကြားချက် 1 ခု