စိုက်ပျိုးချိန် - မိုးရာသီ မေလ (၁၅)ရက် ဇွန်လပထမပတ်အတွင်းစိုက်ပျိုးရန်။
မိုးနှောင်းကာလ - မျိုးစေ့ကို မိုးရာသီတွင် ၂.၅ လက်မအနက်၊ ဆောင်းရာသီတွင် ၂-၂.၅ လက်မအနက်စိုက်ပြီး မြေကြီးဖြင့်ဖုံးပါ။ တန်းကြား ၂.၅ ပေနှင့် ၉ လက်မစိုက်ပါ။
မြေပြုပြင်ခြင်း - ထယ် ၁ စပ်၊ ထွန် ၂-၃ စပ်၊ နောက်ဆုံးမြေညှိခြင်း၊ မြေမပြင်ခင် သဘာဝမြေဩဇာကို တစ်ဧက လှည်း ၅-၁၀ စီး
မြေဩဇာကျွေးခြင်း
- တစ်ဧကနှုန်းထား ယူရီးယား ၅၆ ပေါင်၊ တီစူပါ ၁၁၂ ပေါင်၊ ပိုတက် ၅၆ ပေါင်ကို စိုက်ချိန်တွင်ကျွေးပါ။
- စိုက်ပျိုးပြီး ၁၅ - ၂၀ ရက်အတွင်း တစ်ဧက ယူရီးယား ၅၆ ပေါင် နှင့် ၃၅ - ၄၀ ရက်အတွင်း နောက်ထပ် ယူရီး ယား ၅၆ ပေါင်ကိုကျွေးပါ။
အပင်မှုန်းခြင်း
- စိုက်ပြီး ၁၀-၁၅ ရက်သား (အရွက် ၄-၆ရွက်) တွင် တစ်ကျင်းကို တစ်ပင်ချန်ပြီး အပင်မှုန်းရပါမည်။
ပေါင်းနှိမ်နင်းခြင်း
- လက်ပေါင်းလိုက်ခြင်း (သို့) လက်တွန်းပေါင်းလိုက် ကိရိယာဖြင့် ပေါင်းရှင်းခြင်း။
- အပင်မှုန်းပြီး ၁၀-၁၅ရက်သားတွင်တစ်ကြိမ်၊ ၃၅-၄၀ ရက်သားတွင်တစ်ကြိမ် ကြားပေါင်းလိုက်ခြင်း။
- ရိတ်သိမ်းသည့်တိုင်အောင် နှစ်လခြားတစ်ကြိမ် ပေါင်းရှင်းခြင်း။
- စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၁၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၁၀ ဇွန်း) နှုန်းဖြင့် ဖျန်းပြီးနောက် ၂၀ - ၂၅ ရက်သားတွင် တူးဖိုးဒီ ပေါင်းသတ်ဆေးကို တစ်ဧကလျှင် ၀.၄၀ ကီလိုဂရမ် (ထမင်းစားဇွန်း ၄၀ ဇွန်း) နှုန်းထားဖြင့် ဖျန်းပေးရမည်။ ၃၀-၃၅ ရက်သားတွင် လက်ပေါင်းတစ်ကြိမ် လိုက်ပေးရမည်။
- အတန်းလိုက်စိုက်ခင်းတွင်လည်း စိုက်ပြီး ၃-၅ ရက်တွင် Atrazine pre-emergence ပေါင်းသတ်ဆေးကို တစ်ဧက ၀.၂၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၂၅ ဇွန်း) နှုန်းဖြင့် ဖျန်းပြီး ပဲပင်ဖြင့် ကြားညှပ်စိုက်ပျိုးပါက Atrazine ကိုမသုံးပဲ Pendimethalin pre-emergence ကို စိုက်ပျိုးပြီး ၃-၅ ရက်သားတွင် တစ်ဧက ၀.၇၅ ကီလိုဂရမ် (ထမင်းစားဇွန်း ၇၅ ဇွန်း) နှုန်းဖြင့် ဖျန်းပေးရမည်။
ကျရောက်တတ်သောရောဂါများ
ပြောင်းရွက်ခြောက်ရောဂါ
ကာကွယ်နှိမ်နင်းနည်း
- ပရိုကော်နယ်ဇော၊ ကာဗာဒါဇင် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။
ရိုင်ဇိုတိုးနီးယားရွက်ခြောက်ရောဂါ
ကာကွယ်နှိမ်နင်းနည်းများ
- ဘာဗင့်စတင်၊ ဘန်လိတ် စသည့်မှိုသတ်ဆေးများကို အသုံးပြုပါ။
- ပြောင်းပန်းခိုင်မထွက်ခင် အောက်ခြေရွက်များကို ခြွေပေးပါ။
- နွားချေးမြေဩဇာကျွေးပါ။
- ထရိုင်ခိုဒါးမားမှိုကို အသုံးပြု၍ နှိမ်နင်းပါ။
ပြောင်း မှိုသီး(စမတ်)ရောဂါ/ ပြောင်းပင်ပုရောဂါ
- သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။
- မြေအောက်နက်နက်ရောက်အောင် မျိုးစေ့ချခြင်းမှ ရှောင်ပါ။
ပြောင်းပင်တို၊ ပုကားရောဂါ
ကာကွယ်နှိမ်နင်းနည်းများ
- ပေါင်းရှင်းပါ။
- ပျပိုးနှိမ်နင်းနိုင်သည့် မာလာသီယွန်၊ အဆီဖိတ် စသည့် ပိုးသတ်ဆေးများ အသုံးပြုပါ။
* ခံနိုင်ရည်ရှိသောမျိုးများကို ရွေးချယ်စိုက်ပျိုးပါ။ သီးလှည့်စိုက်စနစ်ကို အသုံးပြုပါ။
စိုက်ပျိုးသောမျိုးများ
စီပီ ၈၈၈
အသက်ရက် - ၁၂၀ရက်
အထွက်နှုန်း - ၄၅၀ - ၅၀၀ ကီလိုဂရမ် (၂၇၀-၃၀၀ ပိဿာ)
ထူးခြားချက် - ရေငတ်ဒဏ်ခံ၊ ရာသီမရွေးစိုက်နိုင်
စီပီ ၃၀၁
အသက်ရက် - ၁၁၀ ရက်
အထွက်နှုန်း - ၄၈၀ ကီလိုဂရမ် (၂၉၀ ပိဿာ)
ထူးခြားချက် - ရေမဝပ်သော ဒေသတွင် စိုက်ပျိုးနိုင်၊ ရာသီမရွေးစိုက်နိုင်
သကြားပြောင်း (သို့) ပြောင်းချို
အသက်ရက် - ၇၀-၇၅ရက်
အထွက်နှုန်း - ၁၆၀၀ - ၁၈၀၀ ပင်
ထူးခြားချက် - အပင်သန်စွမ်း၊ အရသာကောင်း၊ ရောဂါဒဏ်ခံ
ပြောင်းစေး
အသက်ရက် - ၆၅-၇၀ရက်
ထူးခြားချက် - ပြည် - အောင်လံ၊ ပြလို့တို့တွင် အများဆုံးစိုက်
ရိတ်သိမ်းခြင်း
မောင်းညိုချိန် ပြောင်းဖူးခွံ အဝါရောင်ပြောင်းချိန်၊ ပြောင်းဖူးရိုးတံနှင့် အခွံကြားအစပ် အညိုရောင်ကွင်းလေးပေါ်ချိန်တွင် ရိတ်သိမ်းပေးရမည်။
ခြွေလှေ့ခြင်းနှင့် သိုလှောင်ခြင်း
နေရောင်အောက်တွင် ဖျာ၊ မိုးကာ (သို့) တလင်းပြင်တွင်ဖြန့်ကာ အစိုဓာတ် ၁၁ ရာခိုင်နှုန်းအောက်ရောက်အောင် အခြောက်လှန်းပေးရမည်။
Source - ACARE
ဗွေဆော်ဦး ကြော်ငြာ
Aqua ဘူစတာ
Aqua ကယ်လဆီယမ်