ဖြေကြားချက် ၁ ခု
လျော်ဖြူသည် အပင်ဖြစ်ထွန်းရန်အတွက် ခက်ခဲမှု မရှိနိုင်သော်လည်း အစေးထွက်ရှိရန် အစေးထုတ်ယူရန်မှာ အရေးကြီးပါတယ်။ လျော်ဖြူအစေး ထွက်ရှိရန် အဓိက မိတ်ဘက်ရာသီဥတုမှာ ပူအိုက်စွတ်စိုသော အခြေအနေရှိရန် လိုအပ်ပြီး လျော်ဖြူ ထုတ်ယူချိန်တွင် လေပြင်းတိုက်ခြင်း၊ မိုးရွာသွန်းခြင်း တို့ကြောင့် အစေးထုတ်ယူမှုတွင် ယုတ်လျော့ခြင်း ပျက်စီးခြင်းများ ဖြစ်ပေါ်စေ၍ ထိုကာလများအား ရှောင်လွဲသင့်ပါတယ်။ ယေဘုယျအနေဖြင့် အလွန်အေးသောရာသီဥတု ရှိသော ဒေသများနှင့် တစ်နှစ်ပါတ်လုံးမိုးရွာသွန်းသော မိုးအလွန်များသော ဒေသများတွင် မစိုက်ပျိုးသင့်ဟုအကြမ်းဖျဉ်း ဆို၍ရပါမည်။ မြန်မာနိုင်ငံအတွင်းရှိ ထိုကဲ့သို့သော ဒေသများသည် အပင်ဖြစ်ထွန်း နိုင်သော်လည်း အစေးထုတ်ယူချိန်တွင် အခက်အခဲများစွာ ကြုံတွေ့နိုင်ပါတယ်။လက်ရှိ လျော်ဖြူစိုက်ပျိုးနေသူ လေ့လာနေကြသူ အများစုကတော့ အောက်မြန်မာပြည်တွင် လျော်ဖြူမစိုက်သင့်ဟုပင် လက်ခံယုံကြည်နေကြပါတယ်။ လျှော်ဖြူစိုက်ပျိုးခြင်းနဲ့ပတ်သတ်တဲ့ ရေမြေရာသီဥတု၊စိုက်ပျိုးနည်းစသည့်အကြောင်းအရာအပြည့်အစုံကို အောက်ပါLinkများတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ့။ လျော်ဖြူစိုက်ဖို့ မြေပြုပြင်မယ်ဆိုလျှင်ဖြင့်.... https://greenwaymyanmar.com/posts/wile-almone-tree-and-weather
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
လျော်ဖြူ ကို ခေတ်သစ်စိုက်ပျ ို းနည်းဖြင့် ဘယ်လို စိုက်ရမလဲ ရ မရ သိချင်ပါတယ်
ဖြေကြားချက် 0 ခု
လျှော်ဖြူပင်အကြောင်း နှင့် စိုက်ပျိုးနည်း လေးသိချင်လို့ပါ
ဖြေကြားချက် 3 ခု
လျှော်ဖြူ အစေး ဈေးလဲ သိချင်ပါတယ် ခင်ဗျ
ဖြေကြားချက် 3 ခု
လျှော်ဖြူဈေးကွက် သေချာမှုရှိလာဗျာ ဈေးကွက် အခြေအနေ လေးသိပါရစေဗျာ စိတ်ဝင်စားပြီးသိချင်လို့ပါ
ဖြေကြားချက် 3 ခု
လျှော်ဖြူပင်ကို ပဲခူးတိုင်းတောင်ပေါ်ဒေသတွင် စိုက်လို့ရလားခင်ဗျ ဘယ်လိုမြေအမျိုးအစားမှာ စိုက်လို့ရလည်း တစ်ဧက အ...
ဖြေကြားချက် 1 ခု