ဖြေကြားချက် ၃ ခု
ပုလဲဓါတ်မြေဩဇာထည့်ကြွေးကြည့်ပါ
၈။ မြေသြဇာနှုန်းထား ကြက်သွန် စိုက်ပျိုးသော မြေအခြေအနေပေါ် မူတည်၍ မြေသြဇာ အသုံးပြုမှု ကွာခြားသည်။ သဲမြေတွင် နွားချေး ပိုသုံးရမည်။ ယေဘူယျအားဖြင့် တစ်ဧက အတွက် လိုအပ်သော မြေသြဇာမှာ-- ယူရီးယား - ၂အိတ် တီစူပါ - ၂အိတ် ပိုတက်ရှ် - ၁အိတ် ယူရီးယား ဓာတ်မြေသြဇာက ပျိုးပင်များ ပြောင်းစိုက်ချိန်တွင် တစ်ဝက် ထည့်သွင်းပြီး ကျန်တစ်ဝက်ကို စိုက်ပြီး တစ်လကြာတွင် ထည့်ပေးရမည်။ ၉။ အပင်ပြုစုခြင်း ကြက်သွန်ကိုအောင်မြင်စွာ စိုက်ပျိုးနိုင်ရန် အတွက် ပေါင်းကို နိုင်ရန် အရေးကြီးသည်။ ကြက်သွန်သည် ပေါင်းနှင့် မယှဉ်ပြိုင်နိုင်ပေ။ ပေါင်းလိုက်ရာ၌ အပင်ကလေးများကို မထိခိုက်ရန် သတိပြုရသည်။ ကြက်သွန်၏ အမြစ်သည် မြေ၏ အပေါ်ယံ အပိုင်းတွင်သာ ရှိနေသောကြောင့် အမြစ် မထိခိုက်စေရန် သတိပြုရမည်။ အရွက်များ စတင်ကျချိန်တွင် ပေါင်းလိုက်ရန် မလိုတော့ချေ။ ရွှေ့ပြောင်းစိုက်ပြီး တစ်လအကြာတွင် ဒုတိယအကြိမ် ယူရီးယား ဓာတ်မြေသြဇာကို အတန်းကြားတွင် ချပေးပါ။ မြေ အလွန်ကြပ်နေက နွားချေး၊ မြေဆွေး ထပ်မံ ထည့်ပေးပါ။ ကြက်သွန်နီ စိုက်ပျိုးနည်း
ကြက်သွန်၁၅ရက်သားဆိုဘာဆေးဖျန်းရမလဲ
ဆက်စပ်မေးခွန်းများ
အပင်အားဆေးဘာဆေးသုံးရလဲဗျ
ဖြေကြားချက် 1 ခု
ကျွန်တော့ကြက်သွန်နီစိုက်ခင်းအပင်ဖြစ်နှေးနေလို့ ဘာဆေးတွေသုံးရမလဲလမ်းညွှန်ပေးပါအုံး
ဖြေကြားချက် 1 ခု
ကြက်သွန်စစိုက်ပြီး မြေသြဇာဘယ်အချိန်ထည့်ရမလဲသိချင်လို့ပါ
ဖြေကြားချက် 3 ခု
မြေဆီဘာတွေသုံးသင့်လဲဗျ
ဖြေကြားချက် 2 ခု
ကြက်သွန်မှာသြဇာသုံးစွဲရင်ဘယ်လိုအမျိုးမည်နဲ့ဘယ်သြဇာတွေကသင့်တော်လဲဗျ
ဖြေကြားချက် 1 ခု