အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
698
လွန်ခဲ့သော ၅ နှစ် က · မော်လမြိုင်ကျွန်း

စပါးပင်ဆစ်ပိုးတွေနေလို့ဘာဆေးသုံးရင်အဆင်ပြေမလဲဆရာ

ပိုးမွှားရောဂါ စပါး စပါးဆစ်ပိုး

ဖြေကြားချက် ၃ ခု

80,436 လွန်ခဲ့သော ၅ နှစ် က

နှိမ်နင်းကာကွယ် ဆစ်ပိုးအန္တရာယ် ဒီမှာလဲ လေ့လာနိုင်ပါတယ်။

698 လွန်ခဲ့သော ၅ နှစ် က

ကျေးဇူးတင်ပါတယ်

68,534 လွန်ခဲ့သော ၅ နှစ် က

ကာကွယ်နှိမ်နင်းခြင်း      • စပါးဆစ်ပိုးခံနိုင်ရည်ရှိသော စပါးမျိုးကို ရွေးချယ်စိုက်ပျိုးပါ။      • ပျိုးခင်းနဲ့ ရွှေ့ပြောင်းစိုက်တဲ့အချိန်တွေမှာ ဥမြုံတွေကို လက်နဲ့ကောက်ယူဖျက်ဆီးပါ။      • စပါးပင်အောက်ခြေမှာရှိတဲ့ ဥတွေကို ရေနှစ်သတ်ဖို့ သွင်းရေအမြင့်ကို အခါအားလျော်စွာ ပုံမှန်မြှင့်ပေးပါ။      • ရွှေ့ပြောင်းမစိုက်ပျိုးမီ ပျိုးခင်းကနေ စပါးခင်းထဲကို ဆစ်ပိုးဥတွေပါလာတာ လျော့ကျစေဖို့ စပါးရွက်ထိပ်ဖျားများကို ဖြတ်ပါ။      • အချိန်ကိုက်စိုက်ပြီး တစ်ပြိုင်တည်းစိုက်ကာ ရိုးပြတ်က လောက်ကောင်တွေကို ဖယ်ရှားဖို့ မြေမျက်နှာပြင်ကနေ စပါးကိုရိတ်ကာ ရိုးပြတ်တွေနဲ့ စပါးမျိုးရိုင်းတွေကို ဖယ်ရှားပြီး စပါးခင်းထဲမှာ ထယ်ထိုးရေလွှမ်းပါ။      • ရွှေ့ပြောင်းစိုက်ပြီး (၁) လခန့်မှစတင်ကာ တစ်ကွင်းတစ်စပ်တည်း အပတ်စဉ် မီးထောင်ချောက် ထွန်းပါ။      • ထရိုင်ခိုဂရားမားနဂျီ၊ ပုရွက်ဆိတ်၊ လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူတို့လို ဇီဝထိန်းချုပ်သက်ရှိတွေကို ထိန်းသိမ်းဖို့ အဝါရောင် ဒါမှမဟုတ် အဖြူရောင်ပွင့်တဲ့ ရုံးပတီ၊ နေကြာ၊ ခွေးသေးပန်း၊ ဘိစပ်ပင် စတာတွေကို စိုက်ပါ။      • နိုက်ထရိုဂျင်မြေသြဇာကို အကြိမ်ကြိမ်ခွဲပြီး ထောက်ခံနှုန်းထားအတိုင်း အချိန်ကိုက် အသုံးပြုပါ။      • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ပိုးသတ်ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။         ◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)         ◦ အဆီဖိတ် (Acephate) အ သေစိတ်ကို ပေးထားတဲ့ ဆောင်းပါး link ထဲ ဝင်ရောက်လေ့လာနိုင်ပါတယ်။ စပါးဆစ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။