ဖြေကြားချက် ၄ ခု
ကျေးဇူးပါ ရှင့်
ဒါကတော့ ပဲတီစိမ်းစိုက်တဲ့သူတွေအတွက် သိထားသင့်တဲ့ အလေ့အကျင့်ကောင်းတွေဖြစ်ပါတယ်။ ခေါင်းစဉ်နှိပ်ပြီး လေ့လာနိုင်ပါတယ်ဗျ။ ပဲတီစိမ်း စိုက်ပျိုးနည်းဆိုင်ရာ အလေ့အကျင့်ကောင်းများ
မြေပြင်ခြင်းနှင့် မြေသြဇာကျွေးခြင်း မစိုက်ပျိုးခင် မြေပြင်ရာ၌ ထယ် ၁ စပ်မှ ၂ စပ်ထိုးပြီး ဓားကြမ်းတုံးဖြင့် ထွန်နှစ်စပ် မောင်းပေးရန် လိုအပ်ပါသည်။ မြေပြင်ရာတွင် ၁ ဧကလျှင် နွားချေး တင်း ၁၀၀ မှ တင်း ၁၅၀ အထိ ထည့်ပေးရန်လိုအပ်ပါသည်။ ယူရီးယား မြေသြဇာ ၈ ပြည်၊ တီစူပါ ၂၄ ပြည်၊ ပိုတက် ၁၂ ပြည်နှင့် ကျောက်မှုန့် ပြည် ၂၀ ထည့်ပေးရန် လိုအပ်ပါသည်။ အပင်ပြုစုခြင်း အပင်သက်တမ်း ၃၀ ရက်သားခန့် ရောက်လျှင် ကြားပေါင်းလိုက် ကိရိယာဖြင့် ပေါင်းနှိမ်နင်းရမည် ဖြစ်ပါသည်။ လိုအပ်ပါက လူ အားဖြင့် လက်ပေါင်းလိုက်ရန် လိုအပ်ပါသည်။ ယူရီယားလက်ချားအရည်နှင့် ပိုတက်စီယမ်ဓာတ် ပါဝင်သော အာဟာရ အရည်များ၊ ငါးအမိုင်နိ အက်စစ်ဖျော်ရည်များ ပက်ဖျန်းပေးခြင်းဖြင့် အပင်ကြီးထွားမှုနှင့် အသီး အပွင့်ဖြစ်ထွန်းမှုကို အားပေးပါသည်။ ပဲတီစိမ်း စိုက်ပျိုးခြင်း
မြေခံမှာ ဘာမှမထည့်ခဲ့ဘူးလား။ ဆေးကြီးပဲ မှီနေရင် လူမမာကြီးလို ဖြစ်နေဦးမယ်။
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
ပဲတီစိမ်းအပင်တစ်လပြည်ပါပြီးအပင်ဖြစ်နူန်းသေးလိုကြီးအောင်ဘယ်လိုလုပ်ရမလဲဗျာအသီးလည်သီးရအောင်အကြံပေးပါအုံး
ဖြေကြားချက် 4 ခု
ပဲတီစိမ်းအတောင့်တိုတာဘာဆေးသုံးရမလဲ
ဖြေကြားချက် 1 ခု
ပဲတီစိမ်းစိုက်ချင်လိုပါ ဘယ်မျိုးကိုသုံးရမလည်း ဘယ်လိုပြောဝယ်ရမလည်းဘယ်အချိန်မှာ စိုက်ရင်ကောင်းမလည်းသိပါရစေ
ဖြေကြားချက် 1 ခု
ဆောင်းရာသီ မှာ စိုက် ပတ်ပဲ မျိုးကောင်း မျိုးသန့် နောက် နွေရာသီစိုက် ပဲတီစိမ်း မျိုးကောင်း မျိုးသန့် ကို ဘယ်လို...
ဖြေကြားချက် 1 ခု
မဂ်လာပါ သိချင်တာကတော့ ပဲတီစမ်း က ဘယ်လို ချိန် မှာ မြေ ချစိုက်ပီးတော့ ဘယ် အရွယ်မှာ စပွင့် တာလဲဗျ
ဖြေကြားချက် 1 ခု