အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
188
လွန်ခဲ့သော ၅ နှစ် က · တာမွေ

သင်္ဘောပင် အဖို အမခွဲနည်းလေးသိချင်ပါတယ် အမြစ် ၂ခွ ပါတဲ့ အပင်က အမပင်လား ခင်ဗျ

စိုက်ပျိုးနည်း သင်္ဘော

ဖြေကြားချက် ၃ ခု

အတည်ပြုပြီး 185,097 လွန်ခဲ့သော ၅ နှစ် က

တောင်သူတစ်ယောက်စမ်းတာတော့ တွေ့ဖူးတယ်ဗျ သင်းဘောစေ့ကို ခွဲပီး ရေစိမ်လိုက်တာ ပေါ်တဲ့ အစေ့က အဖို မြုပ်တဲ့ အစေ့က အမဆိုပြီး ငရုပ်နဲ့ ရောစိုက်တာ သူ့ဟာသူတော့ ဟုတ်သား၉၅%လောက်က အမပင်တွေ မဖြစ်နိုင်ဘူးထင်တာ အဲ့လို ရေစိမ် ခွဲပီး ပျိုးစိုက်တာတော့တွေ့ဘူးတယ် သိပ္ပံနည်းကျ တော့ မဟုတ်ဘူးပေါ့

188 လွန်ခဲ့သော ၅ နှစ် က

အခုလို ပြောပြပေးလို့ ကျေးဇူးပါ ခင်ဗျ

အတည်ပြုပြီး 323,965 လွန်ခဲ့သော ၅ နှစ် က

အမြစ်နှစ်ခွပါတာကိုလည်း အမပင်လို့တော့ ပြောကြတယ်။ ကျွန်တော်အိမ်မှာ သတိထားမိတာကတော့ အရမ်းသန်စွမ်းတဲ့အပင်တွေက အဖိုပင်တွေဗျ။ ပျိုးထားတာကို တောင်းစိုက်ကြတော့ သူတို့က အပင်သန်တာတွေ ရွေးနှုတ်သွားကြတာ အဖိုပင်တွေဖြစ်နေတယ်။ ကျန်တဲ့အပင်တွေကို ခြံထဲမှာ စိုက်တော့ အမပင်ကြီးပဲဗျ။ အဒါကြောင့် အချို့က သံပြားခံပျိုးကြတယ်။ အဖိုပင်တွေက တအားသန်တော့ အမြစ်နဲ့ ထောက်ပြီး ညိုးကြကုန်ရော။ ကျန်တဲ့အပင်က အမပဲ ကျန်ခဲ့တာပေါ့။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။