အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
လွန်ခဲ့သော ၅ နှစ် က · တောင်ကြီး

ရေခြံမှာ ပြောင်းပြီးပြောင်း နှစ်သီး စိုက်လို့ရလား ရှင့် သီးနှံအထွက်နှုန်း ကောင်းဖို့ ဘယ်အချိန် ဘယ်လမှာ စိုက်...

ရေခြံမှာ ပြောင်းပြီးပြောင်း နှစ်သီး စိုက်လို့ရလား ရှင့် သီးနှံအထွက်နှုန်း ကောင်းဖို့ ဘယ်အချိန် ဘယ်လမှာ စိုက်ပျိုးသင့်လည်း ရှင့် အကြောင်းပြန်ပေးပါရှင့်

စိုက်ပျိုးနည်း ပြောင်း ပြောင်းစိုက်ရာသီ

ဖြေကြားချက် ၁ ခု

270,769 လွန်ခဲ့သော ၅ နှစ် က

ပြောင်းက အစာအာဟာရအစားများတဲ့သီးနှံဖြစ်ပါတယ်။ တစ်မျိုးတည်းစိုက်ပျိုးတာထက် သီးလှည့်စိုက်ပျိုးတာက ပိုကောင်းပါတယ်။ စိုက်ပျိုးမြေမှာ သီးနှံတစ်မျိုးတည်းစိုက်ပျိုးမယ်ဆိုရင် မြေဆီလွှာလည်းပျက်ဆီးနိုင်သလို ပိုးမွှားရောဂါကျရောက်မှုလည်းများတဲ့အတွက် အထွက်နှုန်းလျော့တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် ဒီ သီးနှံမျိုးစုံ စိုက်ပျိုးရေး (ပြောင်းဖူးနှင့် ပဲမျိုးစုံ) ဆောင်းပါးကို ညွှန်းချင်ပါတယ်။ ဖတ်ကြည့်ပါရှင့်။ ပြောင်း ကို သီးနှံမျိုးစုံစိုက်ပျိုးတဲ့နည်းစနစ်ကို ဖော်ပြပေးထားပါတယ်။ ပြောင်းကို မိုးရာသီ မိုးနှောင်းနဲ့ ဆောင်းရာသီတို့မှာ စိုက်ပျိုးလို့ရပါတယ်။

You

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။