ဖြေကြားချက် ၁ ခု
(EM3) အသင့်သုံးအီးအမ် EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ခြောက်သွေ့သော နေရာ၊ နေရောင်တိုက်ရိုက် မထိတွေသောနေရာတွင် ၇ ရက်တစ်ပတ်ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em3) အသင့်သုံးအီးအမ်ကို မြေပြင်ချိန် အနံဆိုးများနှင့် မွေးမြူရေးခြံ များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆေးများ အသုံးပြုရာတွင် မူလဆေးအစွမ်းထက်ရန် ရောစပ်အသုံး ပြု နိုင်ပါသည်။ အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
ဆက်စပ်မေးခွန်းများ
အီးအမ်(အပြင်းပြုလုပ်နည်းလေ ဖြေကြားပေးပါ)
ဖြေကြားချက် 1 ခု
ကျွန်တော် လုပ်တဲ့ EM မှန် မမှန် အ ြကံပေးစေလိုပါတယ်။ အသီးချဥ်ဖော်ရည် 500စီစီ နို ့အချည်ဖောက် LAB 500 စီစီ ထန်း...
ဖြေကြားချက် 6 ခု
ငှက်ပျောပင်ဇင်၀ပျော်ရည်ထဲကိုEMအပြင်းတစ်လီတာထည်တာရလားဗျပညာရှင်များဖြေပေးပါအုန်းဗျ
ဖြေကြားချက် 6 ခု
EMဖေျာ်ရည် အလွယ်တကူ ပြုလုပ်နည်း သိချင်ပါသည်
ဖြေကြားချက် 2 ခု
မူလemပြုလုပ်နည်လေ လင်ပါအုန် ဆရာသမာများ
ဖြေကြားချက် 1 ခု