အကျိုးပြုအဏုဇီဝပိုးမွှား(EM) အဆင့်ဆင့်ပွားနည်းများ

09/02/2018 14:42 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

Effective Microorganisms (EM) ၁. ၂. ၃. ၄. ၅. ၆

ကျွန်တော်ဒီနေ့တော့ ခဏခဏအမေးများနေတဲ့ (EM) ပွားနည်းလေးတွေကို သိသမျှ မျှဝေပေး ပါမယ်။ မမျှဝေခင် (EM) အကြောင်းတော့ သိသမျှ ဖောက်သယ်နည်းနည်း ချပေးချင်ပါတယ်။ (EM) ကို စတင်တွေ့ရှိသူ ဂျပန်နှိင်ငံသား ဒေါက်တာ တယ်ရူးဟီးဂါး (Dr.Teruo Higa) က1982 ခုနှစ်မှာ (EM) ကိုစတင်တွေ့ရှိခဲ့ပါတယ်။ (EM) ရဲ့ဖခင်ကြီးဆို မမှားနှိင်ပါဘူး။ ထို (EM) ကို ဂျပန်နိုင်ငံရဲ့ ဓါတုအဆိပ်သင့်ပြီး ယိုယွင်းနေတဲ့ ကျန်းမာရေးဆိုင်ရာဘက်မှာ အသုံး ပြုရန် ရည်ရွယ်သုံးရာကနေ (Organic Farming) အော်ဂဲနစ်လယ်ယာဘက်မှာပါ အသုံးပြုလာ ကြပါတယ်။ ထိုမှတဆင့် အသုံးပြုသူများပြားလာကာ လူတိုင်းနှုတ်ဖျားမှာ (EM) က တွင် ကျယ်လာပါတယ်။ (EM)ဆိုတာ အကျိုးပြုအဏုဇီဝပိုးမွှားတွေ ကြွယ်ဝစွာပါဝင်တဲ့အတွက် ကျန်းမာရေးဘက်ရော စိုက်ပျိုးမွေးမြူရေးဘက်မှာပါ အရမ်းအသုံးဝင်ပါတယ်။ စစ်မှန်တဲ့(EM) ကိုရရှိမှသာ မှန်ကုန်တဲ့ အသုံးဝင်မှု့ကို ပေးမှာပါ။ (EM) ဆိုတာ (Effective Microorganisms) အကျိုးပြုအဏုဇီဝပိုးမွှားလို့ အဓိပ္ပယ်ရပါတယ်။ ထို့ကြောင့် အော်ရဂျင်နယ် EM1(Original EM1) ဂျပန် EM1 ကို အဆင့်ဆင့်ပွားယူလို့ရပါတယ်။ ထို့ကြောင့် (EM1) ရှိပြီဆိုလျှင် အောက်ပါအတိုင်း ပွားယူနိုင်ပါသည်။

(EMပွားနည်း)

(EM2) အီးအမ်အပြင်း
အော်ရဂျင်နယ် EM1(Orginal EM1) တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရနိုင်ရာ တစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ ခြောက်သွေ့သော နေရောင်တိုက်ရိုက်မထိသော နေရာတွင် ရက် ၃၀ ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em2) အီးအမ်အပြင်းကို ပိုးဆေး၊ မှိုဆေး၊ ငါးအမိုင်နို အက်ဆစ် ဖော်စပ်ရာတွင် ရောစပ်အသုံးပြုနိုင်သည်။

(EM3) အသင့်သုံးအီးအမ်
EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရေသန့် ၂၀ လီတာ အားလုံးကိုရောပြီး အေး၍ခြောက်သွေ့သော နေရာ၊ နေရောင်တိုက်ရိုက် မထိတွေသောနေရာတွင် ၇ ရက်တစ်ပတ်ထားပါ။ ရက်ပြည့်လျှင် အသုံးပြုနိုင်ပါသည်။ (Em3) အသင့်သုံးအီးအမ်ကို မြေပြင်ချိန် အနံဆိုးများနှင့် မွေးမြူရေးခြံ များ၊ အော်ဂဲနစ် စိုက်ပျိုးရေးဆေးများ အသုံးပြုရာတွင် မူလဆေးအစွမ်းထက်ရန် ရောစပ်အသုံး ပြု နိုင်ပါသည်။

(EM4)မွေးမြူရေးအစာအားဖြည့်အီးအမ်
EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ဆန်ဖွဲနု (သို့) ဂျုံဖွဲနု နို့ဆီဘူး ၄ ဘူး၊ ပဲဖတ်၂၀ သား၊ ရေသန့် လီတာ ၂၀ အားလုံးကိုရောပြီး အေး၍ချောက်သွေ့သော၊ နေရောင်တိုက်ရိုက်မထိတွေ့သော နေရာတွင် ရက် ၃၀ ထားပါ။ မွေးမြူရေးအစာအားလုံးတွင် ရောစပ်ပြီး တိရိစ္ဆာန်အားတိုးအားဖြည့်ဆေး အတွက် အသုံးပြုနိုင်ပါသည်။

(EM5)ပိုးသတ်ဆေးအာနိသင်အီးအမ်
EM2 အီးအမ်အပြင်း တစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ရှာလကာရေ ၅၀၀ စီစီ၊ အရက်ဆီ ၅၀၀ စီစီ၊ ရေသန့် လီတာ ၂၀ အားလုံးကိုရောပြီး အေး၍ချောက်သွေ့သော/ နေရောင်တိုက်ရိုက်မထိတွေ့သော နေရာတွင် ၁၅ ရက်/ လဝက်ခန့် ထားပြီး ပိုးသတ်ဆေး၊ ပိုးပြေးဆေးအဖြစ် အသုံးပြုပါ။ အော်ဂဲနစ် ပိုးဆေး အားလုံးနဲ့ တွဲဖက်ပြီးအသုံးပြုနိုင်သည်။

(EM6) ပေါင်းမြက်နှင့်ပြုလုပ်သော အပင်အားဖြည့် ပိုးပြေးအီးအမ်
EM2 အီးအမ်အပြင်းတစ်လီတာ၊ တင်လဲရေ/ ထန်းလျှက်အညိုကျိုရေ/ သကြားအညိုကျိုရေ/ သကာရေ ရရာတစ်လီတာ၊ ပေါင်းပင် စင်းပြီးသား တစ်တင်း၊ ရေလီတာ ၂၀၊ စဉ့်အိုးကြီး တစ်လုံး၊ ပေါင်းပင်စင်းပြီးသားတွေကို စဥ့်အိုးထဲအောက်ခံထည့်ပြီး ကျောက်ခဲတစ်လုံး နဲ့ ဖိထားပါ။ Em2 နှင့် တင်လဲရေ ရေလီတာ ၂၀ အရောကို အပေါ်ကထဲ့ပြီး လေလုံအောင်ပိတ်ပါ။ အေး၍ချောက်သွေ့သော နေရောင်တိုက်ရိုက်မထိတွေ့သောနေရာတွင် ၄၅ ရက် တစ်လခွဲထားပြီး အသုံးပြုနိုင်ပါသည်။ အပင်အားကောင်းဆေးနှင့် ပိုးပြေးဆေးအဖြစ် ရောစပ်အသုံးပြုနိုင်ပါ သည်။

မှတ်ချက်။ ။ ပေါင်းမြက်ထည့်ရာတွင် ပိုးပြေးအာနိသင်ရှိသော အပင်များကို အသုံးပြုလျှင် ပိုးအတွက်ပိုကောင်းပြီး အသီးအနှံများနှင့် အရွက်စိမ်းများအသုံးပြုလျှင် အပင်နှင့်အပွင့်အသီး အတွက် ပို၍ကောင်းသည်။ မိမိလိုသလို အသုံးပြုနိုင်ပါသည်။

တောင်သူအားလုံးစစ်မှန်တဲ့EMနည်းစနစ်ဖြင့်ကြီးပွားတိုးတက်အောင်မြင်ကြပါစေ။

မန္တလေး ထုံးဘို ရိတ်သိမ်းချိန်လွန်သင်တန်းကျောင်းမှ ဦးစီးမှုးဆရာမကြီး ဒေါ်မြင့်မြင့်မေ အား ဂါရဝပြုပါသည်။

စေတနာမေတ္တာများစွာဖြင့်

#Phyochitthu facebook page မှ ပြန်လည်ကူးယူဖော်ပြပါသည်။
 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်