ဖြေကြားချက် ၁ ခု
၁. စိုက်ပျိုးဒေသ အပူပိုင်းဒေသနှင့် သမနွေးပိုင်းဒေသတို့တွင် ကောင်းမွန်စွာ စိုက်ပျိုး ဖြစ်ထွန်းသည်။ မြန်မာနိုင်ငံ အနေဖြင့် မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အများဆုံး စိုက်ပျိုးကြပါသည်။ သမနွေးပိုင်း ရာသီဥတုရှိသည့် ရှမ်းပြည်နယ်တွင် တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါသည်။ ၂. သီးနှံမျိုးကွဲများ ခရမ်းချဉ်ကို အရိုင်းမျိုး၊ မီးဖိုချောင်သုံးဟူ၍ မျိုးခွဲခြား စိုက်ပျိုးလေ့ရှိကြပါသည်။ အရိုင်းမျိုးမှာ အချဉ်ဓါတ် ပါဝင်မှုမြင့်မားပြီး အသီးအရွယ် အစားသေးခြင်း၊ အခွံပါးခြင်းနှင့် အစေ့ပါဝင်မှုများြ ပားခြင်း၊ ရာသီဥတုဒဏ် (အပူချိန် မြင့်မားမှု) ကိုပိုမိုခံနိုင်ရည်ရှိခြင်း၊ ရောဂါဒဏ် ခံနိုင်မှုရှိခြင်းတို့ကြောင့် မျိုးစပ်ခြင်းလုပ်ငန်းတွင် များစွာအသုံးဝင် ပါသည်။ မီးဖိုချောင်သုံးမှာ အလုံး အရွယ်အစား အသင့်အတင့်မျှ ကြီးမားပြီး အစေ့ပါဝင်မှု နည်းပါးသည်။ အနည်းငယ် အေးသောဒေသများတွင် ပို၍ စိုက်ပျိုး ဖြစ်ထွန်းမှု အားကောင်းပါသည်။ စက်ရုံသုံး ခရမ်းချဉ်သီးမျိုးမှာ အခွံထူ အနှစ်များပြီး အသီး ရင့်မှည့်ချိန် ညီညာမှုရှိသည့် အတွက် စက်ဖြင့် အလွယ်တကူ ရိတ်သိမ်းနိုင်ပါသည်။ တိုင်ထောင်မျိုး အပင်ကြီးထွားပုံမှာ အဖျားတွင် အညွန့်နှင့် အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခုကြားတွင် အဆစ် (၂) ဆစ်မှ အထက် ရှိသည်။ ပြုစုစောင့်ရှောက်မှုကောင်းပါက တစ်နှစ်ခံပင် အဖြစ် စိုက်ပျိုးနိုင်ပါသည်။ စိုက်ပျိုးရာတွင် တိုင်ထောင်၊ တန်းပစ်၊ ကြိုးချည်၊ အတက်ဖဲ့ခြင်း လုပ်ငန်းများ မှန်မှန်ဆောင်ရွက်ရန် လိုအပ်ပါသည်။ တိုင်လွတ်မျိုး အပင်ကြီးထွားပုံမှာ အဖျားတွင် ပန်းခိုင်နှင့် အမြဲတမ်း အဆုံးသတ်လေ့ရှိသည်။ ပန်းခိုင်တစ်ခုနှင့် တစ်ခု ကြားတွင် အဆစ် (၃) ဆစ်သာရှိသည်။ စက်ရုံသုံး ခရမ်းချဉ်သီး အားလုံး ဤအုပ်စုအောက်တွင် ပါဝင်ပြီး မိုးလွတ်ကင်း သော ဆောင်းနှင့် နွေဥတုတွင် စိုက်ပျိုးသည်။ အသီးပုံသဏ္ဍာန် အသီး အညှာတွင် အစိမ်းရင့်ပါသော မျိုးနှင့် မပါသောမျိုး ဟူ၍ပေါ်လွင်စွာ ခွဲခြားလေ့ရှိသည်။ အသီးထိပ်တွင် ထိပ်ချွန်၊ ထောက်ချွန်၊ ချောနှင ့်ချိုက်ဟူ၍ (၄) မျိုး ခွဲခြားထားပါသည်။ အသီးရောင် အနေဖြင့် အနီ၊ ပန်းရောင်နှင့် အဝါဟူ၍ အုပ်စု (၃) စုခွဲခြားထားပါသည်။ ၃. ရာသီဥတု နွေးသော ရာသီဥတုကို ကြိုက်နှစ်သက်သည်။ နံနက်ပိုင်း အပူချိန် ၁၅ ဒီဂရီ စင်တီဂရိတ်တွင် ပန်းပွင့်မှုမှာ အကောင်းဆုံး ဖြစ်သည်။ ညဘက်တွင် အလွန်ခြောက်သွေ့ ပူပြင်းပြီး အပူချိန် ၁၃ ဒီဂရီစင်တီဂရိတ် ထက် နိမ့်ကျလျှင် လည်းကောင်း၊ ခရမ်းချဉ် အပွင့်များ မျိုးမအောင် အသီး မတင်နိုင် ဖြစ်ရသည်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စသည့် လွန်ကဲသော ရာသီဥတု အခြေအနေမျိုးတွင် အပင်ကိုသေစေနိုင်သည်။ ပျှမ်းမျှ အပူချိန် ၁၈-၁၅ ဒီဂရီ စင်တီဂရိတ် ရရှိလျှင် အပင်ဖြစ်ထွန်းမှု အကောင်းဆုံး ဖြစ်ပါသည်။ ၄. စိုက်ပျိုးခြင်း (၁) မြေပြုပြင်ခြင်း မြေ အခြေအနေပေါ် မူတည်၍ ထယ် ၂ စပ်မှ ၄ စပ်ထိုးပြီး ထွန်ရေးညက်သည် အထိ ၁၆သွား ထွန်ဝင်ပေးရန် လိုအပ်ပါသည်။ ခရမ်းချဉ် အမြစ်သည် တည့်မတ်စွာမြေအနက် ၃ပေခန့် အထိ ဆင်းနိုင်သည့်အတွက် ထယ်ရေး နက်ရန် လိုအပ်သည်။ မိုး များဒေသ တွင်ရေမဝပ်စေရန်ရေ နှုတ်မြောင်း လုပ်ပေးရသည်။ ထွန်ရေး ညက်လျှင် ကြမ်းတုံး ရိုက်၍ တစ်တန်းနှင့် တစ်တန်း ၃ ပေ၊ တစ်ပင်နှင့် တစ်ပင် ၂ ပေခြား စိုက်ပျိုးရပါမည်။ အပြည့်အစုံကို ခရမ်းချဉ် စိုက်ပျိုးနည်း ဒီဆောင်းပါးမှာဖတ်လို့ရပါတယ်ရှင့်။
ဆက်စပ်မေးခွန်းများ
စိုက်နည်း
ဖြေကြားချက် 1 ခု
ခရမ်းချဉ်ပျိုးထောင်ရန်အတွက်မျိုးစေ့တစ်ထုတ်ကိုဟိုမိုင်းမိုဆေးထည့်ပြီးပျိုးထောင်ချင်လို့ဘယ်လိုလုပ်ရင်အကောင်းဆုံး...
ဖြေကြားချက် 6 ခု
ခရမ်းချဥ်စိုက်နည်း
ဖြေကြားချက် 1 ခု
ခရမ်းချင်ဘယ်လိုစိုက်ရမလဲ
ဖြေကြားချက် 1 ခု
ခရမ်းချဉ်သီးခုနှစ်သစ်မှာစစိုက်ရင် ပေါ်ချိန်ခြေနေ?
ဖြေကြားချက် 0 ခု