အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
60
လွန်ခဲ့သော ၈ နှစ် က · ကန့်ဘလူ

ကျွန်တော့်ကို SAIBU (စပါးလမိုင်း)နည်းပညာလေးမျှဝေးပေးပါလားဗျ

စိုက်ပျိုးနည်း စပါး စပါးလမိုင်းထားခြင်း
1

ဖြေကြားချက် ၁ ခု

လွန်ခဲ့သော ၈ နှစ် က

SALIBU (စပါးလမိုင်း) စိုက်ပျိုးနည်းအဆင့်ဆင့် ၁။ မိခင်ပင်ကို ရိတ်သိမ်းရာတွင် ဇီဝကမ္မရင့်မှည့်ချိန်တွင် ရိတ်သိမ်းပေးရမည်။ ၂။ မရိတ်သိမ်းမီ (၁၄) ရက်အလိုတွင် နိုက်ထရိုဂျင်ဓာတ်မြေသြဇာနှင့် ဖော့စဖိတ်ဓာတ်မြေသြဇာ များကို ထည့်သွင်းပေးရမည်။ ၃။ မရိတ်သိမ်းမီ တစ်ပတ်နှင့် ရိတ်သိမ်းပြီး (၂) ပတ်အတွင်း မြေအစိုဓာတ်ကို Field Capacity အနေအထားတွင် ထိန်းသိမ်းပေးရမည်။ ၄။ ရိတ်သိမ်းရာတွင် ရိုးပြတ်ပင်စည်ကို (၁၅) စင်တီမီတာ ချန်၍ ဖြတ်ပေးရမည်။ ရိတ်သိမ်းပြီး (၅-၇) ရက်အတွင်း စပါးလမိုင်းပင်ကို မြေပြင်အထက် (၃-၅) စင်တီမီတာ ချန်၍ ဒုတိယအကြိမ် ဖြတ်ပေးရမည်။ ၅။ ဒုတိယအကြိမ် ဖြတ်ပြီး (၃-၇) အတွင်း ပင်စည်၏ အဆစ်မှ ပင်ပွားများထွက်လာမည်။ ၎င်း ပင်ပွားများမှ အမြစ်သစ်များထွက်လာပြီး SALIBU အပင်ဖြစ်လာမည်။ ၆။ SALIBU အပင်ထွက်လာပြီး (၇-၁၀) အတွင်းမှ စ၍ ရေပါးပါးလွမ်းပေးရမည်။ SALIBU (စပါးလမိုင်း) စိုက်ပျိုးနည်းအပြည့်အစုံကိုအောက်ပါLinkတွင် ဝင်ရောက်လေ့လာနိုင်ပါတယ်။ https://greenwaymyanmar.com/posts/salibu-growing-practice

You
Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

ဆက်စပ်မေးခွန်းများ

ကျပန်နိုင်ငံက လယ်စပါးကို တစ်ခါစိုက်ရင် ၃ကြိမ်ထိရိတ်သိမ်းရတယ်ဆိုတာ သေချာကြည်လျှင်နည်းလမ်းသိတဲ့သူရှိရင် ကျေးဇူး...

ဖြေကြားချက် 3 ခု

မိုးစပါးကျ ဲတာ ၂ နှစ်ရှိပါပြီဒေသအခေါ ်သမန်းဝဲစားတယ် ပြောတယ်မျ ို းညှောင့်တေကျဲထားတဲ့လယ်ကန့်တိုင်းသေကုန်တာရေ...

ဖြေကြားချက် 2 ခု

စပါးမှာကွန်ပေါင်းကိုမြေခံထည့်တာနှင့်ပင်ပွားချိန်ကျဲပက်တာ ဘယ်ဟာကအကျိုးပိုရှိလည်းသိပါရစေ

ဖြေကြားချက် 2 ခု

စပါးမျိုးစားရေစိမ်နည်းသိချင်ပါတယ် ဘယ်လိုစိမ်ရလဲဗျာ ဆိုးကျိုးကောင်းကျိုး ဘာတွေရှိလဲဗျာ

ဖြေကြားချက် 2 ခု

ပျု ိုးခင်းမှာဆစ်ပိုးဥတွေတွေ့နေလို့ဘာဆေးပက်ရင်ကောင်းမလဲ

ဖြေကြားချက် 3 ခု

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။